ပြည်တွင်းသတင်း

ရန်ကုန် ကိုဗစ်အခြေအနေ

yangon covid situation, u hton goldsmith , myanmar

ဒီတစ်ခေါက်မှာတော့ ကမ္ဘာနဲ့တစ်ဝှမ်းမှာ လက်ရှိကြုံတွေ့ခံစားနေကြရတဲ့ ကိုရိုနာဗိုင်းရပ်စ် Covid-19 နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော်ဖြစ်တဲ့
ရန်ကုန်မြို့မှာ အခု လက်ရှိ ကြုံတွေ့ နေရတဲ့ အခြေအနေတွေကို စုစည်းပြီး အကျဉ်းချုပ် ပြောပြပေးချင်ပါတယ်နော်။

2019 ခုနှစ် နိုဝင်ဘာလတွင် တရုတ်ပြည်နယ် ဝူဟန်မြို့မှ အစပြုခဲ့တဲ့ ဗိုင်းရပ်စ်သစ်တစ်ခုဖြစ်တဲ့ Coronavirus ဟာ ယခုအခါမှတော့
ကမ္ဘာ့နိုင်ငံများအားလုံးနီးပါးကိုပြန့်ပွားခဲ့ပြီး ကမ္ဘာ့ကပ်ရောဂါတစ်ခုအနေနဲ့ဖြစ်ပွားလျှက်ရှိနေတာ အားလုံးအသိပဲဖြစ်ပါတယ်။ ၎င်း Virus ဟာ အခုချိန်ထိ ကာကွယ်ဆေးရော ကုသဆေးပါ တိကျသေချာတဲ့ဆေးမထွက်သေးတဲ့အပြင် သေဆုံးမှုနှုန်းကလည်းမရပ်တန့်သေးတဲ့အတွက် လူတွေအားလုံးဟာ
Social Distancing ဆိုတဲ့ လူတစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေထိုင်ခြင်းနည်းကိုကျင့်သုံးပြီး ကာကွယ်မှုနဲ့အတူ နေထိုင်နေရတာပဲဖြစ်ပါတယ်။ 2020 အောက်တိုဘာလ 19 ရက်နေ့အထိ ကမ္ဘာပေါ်တွင် Covid-19 ကူးစက်သူပေါင်း 40,291,029 ဦးရှိပြီဖြစ်ပြီး သေဆုံးသူပေါင်းကတော့ 1,118,450 ဦးရှိပြီဖြစ်ပါတယ်။ ပြန်လည်သက်သာလာတဲ့ လူဦးရေကတော့ 30,122,564 ဦးရှိနေပါတယ်။ ၎င်းဗိုင်းရပ်ကြောင့် ကမ္ဘာတစ်ဝှမ်းလုံးမှာ ထိခိုက်ဆုံးရှုံးမှုများစွာကို ရင်ဆိုင်ကြုံတွေ့နေကြရမှုမှာအချိန်ကာလအားဖြင့် 1 နှစ်နီးပါးကိုရောက်ရှိနေပြီပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံကိုတော့ Coronavirus ကူးစက်မှုကို မတ်လကုန်ခါနီးမှာ စတင်တွေ့ရှိခဲ့ရပေမယ့် အဲ့ဒီအချိန်တုန်းကတော့ ပြည်တွင်းကူးစက်မှုနည်းပါးပြီး
ဧပြီလမှာလည်း 1 လလုံးနီးပါး Stay Home အမိန့်ထုတ်ပြန်ခဲ့ပြီး ရောဂါကိုထိန်းချုပ်နိုင်ခဲ့ခြင်းကြောင့် ကိုဗစ်ပထမလှိုင်းကို ကောင်းစွာဖြတ်ကျော်နိုင်ခဲ့ကြပါတယ်။ ဒါကြောင့် မေလဆန်းမှာ အလုပ်အကိုင်တော်တော်များများပြန်လည် လည်ပတ်နိုင်ခဲ့ပြီး တည်ငြိမ်တဲ့အခြေအနေတစ်ခုအဖြစ် မျှော်လင့်ခဲ့ကြပါတယ်။ သို့သော်လည်း ဩဂုတ်လ 16 ရက်နေ့တွင် ရခိုင်ပြည်မှ ကူးစက်မှုများပြန်လည်တွေ့ရှိခဲ့ရပြီး ကိုဗစ် ဒုတိယလှိုင်းမှာတော့ ကူးစက်မှုတွေဟာ နေ့စဉ်တိုးလျှက်ရှိလာခဲ့ပါတယ်။
လက်ရှိချိန်မှာတော့ ရခိုင်ပြည်နယ်ကနေပြည်တွင်းကူးစက်မှုတွေကိုစတင်ခဲ့ပေမယ့် ဖြစ်ပွားမှုအများဆုံးကတော့ ရန်ကုန်မြို့မှာပဲဖြစ်ပါတယ်။ ရန်ကုန်မြို့ဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော်တစ်ခုဖြစ်တာနဲ့အညီ လူဦးရေအထူထပ်ဆုံးမြို့လည်း ဖြစ်ပါတယ်။ ကုန်စည်ကူးသန်းရောင်းဝယ်မှုနဲ့ သယ်ယူပို့ဆောင်ရေးဆိပ်ကမ်းမြို့တစ်ခုဖြစ်တာနဲ့အညီ ကူးစက်မှုများထိန်းချုပ်ရန် ခက်ခဲနေခဲ့တာပဲဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ အောက်တိုဘာလ 18 ရက်နေ့ ည 8 နာရီ အချိန်ထိ မြန်မာနိုင်ငံမှာ ကူးစက်မှုပေါင်း 36,025 ဦးရှိပြီဖြစ်ပြီး သေဆုံးသူပေါင်းမှာ 880 ဦးရှိပြီဖြစ်ပါတယ်။ ပြန်လည်သက်သာလာသူဦးရေမှာ 17,076 ဦး ဖြစ်ပါတယ်။ ရန်ကုန်မြို့မှာတော့ ကူးစက်မှုဦးရေ စုစုပေါင်းဟာ 4,734 ဦး ရှိနေတာပဲဖြစ်ပါတယ်။

လက်ရှိမှာ ကမ္ဘာပေါ်မှာရှိတဲ့ကူးစက်မှုအများဆုံးနိုင်ငံကတော့ အမေရိကန်နိုင်ငံဖြစ်ပါတယ်။ ထို့ကြောင့် ကူးစက်မှုများကိုထိန်းချုပ်ရန်အတွက် ကူးစက်မှုအများဆုံးဖြစ်ပွားလျှက်ရှိတဲ့ ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့မြို့နယ်များအားလုံးတွင် ကိုကိုးကျွန်းမြို့နယ်မှအပ ကျန်တဲ့မြို့နယ်အားလုံးကို စက်တင်ဘာလ 17 ရက်နေ့မှ အောက်တိုဘာလ 7 ရက်နေ့အထိ Stay Home အစီအစဉ်ဖြင့်နေထိုင်ရန် ညွှန်ကြားခဲ့ပြီး ကျန်းမာရေး၊ ဘဏ်၊ စားသောက်ကုန်နဲ့ အခြားလိုအပ်သည့်အလုပ်များမှာအပ အလုပ်အကိုင်အများစုကို ယာယီပိတ်ထားရန်နှင့် Work From Home အစီအစဉ်ဖြင့် အိမ်တွင်သာနေထိုင်ပြီး အလုပ်လုပ်ရန်ညွှန်ကြားခြင်းတို့ကိုပြုလုပ်ပြီးထိန်းချုပ်ခဲ့ပါတယ်။ ဆက်လက်ပြီး ထိန်းချုပ်ကန့်သတ်ခြင်းများကို စက်တင်ဘာလ 8 ရက်နေ့မှ 21 ရက်နေ့အထိတိုးမြင့်ခဲ့ပါတယ်။
သို့သော်လည်း စက်တင်ဘာ 12 ရက်နေ့ကစပြီးကျန်းမာရေးဝန်ကြီးဌာနကချမှတ်ထားသော စည်းကမ်းချက်များနှင့် ကိုက်ညီသော လုပ်ငန်းများကိုပြန်လည်ဖွင့်ခွင့်ပြုလိုက်ပြီပဲဖြစ်ပါတယ်။

ရောဂါကူးစက်မှုအခြေအနေတွေမရပ်တန့်သေးသော်လည်း မိမိကိုယ်ကိုကာကွယ်ပြီး ရောဂါနဲ့အတူယှဉ်တွဲနေထိုင်ကာ အလုပ်အကိုင်များနဲ့စီးပွားရေးလုပ်ငန်းများ ဆက်တိုက်ကျဆင်းနေမှု အလုပ်အကိုင်ရှားပါးလာမှုအခြေအနေတွေကို ထိန်းချုပ်ဖို့အတွက် ပြင်ဆင်နေကြရတာပဲဖြစ်ပါတယ်။ ဒါအပြင် ယခုအချိန်မှာ ရောဂါပိုးကို စစ်ဆေးရာတွင် အချိန်တိုအတွင်းသိစေမယ့် Test Kits လေးတွေကြောင့် မိနစ် 20 အတွင်းမှာအဖြေဖော်ပြနိုင်သောကာ ယခင်ကထက် လူဦးရေများတိုးမြှင့်စစ်ဆေးလာနိုင်ပြီပဲဖြစ်ပါတယ်။ ‌လူဦးရေတိုးမြှင့်စွာ စစ်ဆေးနိုင်ခြင်းနဲ့အတူ ပိုးတွေ့လူဦးရေအရေအတွက်မှာလည်း ပိုများလာမှုများလည်းရှိလာတာကြောင့် ကုသရေး Center များကိုလည်းတိုးချဲ့ဖွင့်လှစ်ထားခဲ့ပါတယ်။ အခုရောဂါပိုးဟာ အချိန်ကာလအားဖြင့် 11 ရက်ကြာသွားတဲ့အခါ မိမိကြောင့် သူတစ်ဖက်သားကိုမကူးစက်နိုင်တော့ဘဲ ရောဂါပျောက်ကင်းမှုအချိန်တိုလာခြင်းဟာလည်း လုပ်ငန်းများပြန်လည်ပတ်နိုင်ဖို့ အခြေအနေကောင်းတစ်ခုဖြစ်ပါတယ်။ သို့သော်လည်းလက်ရှိအချိန်မှာတော့ ရန်ကုန်တိုင်းဒေသကြီးအပါအဝင် အခြားဒေသကြီးတွေမှာ ညမထွက်ရအမိန့်ကိုတော့ ဆက်လက်ကျင့်သုံးနေဆဲဖြစ်ပါတယ်။

Covid-19 Coronavirus ကို ကာကွယ်ဖို့ဆေးနဲ့အတူ ရောဂါပျောက်ကင်းစေမယ့်ကုသဆေးကို စောင့်ကြိုရင်းနဲ့ပဲ မိမိကိုယ်ကိုကာကွယ်ရင်း လုပ်ငန်းတာဝန်များကို ဆက်လက်လုပ်ကိုင်ဖို့ ကြိုးစားကြရမှာပဲဖြစ်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်မယ်ဆိုရင်တော့ အရေးကြီးကိစ္စမရှိရင် အိမ်မှာနေပါ အပြင်မဖြစ်မနေထွက်ရမယ်ဆိုရင်လည်း Mask, Face Shield, လက်အိတ် စတာတွေကိုဝတ်ဆင်ပါ၊ လက်ကိုမကြာခဏဆေးပါ။ အစာအဟာရပြည့်ဝစွာစားပြီး၊ အိပ်ရေးဝအောင်အိပ်ပါ။
မိမိကိုယ်ကို ကာကွယ်ခြင်းအားဖြင့် ကျွန်မတို့အားလုံး Covid-19 ကို ရင်ဆိုင်ကျော်လွှားကြဖို့ ဆန္ဒပြုလိုက်ပါတယ်နော်။