အထွေထွေသိမှတ်စရာ

လက်ကောက်လက်တိုင်း ဘယ်လိုတိုင်းမလဲ?

How to measure Bangle Size BW

ပြောင်းလဲလာသော ခေတ်ရေစီးကြောင်းများအရ ယနေ့ခေတ်အခါမှာ Online Shopping တွေများလာတာကို တွေ့ရပါသည်။ ဈေးဝယ်သူတွေက တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် အပြင်ကို ထွက်စရာမလိုတော့ဘဲ ကိုယ်လိုချင်သောပစ္စည်းများကို ဖုန်းလေးတစ်ချက်နှိပ်လိုက်ရုံဖြင့် ဝယ်ယူရရှိနိုင်ပါပြီ။
Customer များအနေဖြင့် မိမိကြိုက်နှစ်သက်သည့် ဒီဇိုင်းဆန်းဆန်းလက်ကောက်လှလှလေးတွေကို Online မှတစ်ဆင့် မှာယူသည့်အခါ မိမိရဲ့လက်ကောက်ဆိုဒ်ကို သိမှရပါမည်။ ဒါကြောင့် လက်ကောက်လက်တိုင်း ဘယ်လိုတိုင်းမလဲဆိုတာ အောက်ဖော်ပြပါ လက်တိုင်းနည်းများကို အသုံးပြု၍ မှာယူနိုင်ပါပြီ။

လက်ကောက်လက်တိုင်းနည်းလေးကတော့ ပထမဦးစွာ ကိုယ်ဝတ်နေကျ လက်ကောက်လေးကို ယူပါ။ ပြီးလျှင် ပေတံတစ်ချောင်းနှင့် တိုင်းတာကြည့်လိုက်လိုက်ပါ။ ထိုပေတံနှင့် အဲ့ဒီလက်ကောက်ရဲ့အချင်းကို လက်ကောက်အလယ်တည့်တည့်မှတစ်ဆင့် cm ဖြင့်တိုင်းတာပြီး မှတ်ယူလိုက်ပါ။ သတိထားရမည့် အချက်မှာ လက်ရဲ့အပေါ်ထိပ်ပိုင်းနှင့် အောက်ပိုင်းများကို မတိုင်းတာရပါ။ လက်ရဲ့အလယ်တည့်တည့်မှသာ တိုင်းတာယူရမည်ဖြစ်ပါသည်။

 

ဖော်ပြပါနည်းအတိုင်း တိုင်းပြီးလျှင် အောက်ဖော်ပြထားသော Chart ကိုပြန်လည်ကိုးကားကြည့်ရှု၍ မိမိလက်တိုင်းနံပါတ် ဘယ်လောက်ရှိမလဲဆိုတာ သိရှိနိုင်ပါပြီ။