ဦးထုံရွှေပန်းထိမ်နှင့်ရတနာရွှေဆိုင်တွင် ရွှေချစ်သူမိဘပြည်သူများအတွက် ရွှေထည်ပစ္စည်းများကို အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်ရန် စီမံဆောင်ရွက်လျက်ရှိပြီး ကောင်းမွန်သောဝန်ဆောင်မှုများဖြင့် နွေးထွေးစွာဆောင်ရွက်ပေးလျက်ရှိပါသည်။ ဦးထုံရွှေဆိုင်တွင် ရရှိနိုင်သော အရစ်ကျစနစ်များမှာ လက်ငင်းအရစ်ကျစနစ် (HP Installment Plan) ၊ ကျန်မရွေးအရစ်ကျစနစ် (Fixed Installment Plan) နှင့် ရွှေစုအရစ်ကျစနစ် (Saving Installment Plan) ဟူ၍ ဝန်ဆောင်မှု (၃) မျိုးဖြင့် ဆောင်ရွက်ပေးလျက်ရှိပါသည်။ ယခုကဲ့သို့ အရစ်ကျစနစ် အမျိုးမျိူးရှိသောကြောင့် ရွှေချစ်သူမိဘပြည်သူများအတွက် မိမိတို့နှင့်သင့်လျော်သော အရစ်ကျစနစ်အမျိုးအစားကို ရွေးချယ်မှုများပြုလုပ်နိုင်ပြီး ရွှေငွေရတနာများ ဆထက်ထမ်းပိုး တိုးပွားကြပါစေကြောင်း ဦးထုံရွှေပန်းထိမ်နှင့်ရတနာရွှေဆိုင်မိသားစုများမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

HP Installment Plan

လက်ငင်းအရစ်ကျစနစ်

ဦးထုံရတနာရွှေဆိုင်မိသားစုများနှင့် Partner Company များပူးပေါင်းကာ ရွှေထည်ပစ္စည်းများကို လက်ငင်းအရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်ရန် ဝန်ဆောင်မှုများ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိပါသည်။ လက်ငင်းအရစ်ကျစနစ် (HP Installment Plan) ဖြင့်ဝယ်ယူရာတွင် ရွှေထည်ပစ္စည်းကို လက်ဝယ်ပိုင်ဆိုင်နိုင်ပြီး အတိုးနှုန်းသက်သာစွာဖြင့် ဝယ်ယူရရှိနိုင်ပါသည်။

Fixed Installment Plan

ကျန်မရွေးအရစ်ကျစနစ်

ဦးထုံရွှေပန်းထိမ်နှင့်ရတနာရွှေဆိုင်တွင် ရွှေချစ်သူမိဘပြည်သူများအား အတိုးမဲ့စနစ်ဖြင့် အရစ်ကျဝယ်ယူနိုင်ရန်အတွက် ကျန်မရွေးအရစ်ကျစနစ် (Fixed Installment Plan) ကို ရောင်းချပေးနေပါသည်။ ကျန်မရွေးအရစ်ကျစနစ်ဖြင့် ဝယ်ယူရာတွင် အတိုးနှုန်းပေးဆောင်ရန် မလိုအပ်ခြင်း၊ စာရွက်စာတမ်းများလည်းပေးဆောင်ရန် မလိုအပ်သည့်အပြင် မည်သူမဆိုလျှောက်ထားနိုင်သည့် အစီအစဉ်ဖြစ်သာကြောင့် Customer များအထူးကြိုက်နှစ်သက်ကြလိမ့်ဟု ယုံကြည်မိပါသည်။

Saving Installment Plan

ရွှေစုအရစ်ကျစနစ်

ဦးထုံရွှေပန်းထိမ်နှင့်ရတနာရွှေဆိုင်တွင် ရွှေချစ်သူမိဘပြည်သူများကို ရွှေစုအရစ်ကျစနစ်ဖြင့် ရောင်းချပေး၍ ဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိပါသည်။ ရွှေစုအရစ်ကျစနစ် (Saving Installment Plan) တွင် ရွှေချစ်သူများအနေဖြင့် မိမိတို့တက်နိုင်သည့် ငွေပမာဏအားစုဆောင်းကာ ရွှေထည်ပစ္စည်းများကို ဝယ်ယူနိုင်ပါသည်။ ရွှေထည်ပစ္စည်းများအား ကန့်သတ်ထားခြင်းမရှိသောကြောင့် မိမိတို့ကြိုက်နှစ်သက်ရာရွှေထည်အမျိုးအစားအား စုဆောင်းဝယ်ယူနိုင်ပါသည်။