ဦးထုံရွှေပန်းထိမ်နှင့်ရတနာရွှေဆိုင်၏ အောင်မြင်မှု၏နောက်ကွက်တွင် ဝန်ထမ်းများ၏ စေတနာနှင့်ကြိုးစားအားထုတ်မှုများကြောင့်သာဖြစ်သည်။ ၀န်ထမ်းများ၏ကြိုးစားအားထုတ်မှုများသည် ဦးထုံရွှေပန်းထိမ်အတွက် တန်ဖိုးမဖြတ်နိုင်သောအရာ တစ်ခုဖြစ်သည်။  ဦးထုံရွှေဆိုင်တိုးတက်အောင်မြင်လာသည်နှင့်အမျှ ရိုးသားပြီးတက်ကြွ ကြိုးစားလိုသော စိတ်ဓာတ်များနှင့် ဖျက်လတ် သွက်လက်သော ဝန်ထမ်းများကို အစဉ်အမြဲလက်တွဲရန်အလိုရှိသည်။

ဦးထုံရွှေပန်းထိမ်နှင့်ရတနာရွှေဆိုင်မှ မိမိတို့၏အသက်မွေးဝမ်းကျောင်း  ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဓိကကျသောအစိတ်အပိုင်းတစ်ခုဖြစ်သည့် နည်းလမ်းပြပေးခြင်း၊ လမ်းညွှန်ပေးခြင်း၊ လုပ်ငန်းအတွင်းနှင့်ပြင်ပ သင်ယူမှုအခွင့်အလမ်းများပေးခြင်း တို့ပြုလုပ်ပေးပါသည်။ အစဉ်အမြဲ ၀န်ထမ်းများကို နည်းပညာနှင့်ကျွမ်းကျင်မှုဆိုင်ရာ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများ ကို အားဖြည့်ပေးသည့်အမျိုးမျိုးသော သင် ယူမှုအခွင့်အလမ်းများကို ပေးနေပါသည်။

လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အနာဂတ်တွင် ဝန်ထမ်းကောင်းများစွာ အမြဲစောင့်မျှော်နေပါသည်။ သင်တို့အနေဖြင့်စိတ်ဝင်စားပြီး အလုပ်လျှောက်ထားလိုပါက အောက်ဖော်ပြပါ
Email: [email protected] သို့ ဓာတ်ပုံပါ CV Form နှင့်လျှောက်ထားချင်လိုသော Position များကို ပေးပို့လျှောက်ထားနိုင်ပါသည်။

0/5 (0 Reviews)