ရွှေအကြောင်းသိကောင်းစရာ

ရွှေ၏အသုံးဝင်ပုံများ

ရွှေ၏အသုံးဝင်ပုံများ

လူတန်းစားမရွေး၊ လူမျိုးဘာသာမရွေး အနှစ်သက်ဆုံး သတ္တုတွင်းထွက်တစ်မျိုးကို ပြပါဆိုလျှင် ရွှေ (Gold) ဟု ညွှန်းဆိုရပေမည်။ ငွေကြေးဖောင်းပွမှု မဖြစ်စေရန်အတွက် ငွေစုသည့်အခါတွင် ရွှေဖြင့် စုလေ့ရှိကြသည်။ သုံးစွဲရန် ငွေလိုသောအခါတွင်လည်း အချိန်မရွေးနီးပါး လဲလှယ်၍ရသော သတ္တုတစ်မျိုးလည်း ဖြစ်ပါတယ်။ ငွေစုသည့်အခါတွင် အဆင်ပြေရုံသာမက အခြားသောနေရာများတွင်လည်း အင်မတန်မှ အသုံးဝင်သော သတ္တုတစ်မျိုးလည်းဖြစ်ပါသည်။ ရွှေစုရင်းနဲ့လည်း ခန္ဓာကိုယ်ပေါ်တွင် အလှဆင်လို့ရနိုင်ပါသေးတယ်။

ရွှေကို တစ်မီတာရဲ့ အပုံတစ်သန်း၏ တစ်ပုံထက်ပင် ပါးလွှာအောင် ပြုလုပ်နိုင်တဲ့အတွက် လှပသော ဒီဇိုင်းပုံဆန်းများ ဖန်တီး၍ ဝတ်ဆင်နေကြပါသည်။ လက်ဝတ်ရတနာပြုလုပ်၍ ဝတ်ဆင်သည့်အခါ လူအများကြားတွင် အမြင်တင့်တယ်စေရုံမျှမက ကျန်းမာရေးနှင့် ပတ်သက်၍လည်း အများကြီး အထောက်အကူပြုပါသေးတယ်။

ကျန်းမာရေး ဆိုင်ရာ ဆေးလောကမှာလည်း ရွှေကို အသုံးပြုလျက် ရှိပြီး ထိုးဆေး ဖော်စပ်ကာ လူတို့ရဲ့ ခြေဆစ်၊ လက်ဆစ်ရောင် ရောဂါတွေကို ပျောက်ကင်းအောင် ကုသပေးလေ့ရှိပါတယ်။ မြန်မာတို့ကတော့ ရွှေဟာ အဆိပ်အတောက် ကင်းစေတယ်၊ ဆေးဖက်ဝင် ပစ္စည်းလည်း ဖြစ်တယ်လို့ မှတ်ယူထားကြပါတယ်။

ရွှေကို ဝတ်ဆင်ခြင်းအားဖြင့် ကျန်းမာရေးနှင့် ပတ်သက်ပြီး ကာကွယ်ပေးနိုင်ပုံများမှာ အဆစ်အမြစ်ရောင်ရမ်းခြင်း၊ ခန္ဓာကိုယ်အပူချိန်ကိုထိန်းညှိပေးခြင်း၊ ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုခု နာကျင်ခြင်းတို့အား ကာကွယ်ပေးနိုင်ခြင်းတို့ပဲ ဖြစ်ပါတယ်။ မိမိကိုယ်ကိုလည်း ပိုပြီးတန်ဖိုးရှိလာသလို ခံစားရစေပါသေးတယ်။ ဒါတင်မကသေးပဲ အရေပြားကျန်းမာရေးထိန်းသိမ်းဖို့လည်း အသုံးဝင်ပါတယ်နော်။ ဒီနေ့ခေတ် မှာဆိုရင်လည်း တစ်ချို့သော ကျန်းမာရေးနဲ့ အလှအပဆိုင်ရာ ထုတ်ကုန်အချို့မှာ သန့်စင်တဲ့ရွှေကို ထည့်သွင်းအသုံးပြုလာကြပါတယ်။ အရေပြားတောက်ပမှုနဲ့ လှပမှုအတွက် ရွှေကို အသုံးပြု လာကြပါတယ်။ ကြေးနီဓာတ်ပြားချက်များ မပျက်မစီးဘဲ ဆယ်စုနှစ်ပေါင်းများစွာ ကြာရှည်ခံနိုင်စေရန်အတွက် ရွှေရည်များကို သုတ်လိမ်းနိုင်ပါသည်။ ထိုအချက်ကိုကြည့်ခြင်းအားဖြင့် ရွှေရည်ကို ပစ္စည်းများ ကြာရှည်ခံနိုင်ရန်အတွက် အထောက်အကူပြုနိုင်ကြောင်း သိရှိနိုင်ပါသည်။

ဓာတု‌ဗေဒဆိုင်ရာဓာတ်ပြုမှုများတွင် ရွှေကို အကောင်းဆုံးကြားခံနယ်အဖြစ် အသုံးပြုကြပါသည်။ ဖန်ထည်နှင့် ကြွေထည်ပစ္စည်းများ ပြုလုပ်ရာတွင် ရွှေကိုထည့်သွင်းတွဲစပ်၍ အလှဆင်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ လက်ပတ်နာရီ၊ ကလစ်၊ ရင်ထိုး၊ ဖောင်တိန်၊ မျက်မှန်၊ ကြယ်သီး၊ လက်ကိုင်အိတ် စသဖြင့် ရွှေကို နေရာအမျိုးမျိုးတွင် ထည့်သွင်းပြုလုပ်လာကြပါသည်။
ဒါ့အပြင် စီးပွားရေး စျေးကွက်မှာလည်း ရွှေနဲ့တွက်ချက် တန်ဖိုး သတ်မှတ်တာကို တစ်ကမ္ဘာလုံးက လက်ခံကြပါတယ်။ ဒါကြောင့် ယခုအခါ ရွှေအကြောင်းတတ်ကျွမ်းသော လူတော်တော်များများတို့သည် အသုံးဝင်လှတဲ့ရွှေကို နောင်ရေးအတွက် စုဆောင်းလာကြပါတယ်။ မိတ်ဆွေများအားလုံးလည်း ရွှေတွေအများကြီးစုဆောင်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။