ကျောက်မျက်အကြောင်းသိကောင်းစရာ, ပညာရေး, မွေးနေ့ကျောက်

March (မတ်လ) ဖွားမွေးနေ့ရှင်တို့အတွက် Aquamarine (မြပြာ)

Aquamarine The March Birthstone

ဒီတစ်ခေါက်မှာတော့ မတ်လ မွေးနေ့ရှင်လေးတွေအတွက် သူတို့ရဲ့ Lucky Birthstone လေးဖြစ်တဲ့ Aquamarine မြပြာကျောက်လေးအကြောင်း ပြောပြပေးချင်ပါတယ်နော်။ Aquamarine ကျောက်လေးရဲ့အရောင်က မြပြာ လို့တင်စားခေါ်ဝေါ်ထားသလိုပဲ သူရဲ့အရောင်ကတော့ ပင်လယ်ရေရဲ့အရောင် တစ်နည်းအားဖြင့် စိမ်းပြာရောင် အရောင်အသွေးရှိပါတယ်။ ကျောက်ရဲ့ရှင်းလင်းသန့်ရှင်းမှုနဲ့ အရောင်အနုအရင့်ပေါ်မှုတည်ပြီး တန်ဖိုးကွာခြားလှပါတယ်။ အစိမ်းရောင်ကျောက်အမျိုးအစားတစ်ခုဖြစ်တဲ့ Beryl ကျောက်ရဲ့ မိသားစုဝင်ကျောက်အမျိုးအစား ဖြစ်ပါတယ်။

Aquamarine သည် အကြမ်းအားဖြင့် ၇.၅ – ၈.၀ ရှိပြီး Mohs Hardness Scale တွင် တည်ရှိသည်။ Aquamarine ဆိုတဲ့ စကားမှာ ပင်လယ်ရေလို့အဓိပ္ပါယ်ရတဲ့ လက်တင်ဘာသာစကား Aquamarinus (Water of the Sea) မှဆင်းသက်လာပါတယ်။ ရေရဲ့သန့်စင်ကြည်လင်မှုနှင့် စိတ်အပန်းပြေစေမှုတို့ကို ကိုယ်စားပြုပြီး Aquamarine ဟာ သန့်ရှင်းစင်ကြယ်မှု၊ အမှန်တရား၊ ယုံကြည်မှု နှင့် လွတ်မြောက်မှုတို့ကို လှုံဆော်ပေးနိုင်တဲ့ စွမ်းအင်ရှိတယ်လို့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာထဲက ယုံကြည်လက်ခံလာခဲ့ကြပါတယ်။ ရှေးဟောင်းဒဏ္ဍာရီအဆိုရ Aquamarineကျောက်ရဲ့  ပုံသဏ္ဍာန်ဟာ မိန်းမတစ်ပိုင်းငါးတစ်ပိုင်းပုံရှိတယ်လို့ ဆိုကြပါတယ်။

Aquamarine ကျောက်ဟာ မတ်လမွေးနေ့ရှင်တို့အတွက် ချမ်းသာကြွယ်ဝမှု၊ ငယ်ရွယ်နုပျိုမှုနှင့် ကျန်းမာခြင်း တို့အတွက် Lucky Birthstone တစ်ခုဖြစ်ရုံတင်မကဘဲ ပင်လယ်ရေကြောင်းဆိုင်ရာ အလုပ်အကိုင်လုပ်ဆောင်ကြ သူများအတွက် ရေကြောင်းအန္တရာယ် အကာအကွယ်တစ်ခုအဖြစ်လည်း ထင်ရှားပါတယ်။ ၎င်းကို ဆောင်ထားခြင်းအားဖြင့် မိမိသာမက မိမိအနီးအနားတွင်ရှိသော သူများကိုပါ အကာအကွယ်ပေးနိုင်တယ်လို့ ယခုချိန်ထိ ယုံကြည် လက်ခံကြပါတယ်။ ဒါ့အပြင် စကားပြောနေစဉ် ဖြစ်တတ်သော ကြောက်ရွံ့ မှုဖြစ်ပေါ် ခြင်းကို ကာကွယ်ပေးသည့်အတွက်   အစီအစဉ်တင်ဆက်သူများ၊ ဟောပြောသူများနှင့် ဆရာများအတွက် ဆင်ယင်ဆောင်ထားသင့်သည့် ကျောက်အမျိုးအစားတစ်မျိုး ဖြစ်ပါသည်။ ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုသည့် သဘာဝအပြာနုရောင်ဖြစ်တဲ့ Aquamarineသည် မတူကွဲပြားသောလူနေမှုပုံစံနဲ့ နေထိုင်သူနှစ်ဦးကို အတူတကွနေထိုင်ရန် ကူညီပေးတဲ့ ချစ်ခြင်း သင်္ကေတပြရုပ် ကျောက်မျက်ရတနာတစ်မျိုးလည်း ဖြစ်ပါတယ်။ လက်ထပ်ထိမ်းမြားခြင်းအတွက် ကတိသစ္စာနှင့် သစ္စာရှိမှုတို့ရဲ့ ပျော်ရွှင်မှုကို ကိုယ်စားပြုကျောက်မျက်ရတနာ ဖြစ်သည့်အတွက် လက်ထပ်လက်စွပ်အဖြစ် ဆင်ယင်လေ့ရှိကြပါတယ်။

ကျောက်မြတ်ရတနာအားလုံးမှာ မိမိတို့ကိုယ်ပိုင်စွမ်းအင်သတ္တိအမျိုးမျိုးရှိကြသလို Aquamarine ကျောက်သည်လည်း မိမိတို့ကို အလှဆင်ပေးတဲ့ ကျောက်မျက်ရတနာတစ်ခုအနေနဲ့သာမကဘဲ နှစ်‌ပေါင်းများစွာတည်းက ယုံကြည်မှုဆိုင်ရာ အထောက်အထားများစွာရှိတဲ့ ကောင်းကျိုးအဖြာဖြာနဲ့ ပြည့်စုံတဲ့ကျောက်လေးဖြစ်ကြောင်း သိသမျှ မျှဝေပေးလိုက်ပါတယ်နော်။ ကိုယ်ချစ်ရတဲ့ သူတွေအတွက် အကောင်းဆုံးဖြစ်မည့် လက်ဆောင်ကောင်း တစ်ခုအဖြစ် ကိုယ့်ရဲ့ချစ်ခြင်းမေတ္တာကိုပြသလိုက်ကြရအောင်နော်။