ဦးထုံရွှေပန်းထိမ်နှင့် ရတနာရွှေဆိုင်ကနေ ရွှေချစ်သူတို့အတွက် သတင်းထူးကြီးလာပြီနော်။ ရွှေချစ်သူမိဘပြည်သူများ အဆင်ပြေလွယ်ကူစွာ ဝယ်ယူနိုင်ရန်အတွက် ဦးထုံရွှေဆိုင်မှ Pristine Global Finance Co.,Ltd နှင့်ပူးပေါင်းကာ လက်ငင်းအရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်ရန် ဆောင်ရွက်ပေးနေပါပြီ။ မိမိတို့၏လစဉ်ဝင်ငွေနှင့် ကိုက်ညီသော ချေးငွေရယူကာ လက်ဝတ်ရတနာများအား အတိုးနှုန်းသက်သာစွာဖြင့် ဝယ်ယူရရှိနိုင်ပါပြီလို့ သတင်းကောင်းပါးလိုက်ပါတယ်နော်။

အရစ်ကျစနစ်ဖြင့် ဝယ်ယူရာတွင် လျှောက်ထားသူအား အာမခံပေးမည့်သူ (၁) ဦးလိုအပ်ပါတယ်။
အရစ်ကျစနစ်ဖြင့် လျှောက်ထားရန် အောက်ဖော်ပြပါအချက်အလက်များနှင့် ကိုက်ညီရန်လိုအပ်ပါသည်။

အရစ်ကျစနစ်ဖြင့် ဝယ်ယူရာတွင် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများ

၁။ လျှောက်ထားသူသည် အသက် (၁၈) နှစ် နှင့်အထက်ရှိသူဖြစ်ရမည်။
၂။ သက်ဆိုင်ရာ ကုမ္ပဏီတွင် လစာဝင်ငွေရှိသော အမြဲတမ်းဝန်ထမ်းဖြစ်ရမည်။
၃။ အရစ်ကျစနစ်ဖြင့် ဝယ်ယူရာတွင် ကုမ္ပဏီတူ အာမခံသူ (၁) ဦး လိုအပ်ပါသည်။
၄။ အာမခံပေးသူမှာ မိမိနှင့် ရာထူးတူ (သို့) ရာထူးကြီးသူ အထက်လူကြီးဖြစ်ရပါမည်။
၅။ အာမခံပေးသူမှာ ကုမ္ပဏီမတူပါက လစာပိုများသူ ဖြစ်ရပါမည်။
၆။ ရုံးဝန်ထမ်းများသာမဟုတ်ပဲ ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူများလည်း လျှောက်ထားနိုင်ပါသည်။ အသေးစိတ်အချက်အလက်ကို Pristine Global Finance Company သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။
၇။ ရွှေဝယ်ယူရာတွင် Pristine Global Finance Co.,Ltd နှင့် ဦးထုံရွှေဆိုင်တို့မှ နှစ်ဦးသဘောတူချက်ရရှိထားသော ရွှေအမျိုးအစားကိုသာ ရွေးချယ်ဝယ်ယူခွင့်ရှိသည်

အထက်ဖော်ပြပါ အချက်အလက်များဖြင့် ကိုက်ညီပါက အောက်ဖော်ပြပါ စာရွက်စာတမ်းအချက်အလက်များအား ဦးထုံရွှေပန်းထိမ်နှင့်ရတနာရွှေဆိုင်သို့သော်လည်းကောင်း Pristine Global Finance Co.,Ltd  သို့သော်လည်းကောင်း ပေးပို့လျှောက်ထားနိုင်ပါသည်။ (လိပ်စာများအား အောက်ဆုံးတွင်ဖော်ပြထားပါသည်။)

လျှောက်ထားရာတွင် လိုအပ်သော စာရွက်စာတမ်းများ

လျှောက်ထားသူ
၁။ မှတ်ပုံတင်
၂။ သန်းခေါင်စာရင်း
၃။ ရပ်ကွက်ထောက်ခံစာ မူရင်း (၁ လအတွင်းပြုလုပ်ထားသော)
၄။ ဝန်ထမ်းဖြစ်ကြောင်း ထောက်ခံစာ မူရင်း (လစာ၊ ရာထူး၊ အလုပ်စတင်ဝင်ရောက်သည့်နေ့)
[ ဝန်ထမ်းဖြစ်ကြောင်း‌ထောက်ခံစာတွင် ကုမ္ပဏီ Letter Head ၊ အဝိုင်းစည်းနှင့်တကွ ဝန်ထမ်းရေးရာဌာနမှ HR ၏ အမည်၊ လက်မှတ်နှင့် စည်းတံဆိပ်တုံး ပါဝင်ရမည် ]
၅။ လစာဝင်‌ငွေရရှိသောပြေစာ (Pay slip) (သို့) ဘဏ်စာရင်းရှင်းတမ်း အနီးစပ်ဆုံး (၃) လစာ
၆။ အခွန်ထမ်းဆောင်ရသော ဝန်ထမ်းဖြစ်ပါက အခွန်ပြေစာ အနီးစပ်ဆုံး (၃) လစာ

အာမခံသူ
၁။ မှတ်ပုံတင်
၂။ သန်းခေါင်စာရင်း
၃။ ရပ်ကွက်ထောက်ခံစာ မူရင်း (၁ လအတွင်းပြုလုပ်ထားသော)
၄။ ဝန်ထမ်းဖြစ်ကြောင်း ထောက်ခံစာ မူရင်း (လစာ၊ ရာထူး၊ အလုပ်စတင်ဝင်ရောက်သည့်နေ့)

Pristine Global Finance Co.,Ltd မှ အချက်အလက်များအား စီစစ်ပြီး ရရှိနိုင်မည့်ချေးငွေပမာဏအားဖော်ပြထားသည့် Approval Letter အားထုတ်ပေးပါမည်။ အရစ်ကျစနစ်ဖြင့်ဝယ်ယူရာတွင် အနည်းဆုံး 30% Down Payment အား ဦးထုံရွှေဆိုင်သို့ပေးသွင်းပြီး ကျန် ပေးချေရမည့်ငွေအား  Pristine Global Finance Co.,Ltd ထံမှ ချေးယူကာ အရစ်ကျပေးဆပ်ရမည်ဖြစ်ပါသည်။ ထို့ကြောင့် ချေးယူမည့်ပမာဏသည် ရရှိနိုင်မည့်ချေးငွေပမာဏထက်များနေပါက အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်မည်မဟုတ်ပါ။ သို့သော် လိုအပ်နေသောပမာဏကို Down Payment အနေဖြင့် ပေးချေပြီး ချေးယူနိုင်ပါသည်။

အရစ်ကျစနစ်ဖြင့်ဝယ်ယူရာတွင် Pristine Global Finance Co.,Ltd မှ သတ်မှတ်ထားသော ဝန်ဆောင်ခနှုန်းထားများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

၁။ Down Payment = ၃၀ % (အနည်းဆုံးစရံငွေ)
၂။ အတိုးနှုန်း = 2% (Per Month)
၃။ သက်တမ်းကာလ = ၃ လ၊ ၆ လ၊ ၉ လ
၄။ Service Charges = 1% (ချေးငွေအပေါ်တွင် တွက်ချက်ပါသည်)
၅။ စာရွက်စာတမ်းနှင့် တံဆိပ်ခေါင်းကြေး = ၅၀၀၀ ကျပ်

Approval Letter အား ဦးထုံရွှေပန်းထိမ်ဆိုင်သို့ ယူဆောင်လာရပါမည်။ ပြီးနောက် Down Payment ပေးဆောင်ပြီးနောက် Approval Letter အား စစ်ဆေးပြီး မှန်ကန်ပါက အထည်ပစ္စည်းထုတ်ယူနိုင်ပါပြီ။ အရစ်ကျချေးငွေအား Pristine Global Finance Company သို့ လစဉ် သတ်မှတ်အတိုးနှုန်းအတိုင်း ပေးဆောင်သွားရမည်ဖြစ်ပါသည်။

အရစ်ကျချေးငွေနှင့် ပတ်သက်၍မေးမြန်းလိုပါက

ဦးထုံရွှေပန်းထိမ်၏ Facebook Messenger (သို့) Pristine Global Finance ၏ facebook messenger သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ဦးထုံရွှေပန်းထိမ်နှင့်ရတနာရွှေဆိုင်

ဆိုင်အမှတ် (၁)
အမှတ် 528 (မြေညီထပ်)၊ မဟာဗန္ဓုလလမ်း၊ ၂၇ လမ်းနှင့် ၂၈ လမ်းကြား၊
ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့။
01-377680, 09-790609655
Viber Number: +959 977883599
တနင်္လာနေ့တိုင်းဆိုင်နားသည်။
ဆိုင်ဖွင့်ချိန် မနက် ၁၀ နာရီ မှ ညနေ ၄ နာရီ အထိဖွင့်လှစ်ပါသည်။

ဆိုင်အမှတ် (၂)
အခန်း (B) 01-05 (မြေညီထပ်)၊ လမ်းမတော်ပလာဇာ (သံဈေးအနီး)၊ လမ်းမတော်လမ်း၊ လသာမြို့နယ်၊ ရန်ကုန်မြို့။
01-701390, 09-790609656
Viber Number: +959 965152335
တနင်္ဂနွေနေ့တိုင်းဆိုင်နားသည်။
ဆိုင်ဖွင့်ချိန် မနက် ၁၀ နာရီ မှ ညနေ ၄ နာရီ အထိဖွင့်လှစ်ပါသည်။

* ပြင်ပအခြေအနေအခက်အခဲများကြောင့် ဖုန်းနံပါတ်နှင့် ဆိုင်ဖွင့်ချိန်များ အပြောင်းအလဲရှိနိုင်ပါသည် *

Pristine Global Finance Co.,Ltd

အမှတ် (၅၁)၊ အခန်း (၁၀၈)၊ တာဝါ (ဘီ)၊ ရွှေဟင်္သာကွန်ဒို၊ မြေညီထပ်၊ ပြည်လမ်း၊ ၆မိုင်ခွဲ၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
01-9669556, 01-9669589, 09-400553378, 09-400553379