ကျောက်မျက်အကြောင်းသိကောင်းစရာ

မဟူရာကျောက်အကြောင်း

ဘီစီ ၃ ရာစုနှင့် ၄ ရာစုမှစ၍ ‌ဂရိဒေသတွင် စတင်တွေ့ရှိခဲ့သည့် Theophrastus ဟုခေါ်ဆိုသည့် Agate Stone (မဟူရာကျောက်) လေးအကြောင်း ဗဟုသုတတစ်ရပ်အနေဖြင့် တင်ပြပေးလိုက်ပါသည်။ ရှေးခေတ်အခါက Agate stone များကို ရုပ်ထုများ ထုလုပ်ရာတွင် တွင်းထုခြင်း အနုပညာတစ်ရပ်အနေဖြင့် လက်ရာမြောက်သော ရှေးဟောင်းအမွေအနှစ်များအဖြစ်တွေ့ရှိရပြီး ယခုအခါတွင် နိုင်ငံ၏ သမိုင်းဝင်သုတေသနပြုရာတွင် အသုံးဝင်သောအရာတစ်ခုအဖြစ် လေ့လာမှုများ လုပ်ဆောင်နေကြဆဲ ဖြစ်ပါသည်။

Agate stone များသည် သတ္တုတစ်မျိုးအပေါ် အခြေခံ၍ ပေါ်ပေါက်လာသည့် ကျောက်တစ်မျိုးဖြစ်သည့်အလျှောက် ၎င်း၏ စတင်တည်ရှိချိန်ကို ခန့်မှန်းရာတွင် အခက်အခဲများစွာရှိပြီး အများအားဖြင့် မီးတောင်ကျောက်လွှာများအတွင်းရှိ အကွက်များတွင် အတွေ့များသည်။ ဒါ့အပြင် ထုံးကျောက်နှင့် အနည်ကျကျောက်များတွင်လည်း တွေ့ရှိရလေ့ရှိပါသည်။ Agate stone များသည် အရောင်အသွေးစုံလင်စွာ ဖြစ်ပေါ်တတ်ပြီး အထူးသဖြင့် စိမ်းပြာရောင်၊ အနီရောင်၊ အမည်းရောင်၊ အဝါရောင်နှင့် မီးခိုးရောင် စသော အရောင်ရင့်များကို အခြေခံပြီး အုပ်မှိုင်းသော အရောင်ရှိသည်။ ဘီစီ ၄၀၀ မှစတင်ပြီး Agate stone များကို ဂရိလူမျိုးများမှ ရုပ်ထု ထုလုပ်ရာတွင်သာမကဘဲ ပုတီးစေ့များအနေဖြင့် စတင်ဖန်တီးလာပြီး နောက်ပိုင်းတွင် လက်ဝတ်ရတနာများထဲတွင် ထည့်သွင်းအသုံးပြုသော ကျောက်တစ်ခုအနေဖြင့် ခေတ်စားလာခြင်း ဖြစ်သည်။ ဒါ့အပြင် လက်ဝတ်ရတနာဒီဇိုင်းများအတွက်သာမက Agate stone သည် မာကျောသောစွမ်းရည်သတ္တိရှိတာကြောင့် နှောင်းပိုင်းကာလများတွင် ဓာတုအခန်းသုံး အသုံးအဆောင်များဖြစ်သည့် ချိန်ခွင်လျှာများနှင့် ဓာတုပစ္စည်းများ အမှုန့်ဖြစ်ရန် ပြုလုပ်ရာတွင်လည်း Agate stone များကို အသုံးပြုမှုများ ရှိလာခဲ့သည်။

သတိပြုရန် တစ်ချက်မှာ Agate stone များတွင် ပါဝင်သော Silicosis များကြောင့် တီဗီနှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါ‌များကို ဖြစ်ပွားနိုင်ချေရှိနိုင်သည်ဟု အချို့ ယူဆကြသဖြင့် Agate ကျောက် တူးဖော်သည့် လူများအနေဖြင့် သတိထားရမည့်အရာတစ်ခုလည်း ဖြစ်ပါသည်။

Agate stone များတွင် အပြုသဘောဆောင်သည့်စွမ်းအင်များရှိပြီး စိတ်နှင့် ကိုယ်ကို ဟန်ချက်ညီစေရန် ထိန်းညှိပေးနိုင်သည့် စွမ်းအင်ရှိသည့် ကျောက်တစ်မျိုးဖြစ်သည်ဟု ရှေးခေတ်သုတေသနပညာရှင်များက ဆိုကြသည်။ စိတ်ပိုင်းဆိုင်ရာကို မြှင့်တင်ပေးနိုင်ပြီး အာရုံစူးစိုက်မှုကို ပိုမိုကောင်းမွန်စေနိုင်သည်ဟု ဆိုကြသည်။ ဒါ့အပြင် ဒေါသကြီးခြင်းနဲ့ စိုးရိမ်ပူပန်မှုများကို လျော့ချစေနိုင်သည့် စွမ်းအင်တစ်မျိုးလည်းရှိတာကြောင့် Agate stone များသည် စိတ်ကိုအေးချမ်းစေနိုင်သည်ဟု ယုံကြည်ကြသည်။ အထူးသဖြင့် စိတ်အေးချမ်းခြင်းကြောင့် ညဘက်အိပ်ပျော်ဖို့ ခက်ခဲသူများအနေနဲ့ ဆောင်ထားသင့်တဲ့ အဆောင်ကျောက်တစ်ခုလည်းဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာအရလည်း Agate stone များသည် အမြင်အာရုံ၊ အစာခြေစနစ်နဲ့ သားအိမ်၏လုပ်ဆောင်ချက်များကို ကောင်းမွန်စေပြီး သွေးကြောများကို အားကောင်းစေပြီး အရေပြားရောဂါများကို သက်သာစေနိုင်သည်ဟု ဆိုကြသည်။

အခု မျှဝေပေးခဲ့တဲ့အကြောင်းအရာလေးကတော့ မဟူရာကျောက်ချစ်သူများအတွက် သာမက တွင်းထွက်ကျောက်များနှင့်ပတ်သက်ပြီးလေ့လာနေသူတွေအတွက်လည်း အကျိုးရှိစေရန် မဟူရာကျောက်အကြောင်းကို တင်ပြပေးလိုက်ပါသည်။