ကျောက်မျက်အကြောင်းသိကောင်းစရာ, ရာသီဖွားအဆောင်ကျောက်

ရာသီဖွားများနှင့် အဆောင်ကျောက်များ

zodiac gemstone, u hton goldsmith , myanmar

ကိုယ်မွေးတဲ့ ရာသီခွင်အလိုက် သင့်တော်တဲ့ အဆောင်ကျောက်လေးတွေရှိတယ်ဆိုတာ သင်သိရဲ့လား။

တကယ်တော့ ကျောက်မျက်ရတနာလေးတွေဆိုတာဟာ အလှဆင်ရုံသက်သက်တစ်ခုထက်ပိုတဲ့ အဓိပ္ပါယ်တွေအများကြီးရှိပါတယ်။ သဘာဝအလျှောက် ကမ္ဘာမြေကြီးရဲ့ လက်ဆောင်မွန်လို့ တင်စားကြတဲ့ အဖိုးတန်ကျောက်လေးတွေဟာ ကျန်းမာပြီး အနာရောဂါတွေမှကာကွယ်နိုင်ဖို့ ကုသနိုင်စွမ်းနဲ့ ချမ်းသာကြွယ်ဝဖို့ဆိုတဲ့ အဆောင်လေးတွေအနေနဲ့လည်း လူတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာထဲက ယုံကြည်လက်ခံလာခဲ့ကြတာပါ။ ဒါကြောင့် ဒီတစ်ပတ်မှာ အားလုံးကိုမျှဝေပေးချင်တဲ့အကြောင်းအရာလေးကတော့ ကိုယ့်ရဲ့ မွေးဖွားတဲ့ ရာသီခွင်အလိုက် ဘယ်လိုမျိုးကျောက်မျက်ရတနာလေးတွေကို ဝတ်ဆင်သင့်လဲဆိုတာပေါ်မူတည်ပြီး “ရာသီဖွားများနှင့် အဆောင်ကျောက်များ” ဆိုတဲ့အကြောင်းအရာလေးကိုပြောပြပေးချင်ပါတယ်။ ရာသီခွင်အလိုက် ဘယ်လိုကျောက်လေးတွေဟာ ကိုယ့်အတွက် ဝတ်ဆင်သင့်လဲဆိုတာကိုသိရှိပြီး ကိုယ့်အတွက်သာမက ကိုယ့်ရဲ့ ချစ်ခင်တန်ဖိုးထားရတဲ့သူတွေအတွက်လည်း အဖိုးတန်လက်ဆောင်မွန်အဖြစ် ရွေးချယ်ပေးလို့ရတာမို့ အကျိုးရှိစေမယ့် အကြောင်းအရာလေးလည်းဖြစ်ပါတယ်။

ကျောက်မျက်ရတနာလေးတွေမှာ မူလအားဖြင့် အခြေခံ ဂုဏ်သတ္တိအနေနဲ့ (၄) ရပ်ရှိပါတယ်။ အဲ့ဒါလေးတွေကတော့ Beauty (လှပခြင်း)၊ Durability (ခိုင်ခံ့ခြင်း)၊ Rarity (ရှားပါးခြင်း) နဲ့ Natural (သဘာဝဖြစ်ခြင်း)ဆိုတဲ့ ဂုဏ်သတ္တိ (၄) ရပ်တို့ရှိပြီးသားဖြစ်တာကြောင့် လူတွေဟာ ကျောက်မျက်ရတနာလေးတွေကို တန်ဖိုးထားပြီး ဝတ်ဆင်လေ့ရှိကြတာပါ။ အခုဆို ဒီလို ဂုဏ်သတ္တိတွေနဲ့ ပြည့်စုံပြီးသား ကျောက်မျက်ရတနာလေးတွေကို ကိုယ်ရဲ့ ရာသီခွင်အလိုက် ရွေးချယ်ပြီးဝတ်စားဆင်ယင်နိုင်ဖို့ အောက်မှာ ဖော်ပြပေးလိုက်ပါတယ်နော်။ ဒါ့အပြင် နောက်လမယ့် အပတ်တွေမှာတော့ ရာသီခွင်တစ်ခုချင်းစီအတွက် အသေးစိတ်ဆက်လက်ပြီး မျှဝေပေးဦးမှာမို့ စောင့်ကြည့်ပေးဖို့လည်း ဖိတ်ခေါ်ချင်ပါတယ်။

1 .Aries မိဿရာသီဖွား (မတ် ၂၁ မှ ဧပြီ ၁၉ ) – Diamond (စိန်)

2. Taurus ပြိဿရာသီဖွား (ဧပြီ ၂၀ ရက် မှ မေ ၂၀) – Amber (ပယင်း)

3. Gemini မေထုန်ရာသီဖွား (မေ ၂၁ မှ ဇွန် ၂၀) – Agate (ဌာပနာကျောက်)

4. Cancer ကရကဋ်ရာသီဖွား (ဇွန် ၂၁ မှ ဇူလိုင် ၂၂) – Moonstone (မျောကျောက်)

5. Leo သိဟ်ရာသီဖွား (ဇူလိုင် ၂၃ မှ ဩဂုတ် ၂၂) – Tourmaline (ဖရဲအူကျောက်)

6.  Virgo ကန်ရာသီဖွား (ဩဂုတ် ၂၃ – စက်တင်ဘာ ၂၂) – Blue Sapphire (နီလာ)

7. Libra တူရာသီဖွား (စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂) – Lapis Lazuli (ဒုတ္ထာကျောက်)

8. Scorpio ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁) – Aquamarine (မြပြာ)

9. Sagittarius ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁) – Turquoise (စိမ်းပြာရောင်ကျောက်)

10. Capricorn မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉) – Ruby (ပတ္တမြား)

11. Aquarius ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၈) – Garnet (ဥဒေါင်းကျောက်)

12. Pisces မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀) – Amethyst (ခရမ်းစွဲ)

            ရာသီခွင်အလိုက် မွေးနေ့ကျောက်လေးတွေကို သိရှိသွားပြီဆိုတော့ ကိုယ့်ရဲ့အဆောင်ကျောက်လေးတွေကို ကိုယ်နဲ့မကွာဝတ်စားဆင်ယင်ပြီး ကိုယ့်ချစ်ရတဲ့သူတွေအတွက် ချစ်ခြင်းမေတ္တာ လက်ဆောင်မွန်လေးအဖြစ် ပြသဖို့လည်း မမေ့ကြဖို့တိုက်တွန်းလိုက်ရပါတယ်ရှင့်။