ရွှေအကြောင်းသိကောင်းစရာ

“ရွှေဘာကြောင့်ဝယ်စုသင့်လဲ”

whyyoushouldinvestingold

သမိုင်းခေတ်ကစပြီး လူသားတွေဟာ ရွှေကို အဖိုးတန်လက်ဝတ်ရတနာ ခွက်၊ ပန်းကန်၊ လူသုံးကုန်ပစ္စည်းအဖြစ် သွန်းလုပ်အသုံးပြုခဲ့ကြပါတယ်။ မြန်မာယဉ်ကျေးမှုဆိုရင်လည်း စေတီပုထိုးတွေရဲ့ ထီးတော်အဖြစ်လည်း ဗုဒ္ဓဆင်းတုတော်တွေကို ရွှေသင်္ကန်းချတဲ့အခါမှာလည်း အသုံးပြုလေ့ရှိတယ်။ ယခုခေတ်မှာဆိုရင်လည်း ရွှေကို လက်ဝတ်ရတနာအဖြစ် အမျိူးမျိူးပြုလုပ်ဝတ်ဆင်လေ့ရှိတယ်။

ရွှေကိုဝတ်ဆင်ရာတွင်လည်း ကျန်းမာရေးအတွက် ကောင်းကျိုးများစွာရရှိနိုင်ပါသည်။ ရွှေဆွဲကြိုးကို လည်တိုင်မှာ ဝတ်ဆင်ပါက “နှလုံး၊ အဆုတ်” တို့၏ လုပ်ဆောင်မှုကို ပိုမိုသန်စွမ်းစေပြီး ယင်းတို့နှင့် ပတ်သက်သောရောဂါများ မဖြစ်အောင် ကာကွယ်ပေးသည့်အပြင် ကျီးပေါင်းတက်ခြင်း ရောဂါကိုပါ ကာကွယ်ပေးပါသည်။

ရွှေလက်ကောက်ကို လက်ဝဲလက်ကောက်ဝတ်တွင် ဝတ်ဆင်ပေးခြင်း၊ ရွှေလက်စွပ်ကို လက်ဝဲလက်သူကြွယ်တွင် ဝတ်ဆင်ပေးခြင်းဖြင့်လည်း နှလုံးရောဂါကို ကာကွယ်ပေးပါတယ်။ ရွှေနားကပ်ကို ဝတ်ဆင်ထားပါက ခေါင်းမူးခြင်းကို ကာကွယ်ပေးသလို ဦးနှောက်နှင့်အာရုံကြောဆိုင်ရာရောဂါများကို ကာကွယ်ပေးပါတယ်။ ဒါကြောင့် ရွှေဝတ်ဆင်ရာတွင်လည်း အလှအပအတွက်သာမက ကျန်းမာ‌ရေးကောင်းကျိုးများစွာကို ရရှိနိုင်သောကြောင့် ရွှေထည်များကို ဝယ်ယူစုဆောင်း ဝတ်ဆင်သင့်ပါသည်။

“မရှိဝမ်းစာ၊ ရှိတန်ဆာ”ဆိုသည့်အတိုင်း ငွေကြေးလိုအပ်ရာတွင်လည်း လွယ်ကူလျှင်မြန်စွာ ပြန်လည်‌ရောင်းချနိုင်ပြီး ကိုယ်ပေါ်မှာ မြတ်နိုးစွာ ဝတ်ဆင်ရုံသာမက ငွေကြေးလိုအပ်ရာတွင်လည်း ရောင်းချနိုင်သောကြောင့် ရွှေထည်ပစ္စည်းများကို ဝယ်ယူစုဆောင်းသင့်ပါတယ်။