ပြည်ပသတင်း

ကမ္ဘာ့ရွှေဈေး ဘာလို့ကျဆင်းနေ

world gold price, u hton goldsmith, myanmar

ကိုဗစ်ကာလအတွင်းမှာ ရွှေဈေးကွက်တွင် ကမ္ဘာ့ရွှေဈေးကြောင့် မြန်မာ့ရွှေဈေးပါ မြင့်တက်လာခဲ့သည်။
ဒီဇင်ဘာလကစပြီး ဩဂုတ်လ ( 10 ) ရက်နေ့အထိ ကမ္ဘာ့ရွှေဈေးများတက်လာပြီး ယနေ့မှာ ကမ္ဘာ့ရွှေဈေးသည်
အရင်နှစ်ကနဲ့ မတူ ဒေါ်လာ( 130 ) ကျော် နီးပါးလောက် ကွာဟခဲ့သည်။ ထိုနည်းအတူ မြန်မာ့ရွှေဈေးကွက်ကိုပါ ရိုက်ခတ်မှုများဖြစ်ပေါ် ပြီး အတက်အကျ ပြောင်းလဲမြန်ဆန်မှုများခဲ့သည်။
နိုင်ငံခြားစီးပွားရေးပညာရှင်များအရ ရွှေဈေးနှုန်းများသည် ခန့်မှန်းခြေ တစ်ရက်လျှင် 4% လောက် ကျဆင်းနေခဲ့ပါသည်။ ဩဂုတ်လ ( 11 )ရက်နေ့တွင် ထုတ်လုပ်သူ၏ ကုန်စည်နှင့်ဝန်ဆောင်မှု ရောင်းချသည့်နှုန်းထား
PPI ( The Core Producer Price Index ) သည် ပညာရှင်များ၏ခန့်မှန်းသည့်ရာခိုင်နှုန်းထက် 0.4% ပိုများခဲ့သည်။ထို့ကြောင့် Investors အများစုမှာ ရွှေကိုထုတ်ရောင်းပြီး ဒေါ်လာဝယ်လိုအား ပိုများခဲ့သည်။
ဒုတိယအကြောင်းအရင်းမှာ ရုရှားသမ္မတ၏ ကိုဗစ်-19 ကာကွယ်ဆေး ကြေငြာချက်ကြောင့်လဲ ဖြစ်ပါသည်။ ထို့ကြောင့် ရွှေဈေးကွက်တွင် ပြန်လာရောင်းချသူများ များပြားလာသောကြောင့် ရွှေဈေးကျဆင်းခဲ့သည်။
ထိုရိုက်ခတ်မှုကလည်း မြန်မာ့ရွှေဈေးကွက်ကိုပါ ရိုက်ခတ်ခဲ့ပြီး ယနေ့မနက်ပိုင်းမှာ ရွှေဈေးများ ကျဆင်းခဲ့သည်။ သို့သော် မြန်မာ့ရွှေဈေးနှင့် ကမ္ဘာ့ရွှေဈေးကွာဟမှုမှာ 1 ကျပ်သားလျှင် 8 သောင်းမှ 1 သိန်းကျော်ကွာဟမှု
ရှိသောကြောင့် မြန်မာ့ရွှေဈေးကျဆင်းမှုမှာ တစ်ခဏတာသာ ဖြစ်ခဲ့သည်။