Lifestyle

လက်စွပ်ကို ဘယ်လိုအကြောင်းပြချက်နဲ့ ဝတ်ဆင်ကြသလဲ

Couple Ring

“ရွှေချစ်သူလေးတွေကကော လက်စွပ်ကို ဘယ်လိုအကြောင်းပြချက်မျိုးတွေနဲ့ ဝတ်ဆင်ကြလေ့ရှိပါသလဲ”
လူသား​တွေဟာ လက်စွပ်ကို အကြောင်းပြချက်အမျိုးမျိုးနဲ့ ဝတ်ဆင်လေ့ရှိကြပါသည်။ တချို့က အလှသဘောမျိုးနှင့် ဝတ်ဆင်ကြလေ့ ရှိကြသလို၊ ဖက်ရှင်သဘောအနေဖြင့်လည်း ဝတ်ဆင်ကြပါတယ်။ တချို့ကလည်း ချစ်သူ၊ လင်မယားကြားမှာ အသိသက်သေ သဘောမျိုးဖြင့် ဝတ်ဆင်ကြလေ့ရှိပါတယ်။ ချစ်သူနှစ်ဦးကြား ချစ်ခွင့်ပန်သည့် အခါမျိုးတွေမှာလည်း လက်စွပ်ဟာ အဓိက အောင်သွယ်တော်ပစ္စည်းလေးတစ်ခု ဖြစ်နေပြန်ပါတယ်။
ယနေ့ခေတ်မှာဆိုရင် လက်စွပ်ကို ​ကျောက်အမျိုးမျိုး၊ ပုံစံအမျိုးမျိုးပြုလုပ်ပြီး ရောင်းချတာတွေ တွေ့ရပါတယ်။ လက်စွပ်ကို လူကြီး၊ လူငယ်မရွေး မိန်းကလေးများ သာမက ယောကျ်ားလေးများပါ အလှသဘောမျိုးနဲ့ ဝတ်ဆင်လာကြပါတယ်နော်။

ခေတ်ရေစီးကြောင်းများ တိုးတတ်ပြောင်းလဲလာသည်နှင့်အမျှ လူသားတို့၏ တီထွင်ဖန်တီးနိုင်မှုတွေဟာလည်း ပိုမို၍ သိမြင်များပြားလာခဲ့သည်။ ခေတ်နှင့်အညီ ဆန်းသစ်သော လက်စွပ်ဒီဇိုင်းများကို ဖန်တီး၍ ဝတ်ဆင်လာကြပြီး အရောင်အသွေး စုံလင်သော လက်စွပ်ဒီဇိုင်းများ၊ တစ်ရောင်တည်းရှိသော ဒီဇိုင်းများ စသည်ဖြင့် ရွေးချယ်စရာ များပြားစွာရှိလာပါတယ်။ ရိုးရိုးရှင်းရှင်းကို ကြိုက်နှစ်သက်သူတွေကတော့ ကျောက်မပါတဲ့ ပြောင်ရှင်း လက်စွပ်လေးတွေကို ရွေးချယ်ကြပါတယ်။

ချစ်သူများကြားတွင်လည်း လက်စွပ်သည် မပါမဖြစ်​သော အရာတခုဆိုတာ သိကြမှာပါနော်။ ယောကျာ်းလေးက မိန်းကလေးကို ချစ်ခွင့်ပန်တဲ့အခါမျိုးမှာ လက်စွပ်ကလေးနဲ့ ချစ်ခွင့်ပန်ဆင်ကြတဲ့ အလေ့အထလေးဟာ ဟိုးအရင် နှစ်ပေါင်းများစွာကတည်းက တည်ရှိခဲ့တဲ့ ချစ်စရာအလေ့အထလေးတစ်ခုပါပဲ။ လက်စွပ်ကို တန်ဖိုးကြီးသော သတ္တုများကို အသုံးပြု၍ ပြုလုပ်ကြပါတယ်။ ယနေ့ခေတ်တွင် ရွှေဖြင့် ပြုလုပ်ထားတဲ့ လက်စွပ်များအပြင် ပလက်တီနမ် ဖြင့် ပြုလုပ်ထားသော လက်စွပ်များကိုလည်း လူကြိုက်များလာတာ တွေ့ရပါတယ်။ လက်စွပ်တွင် အသုံးပြုသည့် ကျောက်အပေါ် မူတည်၍ လှပတင့်တယ်မှုသည်လည်း ပြောင်းလဲလာနိုင်ပါတယ်။

မြန်မာလူမျိုးများကြားတွင်လည်း လက်စွပ်ကို ရှေးဘုရင်ခေတ်များကတည်းက ဝတ်ဆင်အသုံးပြုခဲ့ကြသည်။ လက်စွပ်များတွင် ရွှေကိုသာ အဓိကထား၍ ကျောက်မျက်ရတနာများ စီခြယ် ဝတ်ဆင်သည့် အလေ့အထမှာလည်း ရှေးယခင်မှစ၍ ယနေ့ထိတိုင် ဝတ်ဆင်ကြနေသေးသည်ကို တွေ့မြင်ရစမြဲပါ။ လက်စွပ်ကို တစ်ချို့က တစ်ယောက်နှင့် တစ်ယောက် သံယောဇဉ်များ ပိုမိုခိုင်မြဲဖို့ အတွက်နှင့် ချစ်ခြင်းမေတ္တာကို ဖော်ပြဖို့အတွက်လည်း ဝတ်ဆင်ကြပါသေးသည်။ မည်သို့ပင် ဆိုစေကာမူ လက်စွပ်သည် လူသားတို့အတွက် ချစ်ခြင်းမေတ္တာကို ဖော်ပြသော အကောင်းဆုံး အရာတစ်ခုဖြစ်ပါသည်။