ပရဟိတ ကောင်းမှုပြုခြင်း

ဦးထုံရတနာရွှေဆိုင်မိသားစု၊ Jovial Jewelry မိသားစု နှင့် Win & Myint Co.Ltd မိသားစု တို့၏ စုပေါင်းအလှူ

Philanthropic9

လက်ရှိမြန်မာနိုင်ငံတွင် Covid-19 Third Wave မှာ ပိုမိုပြင်းထန်လာသောကြောင့် လူနာများသည် အောက်ဆီဂျင်အခက်အခဲများ ဖြစ်ပေါ်နေခြင်းအပေါ် အဆင်ပြေစေရန်အတွက် ကျွန်တော်တို့ ဦးထုံရွှေပန်းထိမ်မိသားစု၊ Jovial Jewelry မိသားစုနှင့် Win & Myint Co. Ltd မိသားစု တို့မှ စုပေါင်း၍ လူနာများသက်သာလာပြီး နေပြန်ကောင်းစေရန် ရည်စူးလျှက် တတ်နိုင်သလောက် အလှူဒါန ပြုလုပ်ခဲ့ပါသည်။ ယခုလိုပဲ ပါဝင်လှူဒါန်းချင်ပါလျှင် Share Happiness Charity Organization (https://www.facebook.com/ShareHappinessMyanmar) ရဲ့ Messenger မှာ သွားရောက်ပြောပြလို့ရအောင် Link လေးလည်း ဖော်ပြပေးထားပါတယ်နော်။ အားလုံးပဲ ကပ်ရောဂါဘေးအန္တရာယ်မှလည်း ကင်းဝေးကြပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ် . . .