ကျောက်မျက်အကြောင်းသိကောင်းစရာ, ပညာရေး

ပုလဲအကြောင်းသိကောင်းစရာ

jewelry 420018 1920 1

သဘာဝပုလဲအကြောင်းလေးတွေကို သိသလောက်လေး မျှဝေပေးချင်ပါတယ်။ ကမ္ဘာပေါ်ရှိ ကျောက်မျက်ရတနာများထဲမှာ ပုလဲသည်လည်း အဖိုးတန်ရတနာတစ်မျိုးပါ။ အချို့သော ကျောက်မျက်ရတနာများလို ပုလဲသည် သဘာဝတွင်းထွက်ရတနာမျိုး မဟုတ်ပါ။ ပုလဲကို လိုချင်တယ်ဆို ရေထဲမှာရှိတဲ့ ကမာကောင်လေးတွေကို အရင်ဆုံးရှာဖွေရပါမယ်။ ကမာကောင်လေးတွေတိုင်းဆီမှ ပုလဲကို ရတာတော့မဟုတ်ပါဘူးနော်။ ကမာမျိုးစိတ်ပေါင်း (၈၀၀,၀၀၀) ခန့်ရှိသည့်အနက် တချို့သောမျိုးစိတ် (၂၀)ဆီကသာ ပုလဲလေးတွေကို ရရှိမှာဖြစ်ပါတယ်။ လူတော်တော်များဟာ ပုလဲကို သီးသန့်ရတနာအဖြစ်လည်းကောင်း၊ အဆောင်အဖြစ်လည်းကောင်း ဝတ်ဆင်ကြပါတယ်။

ပုလဲဟာ ကျက်သရေအဖြာဖြာနှင့်ပြည့်စုံခြင်း၊ ကျမ်းမာခြင်းဆိုတဲ့ အစွမ်းသိဒ္ဓိတွေနဲ့ ပြည့်စုံတဲ့ ရတနာတစ်မျိုးပဲ ဖြစ်ပါတယ်။ ဒါ့အပြင်အခြားသော ကျောက်မျက်ရတနာများကဲ့သို့ ပြန်လည်သွေးယူရန် မလိုပါ။ ပုလဲဟာ မာကျောမှုအနိမ့်ဆုံးဖြစ်ပြီး သိမ်းဆည်းသည့်နေရာမှာလည်း တခြားသော ကျောက်မျက်ရတနာများနှင့် ယှဥ်ပြီး သိမ်းတာမျိုး ၊ ရေနွေးအပူဖြင့် ထိတွေ့ခြင်းကိုလည်း ရှောင်ကျဥ်သင့်ပါတယ်။ သိမ်းမယ်ဆို ပုလဲကို ဂွမ်းနှင့် မသိမ်းဖို့လည်း လိုပါမယ်။ ပုလဲကို လက်ဝတ်ရတနာအဖြစ် ဝတ်ဆင်မယ်ဆို ပုလဲပွင့်ရည် ရှိ၊ မရှိ ကြည့်ဖို့လိုပါတယ်။ ဝတ်ဆင်သည့်အခါ ပွင့်အားကောင်းတဲ့ ပုလဲလေးများသည်  ဂုဏ်ကျက်သရေ တိုးစေမှာ အမှန်ပါ။

ပုလဲတော်တော်များများ၏ အပြစ်အနာဆာမကင်းမှုသည် ရှားပါးခြင်းကြောင့် ဖြစ်ပါတယ်။ များသောအားဖြင့် ပုလဲတော်တော်များများဟာ အရွယ်အစားသေးငယ်တတ်ကြပါတယ်။ အရွယ်အစားကြီးတဲ့ ပုလဲတွေကတော့ ပိုပြီးတန်ဖိုးကြီးမားပါသည်။ ဥပမာ တောင်ပင်လယ်ပုလဲလို ဖြစ်ပါသည်။ ပုလဲတွေရဲ့ ပုံသဏ္ဍာန်ဟာ ဝိုင်းဝန်းတဲ့ သဏ္ဍာန်မျိုး မရှိဘဲ အနားစပဲ့နေတာမျိုး တွေ့ရှိနေတတ်ပါတယ်။ ဝိုင်းဝန်းတဲ့ သဏ္ဍာန်ရှိမှသာလျှင် ပုလဲဟာ ပိုတန်ဖိုးရှိပါတယ်။ ပုလဲအစစ်တွေရဲ့ သဏ္ဍာန်ဟာ ငွေရောင်နဲ့ရွှေရောင်နှစ်မျိုးသာရှိပြီး အရောင်ကွဲအနေနဲ့ကတော့ ပန်းရောင်၊ နို့နှစ်ရောင်၊ ရွှေဘိုရောင်၊ ရွှေဝါရောင်စတဲ့ သက်တန့်ရောင်စဉ်တန်းလို ပြေးနေတဲ့ ပုလဲတွေဟာ ဈေးအမြင့်ဆုံးဖြစ်ပါတယ်။ အရွယ်အစားတူတဲ့ ပုလဲတွေကိုသာ ရပြီဆို လည်ဆွဲလေးကိုသာ အထည်လုပ်ပြီး ဝတ်ဆင်လိုက်မယ်ဆိုရင်ဖြင့် လည်ဆွဲတန်ဖိုးနဲ့ ဝတ်ဆင်သူရဲ့ ဂုဏ်ကျက်သရေဟာလည်း တန်ဖိုးမြင့်နေမှာ အသေအချာပါ။