ဆောင်းပါး, ရွှေအကြောင်းသိကောင်းစရာ

ရွှေကို ဝယ်ယူစုဆောင်းသင့် ၊ မစုဆောင်းသင့် ?

Gold Economy 1

“ရွှေ” ဆိုတာကို လူတွေက တန်ဖိုးရှိသောအရာ တစ်ခုအဖြစ် သိရှိခဲ့သည်မှာ ရာစုနှစ်နှင့် ချီ၍ ရှိပြီဖြစ်သော်လည်း ရွှေက တကယ်ပဲ တန်ဖိုးပါသလား ။ တန်ဖိုးရှိတယ်ဆိုရင် ဘာကြောင့်တန်ဖိုးရှိရတာလဲ ၊ လူတွေက ဘာဖြစ်လို့ရွှေကို ဝယ်ယူစုဆောင်းသင့်သလဲ ဆိုတာကို ဒီ Post မှာ ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

သမိုင်းအစဉ်အဆက်ကိုပြန်ကြည့်မယ်ဆိုရင် လူတွေက ရွှေကို Currency ( ငွေကြေး ) အနေနဲ့ရော ချမ်းသာကြွယ်၀မှုရဲ့ ပြယုဒ်အနေနဲ့ရော ရာစုနှစ်နှင့် ချီပြီး အသုံးပြုခဲ့ကြပါသည်။ BC-4500 လောက်ကတည်းက ရွှေတွေကို သင်္ချိုင်းတွေ ၊ မြှုပ်သွားတဲ့သင်္ဘောပျက်တွေထဲမှာ အပြင် လူတွေရဲ့ အိမ်အောက်မှာ မြှုပ်နှံထားတာတွေကို စတင်တွေ့ရှိရတယ်လို့ သမိုင်းမှာ သိနိုင်ပါသည်။ ခေတ်အဆက်ဆက် လူတွေအပေါ်မှာ ဘယ်လောက်ထိ လွှမ်းမိုးနိုင်ခဲ့သလဲ ၊ ဆွဲဆောင်နိုင်ခဲ့သလဲဆိုတာကို သမိုင်းခေတ်ဦးပိုင်း ဘာသာရေး အဆောက်အအုံများ၊ ပြယုဒ်များတွင်ပါ ထည့်သွင်းတာကို ကြည့်ရင် ရွှေဟာ လူတွေအပေါ်  ခေတ်အဆက်ဆက် လွှမ်းမိုးခဲ့တာကို တွေ့မြင်နိုင်ပါတယ်။ မြန်မာလူမျိုးများအတွက်လည်း အထွတ်အမြတ်ထားပြီး ၊ ကိုးကွယ်ဆည်းကပ်သော ဘုရားဆင်းတုတော်များ၊ စေတီပုထိုးများမှာ ရွှေကို ရွှေသင်္ကန်းအဖြစ် ကပ်လှူပူဇော်ကြသည် အထိ အမြတ်တနိုး တန်ဖိုးထားကြပါသည်။ ဒီနေ့ခေတ်မှာဆိုရင်လည်း ရွှေဟာ ရင်းနှီးမြှုပ်နှံတဲ့သူတွေ အတွက်တော့ စိတ်အချရဆုံး Investment (ရင်းနှီးမြှုပ်နှံမှု) ထဲမှာ ပါဝင်ပါသည်။ဘာဖြစ်လို့လဲဆိုတော့ ရွှေသည် ဒေသနှင့် အချိန်ပေါ်လိုက်ပြီး အချိန်မရွေးတန်ဖိုးရှိတဲ့အရာတစ်ခုခု (ငွေကြေး ၊ အိမ်) ဖြင့် အလွယ်တကူ လဲလှယ်နိုင်ပါသည်။ ပြီးတော့ နိုင်ငံတစ်နိုင်ငံဟာ Economic Crisis လို့ခေါ်တဲ့ စီးပွားရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရပြီဆိုရင် နိုင်ငံရဲ့စီးပွားရေးအခြေအနေတွေက စိတ်မချရတော့ဘူး ၊ အဆိုပါအချိန်တွေမှာ လူတွေဟာ လက်ရှိငွေကြေးအပေါ်ယုံကြည်မှု ကျဆင်းလာပြီး ရွှေကိုသာလျှင် Safety Net အဖြစ် အလျင်အမြန် ဝယ်ယူကြတာကို ကြည့်ခြင်းအားဖြင့် ရွှေအပေါ်ထားတဲ့ လူတွေရဲ့ ယုံကြည်မှုကို သိနိုင်ပါတယ်။ 2008 ခုနှစ်တုန်းက ရွှေစျေးက အမေရိကန်ဒေါ်လာ 720 နှင့် 980 ကြားထဲတွင်ရှိရာမှ 2011 ခုနှစ်မှာတော့ ကမ္ဘာ့စီးပွားရေးပျက်ကပ် ကြောင့် ကမ္ဘာ့ရွှေစျေးမှာ အမေရိကန်ဒေါ်လာ 1854 အထိ တက်ခဲ့ဖူးပါသည် ။

ရွှေဝယ်တာက Stock Share (စတော့ဝေစု) တွေဝယ်တာနဲ့ ဘာတွေကွာခြားလဲဆိုရင် လူတွေက Physical Potential လို့ခေါ်တဲ့ မြင်ရ ၊ တွေ့ရ ၊ ထိတွေ့ရ ၊ ကိုင်တွယ်ရပြီး တန်ဖိုးရှိတဲ့ ပစ္စည်းတစ်ခုကို အချိန်မရွေး ကိုယ့်ဘေးမှာမြင်နေရမှာဖြစ်ပြီး Risk အနည်းဆုံး Investment ထဲမှာ တစ်ခုအပါအဝင်ဖြစ်နေတာကြောင့်လည်း ပါပါတယ်။ Stock Share (စတော့ဝေစု) ဆိုရင် ကုမ္ပဏီ၏ စီးပွားရေးအတတ်အကျပေါ်မူတည်ပြီး အချိန်မရွေး စျေးကျသွားနိုင်ပေမယ့် ရွှေကတော့ စျေးအပြောင်းအလဲ ကြီးကြီးမားမားဖြစ်ဖို့ ရာခိုင်နှုန်းနည်းပါတယ်။ ဒါပေမဲ့ ရွှေဝယ်ထားရင် ဘယ်တော့မှ စျေးမကျနိုင်ပါဘူးဆိုတဲ့ ယူဆချက်နဲ့တော့ မဝယ်ယူသင့်ပါဘူး။ တခြား Investment (ရင်းနှီးမြှုပ်နှံမှု) တွေလိုပဲ ရွှေက လက်ရှိစျေးကွက်ပေါ်မူတည်ပြီးစျေးကျသွားနိုင်ပါသည်။ အဲ့ဒါကြောင့် ရွှေဝယ်စုတာ ကောင်းတယ် ၊ မကောင်းဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကို လွယ်လွယ်ကူကူနဲ့ ဆုံးဖြတ်လို့တော့ မရပါဘူး။ရွှေဝယ်နည်း အမျိုးမျိုးရှိတဲ့အထဲမှာမှ ရွှေမဝယ်ခင်ဘယ်လိုရွှေမျိုးကို ရွေးချယ်ဝယ်ယူသင့်လဲ ဆိုတာကိုတော့ အရင်စဉ်းစားသင့်ပါတယ်။

နိုင်ငံတကာမှာရှိတဲ့ ကျွမ်းကျင်ပညာရှင်များကတော့ မိမိပိုင်ဆိုင်မှုရဲ့  10 % ကိုတော့ ရွှေဝယ်ယူစုဆောင်းထားသင့်တယ်လို့ အကြံပေးထားပါတယ်။ ဝယ်ယူတဲ့နေရာမှာလည်း သေချာတိကျပြီး ယုံကြည်ရတဲ့ ဆိုင်တွေမှာသာ ဝယ်ယူဖို့ အကြံပေးလိုပါတယ်။ မိတ်ဆွေတို့ အနေနဲ့ ဝယ်ယူလိုတယ်ဆိုရင်တော့ ခေတ်အဆက်ဆက် ဆယ်စုနှစ်များစွာ မြန်မာပြည်သူတို့ရဲ့ ယုံကြည်မှု တခဲနက်ရရှိခဲ့တဲ့ ဦးထုံရွှေပန်းထိမ်နှင့် ရတနာရွှေဆိုင် ဟာ ဘယ်တော့မှ မမှားနိုင်တဲ့ အကောင်းဆုံးရွေးချယ်မှု တစ်ခုဆိုတာ အသေအချာပါပဲခင်ဗျာ။