ပြည်တွင်းသတင်း

အိမ်ခြံမြေဈေးကွက်နှင့်ရွှေ

realestateandgold

ဒီအပတ်ပြောပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ မြန်မာနိုင်ငံရဲ့ ငွေကြေးဈေးကွက်မှာ ရင်းနှီးမြှုပ်နှံမှုတစ်ခုအနေနဲ့ ခေတ်စားလာတဲ့ အိမ်ခြံမြေဈေးကွက်နဲ့ ရွှေဈေးကွက်အကြောင်း လေ့လာတွေ့ရှိမှုလေးတွေကို အခြေခံပြီး ပြောပြပေးချင်ပါတယ်။  

လက်ရှိမြန်မာနိုင်ငံမှာ ငွေကြေးရင်းနှီးမြှုပ်နှံမှုလုပ်‌ငန်းအများစုမှာ နိုင်ငံရေးမတည်ငြိမ်မှုနှင့် ကိုဗစ် 19 ရဲ့ တစ်ကြော့ပြန်ဆိုးရွားလာမှုများကြောင့် ရင်းနှီးမြှုပ်နှံမှုမတိုးချဲ့နိုင်ဘဲ ရပ်တန့်နိုင်ဖွယ်အခြေအနေများနှင့် ရင်ဆိုင်နေကြရပါတယ်။ အစစအရာရာ ကုန်ဈေးနှုန်းမြင့်တက်မှုကို ထိန်းချုပ်ဖို့ခက်ခဲတဲ့အပြင် ငွေသားလက်ဝယ်ရှားပါးလာပြီး စီးပွားရေးလုပ်ငန်းအများစုမှာ ဘဏ်လုပ်ငန်းပေါ်မူတည်နေရတာကြောင့် အဆင်မပြေမှုများနဲ့ရင်ဆိုင်နေကြရပါတယ်။
လက်ရှိမှာ ဘဏ်တွေမှာ ငွေကြေးထုတ်ယူရာမှာရင်ဆိုင်နေရတဲ့အခက်အခဲများကြောင့်လည်း ကောင်းမွန်စွာမလည်ပတ်နိုင်တဲ့အပြင် ရပ်ဆိုင်းပစ်လိုက်ရတဲ့လုပ်ငန်းတွေအထိပါရှိနေတာဖြစ်ပါတယ်။
   

ငွေသားလက်ဝယ်ရှိနေသူများနဲ့ ဘဏ်တွင်စုငွေအနေနဲ့ဆက်လက်မထားချင်သူအများစုက မိမိတို့ပိုင်ဆိုင်မှုငွေကြေးများကို အဖက်တင်အောင် အိမ်ခြံမြေဝယ်ယူခြင်း၊ ရွှေဝယ်ယူခြင်း စသည်တို့ပြုလုပ်လာကြပြီး အာမခံချက်ရှိတဲ့ရင်းနှီးမြှုပ်နှံမှုတစ်ခုအနေနဲ့ လုပ်ဆောင်လာကြတာပဲဖြစ်ပါတယ်။ အိမ်ခြံမြေဈေးကွက်ဝယ်ယူရာတွင် အချို့မှာငွေသားတစ်ဝက်၊ Mobile Banking ဖြင့်ငွေပေးချေမှုတစ်ဝက် စသည်ဖြင့် ငွေပေးချေပြီးဝယ်ယူလို့ရတာကြောင့် ဘဏ်တွင်စုငွေဆက်မထားချင်သူများအတွက် မျက်စိကျစရာဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။ ဒါပေမဲ့ အိမ်ခြံမြေဝယ်ယူရာမှာ ခိုင်လုံမှုရှိဖို့နဲ့ စိတ်ချရဖို့ကို စီစစ်ဝယ်ယူရခြင်းကြောင့်ဝယ်အားထက် ရောင်းလိုအားက ပိုမိုမြင့်တက်နေတာပဲဖြစ်ပါတယ်။ ဒါ့အပြင် ဝယ်ယူသူများဘက်ကလည်း နဂိုပေါက်ဈေးထက်ဈေးလျော့ဝယ်ယူမှုများကြောင့် ရောင်းချသူများဘက်မှ အဆင်မပြေမှုများကြုံတွေ့ရပြီး ဈေးကွက်မှာထင်သလောက် အရောင်းအဝယ်မဖြစ်ဘဲ အခက်အခဲအချို့နဲ့ ရင်ဆိုင်နေကြရတာပဲဖြစ်ပါတယ်။ ဒါကြောင့် ပိုပြီးအာမခံချက်ရှိတဲ့အပြင် ဝယ်ယူရာမှာလွယ်ကူပြီး ဈေးကွက်ခိုင်မာမှုရှိတဲ့ ရွှေဝယ်ယူခြင်းမှာ အိမ်ခြံမြေဈေးကွက်ထက် အရောင်းအဝယ်ပိုသွယ်လျှက်ရှိပါတယ်။ အဓိကကတော့ ပြန်လည်ရောင်းချမယ်ဆိုရင်လည်း အာမခံချက်ရှိပြီး အဆင်ပြေလွယ်ကူတဲ့အပြင် မိမိတက်နိုင်တဲ့ပမာဏကိုလိုက်ပြီးလည်း ဝယ်ယူနိုင်တာကြောင့်
ပိုပြီးအကြိုက်‌တွေ့စရာဖြစ်‌‌နေခဲ့တာပဲဖြစ်ပါတယ်။ အခုချိန်မှာတော့ ရွှေဝယ်ယူတဲ့နေရာမှာ ရွှေထည်ပစ္စည်းဝယ်ယူမှုထက် အလျော့တွက်လက်ခသက်သာတဲ့ ရွှေတုံးရွေခဲ ဝယ်ယူမှုခေတ်စားလာပြီး ဆိုင်ရဲ့ရွှေအရည်အသွေးကောင်းမွန်မှု၊ စိတ်ချယုံကြည်ရမှုတို့ကိုကြည့်ပြီး
 ဂရုစိုက်ဝယ်ယူလာကြတာပဲဖြစ်ပါတယ်။

ရွှေတုံးရွှေခဲဖြစ်တာကြောင့် အလွယ်တကူသယ်ယူနိုင်တဲ့အပြင် ရွှေဈေးကွက်ဟာ ပြည်တွင်းဈေးကွက်တစ်ခုတည်းတွင်သာမကဘဲ ကမ္ဘာ့ရွှေဈေးကွက်အထိပါခိုင်လုံမှုရှိနေတာကြောင့် ပြည်တွင်းအိမ်ခြံမြေဝယ်ယူခြင်းထက် ရွှေဝယ်ယူမှုအားမြင့်တက်လာတာပဲဖြစ်ပါတယ်။  

အခုတင်ပြပေးခဲ့တဲ့အကြောင်းအရာလေးကတော့ ‌အိမ်ခြံမြေဈေးကွက်၊ ရွှေဈေးကွက်နဲ့ပတ်သတ်ပြီး စိတ်ဝင်စားနေသူများအတွက် အကျိုးရှိစေရန်ရည်ရွယ်ပြီး မြန်မာနိုင်ငံရဲ့ လက်ရှိ‌အိမ်ခြံမြေဈေးကွက်နဲ့ ရွှေဈေးကွက်အကြောင်းမျှဝေပေးလိုက်ပါတယ်။