ကျောက်မျက်အကြောင်းသိကောင်းစရာ, မွေးနေ့ကျောက်

ရွဲ (Opal) သို့မဟုတ် အောက်တိုဘာလမွေးနေ့ရှင်တို့ရဲ့မွေးနေ့ကျောက်

october birthstone opal , u hton goldsmith , myanmar

အခုလက အောက်တိုဘာလလေးဖြစ်တာနဲ့အတူ ပြောပြဖို့အလှည့်ကျလာတဲ့ အောက်တိုဘာမွေးနေ့ရှင်တို့အတွက် Birthstone လေးအကြောင်းမျှဝေပေးလိုက်ပါတယ်။ Opal လို့ခေါ်တဲ့ မြန်မာလိုအားဖြင့် “ရွဲ” လို့အဓိပ္ပါယ်ရတဲ့ စကားလုံးလေးဟာ မူလက လက်တင်ဘာသာစကား “Opalus” ဆိုတဲ့ “အဖိုးတန်ရတနာ” လို့အဓိပ္ပါယ်ရတဲ့ စကားလုံးလေးဖြစ်ပြီး ဒါ့အပြင် ဂရိဘာသာစကားအနေနဲ့လည်း Opallios လို့ခေါ်ပြီး “အရောင်ပြောင်းလဲမှုကိုကြည့်ရန်” ဆိုတဲ့ အနက်အဓိပ္ပါယ်တို့ကနေ ဆင်းသက်လာခဲ့တာပဲဖြစ်ပါတယ်။ အေဒီ ၇၅ တွင် ရောမပညာရှင်  ပလင်နီက Opals များကို မီးတောင်များ သို့မဟုတ် တက်ကြွသောပန်းချီကားများဟု ဥပမာထား၍ opals ကျောက်လေးများ၏ အရောင်အသွေးကို ချီးမွမ်းဖော်ပြခဲ့သည်။

Opals လေးများဟာ သေးငယ်သော ရောင်စဉ်များ ဖြာလက်ထွက်ပေါ်နိုင်သောထူးခြားသည့်ကျောက်အမျိုးအစားဖြစ်သည်။ အရောင်အားဖြင့် အရောင်အသွေးစုံလင်လှပြီး အရောင်စုံအရိပ်များသဖွယ် တွေ့ရတတ်သည်။ အဖြူ၊ အဝါ၊ လိမ္မော်၊ အနီ၊ အညို၊ အစိမ်း၊ အပြာ၊ မီးခိုး၊ ခရမ်း နှင့် အနက်ရောင်စသည့်အရောင်များ၏ အရိပ်များသဖွယ် လှပသော အရောင်အဆင်းရှိသည်။

Opals ကျောက်မျက်လေးများကို ဩစတြေးလျ ၊ ဘရာဇီး ၊ ချက်သမ္မတနိုင်ငံ ၊ အီသီယိုးပီးယား ၊ ဟွန်ဒူးရပ်စ် ၊ အင်ဒိုနီးရှား ၊ မက္ကဆီကို ၊ ပိုလန် ၊ တန်ဇန်နီးယားနှင့် အမေရိကန်နိုင်ငံတို့တွင် အများဆုံးတွေ့ရသည်။ မူလတွေ့ရှိရာ အရင်းအမြစ်မှာ ဩစတြေးလျ ဖြစ်သည်။ Opal ကို ၁၉၅၀ ပြည့်နှစ်တွင် ဩစတြေးလျ နိုင်ငံတွင်ရှာဖွေတွေ့ရှိခဲ့ပြီး ကမ္ဘာ့ထောက်ပံ့မှု ၉၅ ရာခိုင်နှုန်းကျော်ကို ထုတ်လုပ်ခဲ့သည်။

ကမ္ဘာအကြီးဆုံး Opal ကျောက်မျက်သည် အရှည် ၁၁ လက်မရှိပြီး အလေးချိန် ၁၇,၀၀၀ ကာရက် (၇.၆ ပေါင်) ရှိပြီး ၎င်းသည် ဩစတြေးလျ နိုင်ငံတွင်ရှိပြီး ၂၀၀၅ ခုနှစ်က ဒေါ်လာ ၂.၅ သန်းတန်ဖိုးရှိကြောင်း သတ်မှတ်ခဲ့သည်။
လူတို့သည် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ကျောက်မျက်ရတနာဝတ်ဆင်ခြင်းနှင့် ကံကောင်းခြင်း၊ ပျော်ရွင်ခြင်း၊ ကျန်းမာခြင်းစသည်တို့ကို ကိုယ်စားပြုသည်ဟုယုံကြည်ခဲ့ကြသည့် နည်းတူ Opal ကျောက်လေးသည်လည်း သစ္စာရှိမှုနှင့် ယုံကြည်မှုကို ကိုယ်စားပြုသည့် ကျောက်မျက်ရတနာတစ်ခုအဖြစ် သတ်မှတ်ခဲ့ကြသည်။ ဒါ့အပြင် မကောင်းမှုကို တွန်းလှန်ရန်နှင့် မကောင်းသောအမြင်အာရုံများကို ကာကွယ်နိုင်သော ကျောက်မျက်တစ်ခုအဖြစ်လည်း ယုံကြည်ကြသည်။ ထို့ကြောင့် ကျန်းမာရေးအနေဖြင့် စိတ်နှင့် အာရုံကြောများကိုထိန်းချုပ်ရန်အတွက်လည်း ကူညီပေးနိုင်သည်ဟုဆိုသည်။

Opal ကျောက်မျက်သည် အမျိုးကွဲပေါင်း ဒါဇင်မကရှိသော်လည်း Fire opal နှင့် Boulder opal တို့ကို တစ်ကမ္ဘာလုံးအတိုင်အတာအနေဖြင့် ၎င်းတို့ကိုအသိအမှတ်ပြုထားသဖြင့် ပိုထင်ရှားသည်။ Opals များသည် နူးညံ့သော အမှုန့်လေးများဖြင့် ဖွဲ့စည်းထားသော ကျောက်မျက်ဖြစ်သဖြင့် အတော်လေးပျော့ပြောင်းပြီး Mohs အဆင့် ၅.၅ မှ အမြင့်ဆုံးမှာ Mohs ၆.၅ သာရှိသည်။ ထို့ကြောင့် အလွန်မြင့်မားသောအပူချိန်၊ ရေဓာတ်ခန်းခြောက်ခြင်းနှင့်  အလင်းတိုက်ရိုက်ထိတွေ့မှုတို့ကြောင့် အက်ကွဲခြင်းနှင့် ပွန်းပဲ့ခြင်းတို့ကို ဖြစ်ပေါ်စေနိုင်သည်။ လက်ဝတ်ရတနာအဖြစ်ဝတ်ဆင်ရာတွင် အထူးဂရုစိုက်ဝတ်ဆင်သင့်ပါသည်။

အခုပြော‌ပြပေးခဲ့တာလေးတွေက အောက်တိုဘာလဖွားမွေးနေ့ရှင်လေးတွေအတွက်တင်မဟုတ်ဘဲ ကျောက်မျက်ရတနာလေးတွေကို စိတ်ဝင်စားတဲ့သူတိုင်းအတွက်လည်း ဗဟုသုတရစေမယ်လို့ မျှော်လင့်ပါတယ်နော်။