ဦးထုံ ရွှေပန်းထိမ်နှင့်ရတနာရွှေဆိုင်မှ ရွှေချစ်သူမိဘပြည်သူများအတွက် ယခင်ကနှင့်မတူသော အရစ်ကျအစီအစဉ်ဖြင့် မိတ်ဆက်ပေးလိုက်ပါတယ်။ ယခု အရစ်ကျစနစ်ရဲ့ထူးခြားချက်တွေကတော့ ကျန်မရွေးအရစ်ကျစနစ်လိုမျိုး အထည်အမျိုးအစားမကန့်သတ်ထားပဲ မိမိနှစ်သက်ရာ အထည်အမျိုးအစားကို စုဆောင်းဝယ်ယူနိုင်တာပဲဖြစ်ပါတယ်(Order ထည်များမှလွဲ၍)။ အခု ရွှေစုအရစ်ကျစနစ်လေးမှာ ဘယ်လိုမျိုးအစီအစဉ်လေးတွေ ပါဝင်လာမလဲဆိုတာ ဆက်လက်ဖတ်ရှုကြည့်ကြပါနော်။

ရွှေစုအရစ်ကျစနစ်တွင် ငွေကိုအရစ်ကျစုပြီး အထည်ဝယ်ယူနိုင်သလို မိမိလိုချင်သောအထည်အား ကြိုတင်စာရင်းပေးထားပြီး ငွေကိုအရစ်ကျစု၍ ဝယ်ယူနိုင်ပါသည်။ ရွှေစုသက်တမ်းကာလအား ၃လ နှင့် ၆လ ဟူ၍ သက်တမ်း(၂)မျိုး သတ်မှတ်ထားပါသည်။

ငွေအရစ်ကျစုပြီးမှ အထည်ဝယ်ယူခြင်း
ငွေကို အရစ်ကျစုပြီး အထည်ဝယ်ယူသည့်အခါတွင် ဝယ်ယူမည့်နေ့တွင်ရှိမည့်ရွှေဈေးဖြင့်တွက်ချက်ကာ ရောင်းချပေးပါသည်။

အထည်ကို ကြိုစာရင်းပေးထားပြီး ငွေအရစ်ကျစု၍ဝယ်ယူခြင်း
မိမိလိုချင်သောအထည်အား ကြိုတင်စာရင်းပေးထားရပါမည်။ ငွေအား အရစ်ကျစုဆောင်းပြီး အထည်တန်ဖိုးအား ငွေအကြေချေသည့်နေ့တွင်ရှိမည့်ရွှေဈေးဖြင့်တွက်ချက်ပေးပါသည်။ စရန်၊ အတိုးပေးရန်လုံးဝမလိုပါ။ အကယ်၍ ငွေမကြေမီ အထည်ရောင်းထွက်သွားပါက ယင်းအထည်အား ပြန်လည်ပြုလုပ်ပေးပါမည်။ (ဒီဇိုင်းပေါ်မူတည်၍ ရွှေအလေးချိန်နှင့် အလျော့တွက် အပို/အလိုရှိနိုင်ပါသည်။)

ရွှေစုအရစ်ကျစနစ်တွင် ရရှိနိုင်သောအထူးအခွင့်အရေးမှာ အလျော့တွက်ပါဝင်သောအထည်များစုဆောင်းဝယ်ယူမှုအတွက် အလျော့တွက်၏ ၁၀% အားလျှော့ပေးပါသည်။ နန်းကြိတ်ထည်များအတွက် ၁ကျပ်သားနှင့်အောက်ကို ကြိတ်ခ ၅၀၀၀ ကျပ်၊ ၁ကျပ်သားအထက်ကို ၁ကျပ်ကျော်တိုင်း ကြိတ်ခ ၃၀၀၀ ကျပ် သာယူပါသည်။ ရွှေစုအရစ်ကျစနစ်တွင် Order အထည်များမှလွဲ၍ အထည်အမျိုးအစား၊ အထည်တန်ဖိုးကန့်သတ်ထားခြင်းမရှိပါ။

အကယ်၍ ငွေသားအားပြန်လည်ထုတ်ယူလိုပါက ထုတ်ယူလိုသောငွေပမာဏ၏ ၁၀% ကိုနှုတ်ပြီးငွေပြန်အမ်းပေးပါသည်။

ယခုဖော်ပြပေးလိုက်တဲ့ Saving Installment Plan(ရွှေစုအရစ်ကျအစီအစဉ်) အား ရွှေချစ်သူမိဘများ အထူးပင်နှစ်ခြိုက်လိမ့်မယ်လို့ ယုံကြည်မိပါတယ်နော်။ ဦးထုံ ရွှေပန်းထိမ်နှင့်ရတနာရွှေဆိုင်၌ ရရှိနိုင်သောအရစ်ကျအစီအစဉ်များနှင့်ပတ်သက်၍ မေးမြန်းလိုပါက

ဦးထုံရွှေပန်းထိမ်နှင့်ရတနာရွှေဆိုင်

ဆိုင်အမှတ်(၁)
အမှတ် 528 (မြေညီထပ်)၊ မဟာဗန္ဓုလလမ်း ၊ ၂၇ လမ်းနှင့် ၂၈ လမ်းကြား၊
ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့။
01-377680, 09-790609655
Viber Number: +959 977883599
တနင်္လာနေ့တိုင်းဆိုင်နားသည်။
ဆိုင်ဖွင့်ချိန် မနက် ၁၀ နာရီ မှ ညနေ ၄ နာရီ အထိဖွင့်လှစ်ပါသည်။

ဆိုင်အမှတ်(၂)
အခန်း (B) 01-05 (မြေညီထပ်)၊ လမ်းမတော်ပလာဇာ (သံဈေးအနီး)၊ လမ်းမတော်လမ်း၊ လသာမြို့နယ်၊ ရန်ကုန်မြို့။
01-701390, 09-790609656
Viber Number: +959 965152335
တနင်္ဂနွေနေ့တိုင်းဆိုင်နားသည်။
ဆိုင်ဖွင့်ချိန် မနက် ၁၀ နာရီ မှ ညနေ ၄ နာရီ အထိဖွင့်လှစ်ပါသည်။

* ပြင်ပအခြေအနေအခက်အခဲများကြောင့် ဖုန်းနံပါတ်နှင့် ဆိုင်ဖွင့်ချိန်များ အပြောင်းအလဲရှိနိုင်ပါသည် *