ဦးထုံ ရွှေပန်းထိမ်နှင့်ရတနာရွှေဆိုင်မှ ရွှေချစ်သူမိဘပြည်သူများအတွက် တစ်မူထူးခြားသော အရစ်ကျအစီအစဉ်ဖြင့်မိတ်ဆက်ပေးလိုက်ပါတယ်။ ယခု အရစ်ကျစနစ်ရဲ့ထူးခြားချက်တွေကတော့ အတိုးပေးရန်ပူပန်စရာမလို၊ စာရွက်စာတမ်းနှင့် အာမခံသူများမလိုအပ်တဲ့အပြင် မည်သူမဆိုလျှောက်ထားနိုင်တာတွေပဲဖြစ်ပါတယ်။ အဲ့ဒီအတွက်ကြောင့် အားလုံးပဲနှစ်ခြိုက်ကြလိမ့်မယ်လို့ ထင်မိပါတယ်နော်။
ယခု Fixed Installment Plan (ကျန်မရွေးအရစ်ကျစနစ်) တွင် အရစ်ကျစနစ် (၃) မျိုးရှိပါသည်။

၁။ ၁ လအရစ်ကျစနစ်
၂။ ၂ လအရစ်ကျစနစ်
၃။ ၃ လအရစ်ကျစနစ်

၁ လအရစ်ကျစနစ်
အနည်းဆုံးစရန်ငွေ ၅၀% ပေးဆောင်ရပြီး ကျန်ငွေကို ၁လအတွင်းအကြေချေရပါမည်။ အရစ်ကျငွေသွင်းရာတွင် အနည်းဆုံး ၁ ရစ်မှ အများဆုံး ၅ ရစ်အထိပေးသွင်းနိုင်ပါသည်။

၂ လအရစ်ကျစနစ်
အနည်းဆုံးစရန်ငွေ ၆၀% ပေးဆောင်ရပြီး ကျန် ၄၀%ကို ၂လအတွင်းအကြေချေရပါမည်။ အရစ်ကျငွေသွင်းရာတွင် အနည်းဆုံး ၂ ရစ်မှ အများဆုံး ၅ ရစ်အထိပေးသွင်းနိုင်ပါသည်။

၃ လအရစ်ကျစနစ်
အနည်းဆုံးစရန်ငွေ ၇၀% ပေးဆောင်ရပြီး ကျန် ၃၀% ကို ၃ လအတွင်းအကြေချေရပါမည်။ အရစ်ကျငွေသွင်းရာတွင် အနည်းဆုံး ၃ ရစ်မှ အများဆုံး ၅ ရစ်အထိပေးသွင်းနိုင်ပါသည်။

အရစ်ကျစနစ် ၃ မျိုးလုံးတွင် စရန်ငွေအား စရန်ပေးချေစဉ်ရွှေဈေးဖြင့်တွက်ချက်ပေးပါသည်။ ကျန်ငွေအား သတ်မှတ်အကြိမ်ရေအတိုင်း အရစ်ကျပေးဆပ်ရမည်ဖြစ်သည်။ ကျန်ငွေအားတွက်ချက်ရာတွင် နောက်ဆုံးအကြိမ်ငွေအကြေပေးချေသည့်အချိန်တွင်ရှိမည့် ရွှေဈေးဖြင့်တွက်ချက်ပေးပါသည်။
Fixed Installment Plan (ကျန်မရွေးအရစ်ကျစနစ်) ဖြင့်ဝယ်ယူရာတွင် အတိုးပေးရန် လုံးဝမလိုအပ်ပါ။
သို့သော် အခေါက်၊ အလျော့တွက်မပါသည့်အထည်များ (နန်းကြိတ်ထည်များ) နှင့် ပီချူးများအား ကျန်မရွေးအရစ်ကျစနစ်ဖြင့် လက်တလောဝယ်ယူနိုင်ခြင်းမရှိသေးပါ။ အခေါက်၊ နန်းကြိတ်ထည်များအားဝယ်ယူလိုပါက ရွှေစုအရစ်ကျစနစ် ဖြင့်ဝယ်ယူနိုင်ပါသည်။

စရန်ပေးချေပြီးပါက စရန်ဘောက်ချာထုတ်ပေးပါမည်။ သို့ဖြစ်ပါ၍ မှတ်ပုံတင်မူရင်းများ ယူဆောင်လာပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ စရန်ကြေသည့်အခါ အခြားသူမှ အထည်ပစ္စည်းအား အစားလာရောက်ထုတ်ယူမည်ဆိုပါက Facebook Messenger (သို့) ဖုန်းဖြင့် ကြိုတင်အကြောင်းကြားပေးပြီး လာယူမည့်သူ၏ မှတ်ပုံတင်ဓါတ်ပုံအား ပို့ပေးရပါမည်။ လာယူသည့်သူကလည်း မှတ်ပုံတင်နှင့်တကွ လာရောက်ထုတ်ယူပေးရပါမည်။
ငွေမကြေမီအထိ အထည်အား ဦးထုံရွှေပန်းထိမ်၌ ထားခဲ့ရမည်ဖြစ်ပြီး အထည်ဖိုးငွေကြေသည့်အခါတွင် အထည်နှင့်တကွ အထည်ဘောက်ချာအား ထုတ်ပေးပါမည်။

အကယ်၍ ကျန်ငွေအား မပေးဆပ်နိုင်ပါက ဝယ်ယူရန်စာရင်းပေးထားသော အထည်၏အလျော့တွက်ဖိုးအား လာယူသည့်နေ့တွင်ရှိမည့်ရွှေဈေးဖြင့်တွက်ချက်ကာ အလျော့တွက်ဖိုးအားနှုတ်ပြီး ငွေပြန်အမ်းပေးပါမည်။

ယခုဖော်ပြပေးလိုက်တဲ့ Fixed Installment Plan (ကျန်မရွေးအရစ်ကျအစီအစဉ်) အား ရွှေချစ်သူမိဘများ အထူးပင်နှစ်ခြိုက်လိမ့်မယ်လို့ ယုံကြည်မိပါတယ်နော်။ ဦးထုံ ရွှေပန်းထိမ်နှင့်ရတနာရွှေဆိုင် ၌ ရရှိနိုင်သောအရစ်ကျအစီအစဉ်များနှင့်ပတ်သက်၍မေးမြန်းလိုပါက

ဦးထုံရွှေပန်းထိမ်နှင့်ရတနာရွှေဆိုင်

ဆိုင်အမှတ်(၁)
အမှတ် 528 (မြေညီထပ်)၊ မဟာဗန္ဓုလလမ်း ၊ ၂၇ လမ်းနှင့် ၂၈ လမ်းကြား၊
ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့။
01-377680, 09-790609655
Viber Number: +959 977883599
တနင်္လာနေ့တိုင်းဆိုင်နားသည်။
ဆိုင်ဖွင့်ချိန် မနက် ၁၀ နာရီ မှ ညနေ ၄ နာရီ အထိဖွင့်လှစ်ပါသည်။

ဆိုင်အမှတ်(၂)
အခန်း (B) 01-05 (မြေညီထပ်)၊ လမ်းမတော်ပလာဇာ (သံဈေးအနီး)၊ လမ်းမတော်လမ်း၊ လသာမြို့နယ်၊ ရန်ကုန်မြို့။
01-701390, 09-790609656
Viber Number: +959 965152335
တနင်္ဂနွေနေ့တိုင်းဆိုင်နားသည်။
ဆိုင်ဖွင့်ချိန် မနက် ၁၀ နာရီ မှ ညနေ ၄ နာရီ အထိဖွင့်လှစ်ပါသည်။

* ပြင်ပအခြေအနေအခက်အခဲများကြောင့် ဖုန်းနံပါတ်နှင့် ဆိုင်ဖွင့်ချိန်များ အပြောင်းအလဲရှိနိုင်ပါသည် *