ဆောင်းပါး

ကိုဗစ်ကာလအတွင်း LIVE Sales များနှင့် Fashion Trends

live sales and fashion trends, u hton goldsmith , myanmar

 

ဒီတစ်ခါပြောပြပေးဖို့ ရွေးချယ်ထားတဲ့အကြောင်းအရာလေးကတော့ Covid 19 ကာလအတွင်းမှာ ပြောင်းလဲလာတဲ့အခြေအနေတွေနဲ့အတူ Fashion Trend တစ်ခုအနေနဲ့ လက်ရှိမှာ အောင်မြင်နေတဲ့ LIVE Sales ဈေးကွက်လေးတွေအကြောင်းပဲဖြစ်ပါတယ်။

ဘာလိုလိုနဲ့ ကိုဗစ်ရောဂါစတင်ဖြစ်ပွားခဲ့တာဟာ တချို့နိုင်ငံတွေမှာ အချိန်ကာလအားဖြင့် တစ်နှစ်ကျော် အချိန်ကာလတစ်ခုကိုရောက်ရှိနေပြီဖြစ်ပြီး မြန်မာနိုင်ငံမှာလည်း တစ်နှစ်နီးပါး အချိန်ကာလတစ်ခုကို ရောက်ရှိနေခဲ့တာပါ။ အခုလို Covid 19 ကာလအတွင်းမှာ ပုံမှန်လူနေမှုပုံစံတွေကို ပြောင်းလဲပြီး Social Distancing နည်းစနစ်ကို ကျင့်သုံးပြီး နေထိုင်နေကြရတာဟာလည်း ကျင့်သားရတဲ့အချိန်ကာလတစ်ခုကို ရောက်ရှိနေပြီပဲဖြစ်ပါတယ်။

Covid 19 ကြောင့် ကမ္ဘာ့နိုင်ငံအတော်များများဟာ နေ့စဉ်ပုံမှန်အလုပ်သွားနေရတဲ့ လုပ်ငန်းခွင်အစား Work From Home အဖြစ် အိမ်မှာနေရင်းအလုပ်တွေလုပ်လာရသလို ကျောင်းတွေသင်တန်းတွေကို ပိတ်ထားရခြင်းကြောင့် Online Class တွေ Zoom Class တွေမှာ သင်ကြားမှုပုံစံ ခေတ်စားလာပြီး စားသောက်ဆိုင်တွေမှာထိုင်စားဖို့ ခွင့်မပြုတာကြောင့် Take Away ပါဆယ်စနစ်ဖြင့် ဝယ်ယူခြင်းနဲ့ Delivery မှာယူစားသောက်ခြင်းဆိုတဲ့ လူတွေရဲ့ Life Style တွေဟာ တဖြည်းဖြည်းပြောင်းလဲလာခဲ့ကြပါတယ်။ အထူးသဖြင့် ရောင်းဝယ်ရေးအလုပ်အများစုဟာ  Covid 19 ကြောင့် ပိတ်ထားရပြီး ကုန်ပစ္စည်းအရောင်းအဝယ်များဟာလည်း ဆိုင်များပိတ်ထားရခြင်းနဲ့အတူ ရပ်ဆိုင်းခဲ့ကြရပါတယ်။ ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံဟာလည်း စီးပွားရေးဈေးကွက်တွေမှာ ထိခိုက်မှုများစွာနဲ့ရင်ဆိုင်ကြရပါတယ်။

ဒီလိုအချိန်မှာ စီးပွားရေးဈေးကွက်‌အရောင်းအဝယ်မှာ လှုပ်ရှားမှုတစ်ခုဖြစ်ခဲ့တာကတော့ မိမိတို့ရဲ့ ကုန်ပစ္စည်းများကို LIVE Sales ရောင်းချခြင်းပဲဖြစ်ပါတယ်။ လူအများစုဟာ ၎င်းတို့ရဲ့ ကုန်ပစ္စည်းတွေကို Facebook ပေါ်မှာ LIVE လွှင့်ရောင်းချခြင်းဖြင့် အတော်လေးအောင်မြင်ခဲ့ပြီး လက်ရှိမှာ ကုန်ပစ္စည်းအားလုံးနီးပါးကို မိမိတို့ရဲ့ Facebook account မှတစ်ဆင့်စိတ်ကြိုက်‌ ရောင်းချ ဝယ်ယူလို့ရနေကြပြီပဲဖြစ်ပါတယ်။ LIVE sales တွေရဲ့ အဓိကအောင်မြင်မှုကတော့ မိမိတို့ရဲ့ကုန်ပစ္စည်းများကို promotions တွေအများကြီးပြုလုပ်ပေးကြပြီး ကြည့်ရှုသူတိုင်းအတွက်လည်း ကံစမ်းမဲအစီအစဉ်တွေနဲ့ ဆွဲဆောင်နိုင်မှုတွေကြောင့် လူတွေရဲ့ စိတ်ဝင်စားမှုကိုခံရပြီး ဝယ်ယူသူများပြားလာတာကြောင့် ထင်ထားတာထက်ပိုပြီး အောင်မြင်လာခဲ့တာပဲဖြစ်ပါတယ်။ အခုအခါမှာတော့ ကံစမ်းမဲတွေ Promotion Price တွေအပြင် LIVE sales လွှင့်တဲ့ အခါမှာလည်း Celebrity တွေနဲ့အတူ မိမိတို့ရဲ့ ပစ္စည်းတွေကို LIVE လွှင့်ရောင်းချမှုတွေပါခေတ်စားလာနေပြီပဲဖြစ်ပါတယ်။ အိမ်၊ ကား၊ ရွှေ၊ ဖုန်း၊ Computer၊ Laptop စတဲ့တန်ဖိုးကြီးတဲ့ ပစ္စည်းတွေကစလို့ အဝတ်အစား၊ ထီး၊ ဖိနပ်၊ အလှကုန်ပစ္စည်း နဲ့ စားသောက်ကုန်ပစ္စည်းတွေကအဆုံး ပစ္စည်းစုံကို LIVE Sales မှာဝယ်ယူနိုင်နေပြီပဲဖြစ်ပါတယ်။ LIVE Sales တွေရှိလာခြင်းအားဖြင့် လူအများစုဟာလည်း အပြင်ထွက်ပြီး ဈေးဝယ်ခြင်းမျိုးထက် အိမ်မှာ နေရင်း ကိုယ်လိုချင်တဲ့ ပစ္စည်းစုံကို ဝယ်လို့ရနေတာကြောင့် အဆင်ပြေသလို စီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့လည်းလည်ပတ်နိုင်တဲ့ Fashion Trend တစ်ခုဖြစ်လာခဲ့ပါတယ်။

အခုပြောပြပေးခဲ့တာကတော့ Covid 19 ကာလအတွင်း New Normal Life မှာ ကြုံတွေရင်ဆိုင်နေကြရတဲ့ အပြောင်းအလဲတွေနဲ့အတူ ခေတ်စားလာခဲ့တဲ့ Fashion Trend တစ်ခုဖြစ်တဲ့ LIVE Sales ဈေးကွက်လေးတွေအကြောင်းကို ဗဟုသုတတစ်ခုအနေနဲ့ သိရှိသွားစေဖို့ ရည်ရွယ်တင်ပြခဲ့တာပဲဖြစ်ပါတယ်။