ကျောက်မျက်အကြောင်းသိကောင်းစရာ, မွေးနေ့ကျောက်

January (ဇန်နဝါရီလ) ဖွားများအတွက် မွေးနေ့ကျောက်လေး Garnet (ဥဒေါင်းကျောက်)

U Hton Garnet

January Born လေးတွေအတွက် Lucky Birthstone လေး အကြောင်း သိသလောက် မျှဝေပေးချင်ပါတယ်။ ကိုယ်မွေးတဲ့လနဲ့ တစ်ထပ်တည်းကျမယ့် Birthstone လေးက ဘာများလဲ။ ဘာအတွက် လအလိုက်တစ်ခုနဲ့တစ်ခုမတူတာလဲ အစရှိတဲ့မေးခွန်းလေးတွေ အတွေးလေးတွေ အများကြီးရှိမယ်ထင်ပါတယ်နော်။ ကိုယ့်မွေးဖွားတဲ့လအလိုက် Birthstone လေးတွေကို ခွဲခြားသတ်မှတ်မှုဟာ အခုမှခေတ်စားတာမျိုးမဟုတ်ဘဲ လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်စုနှစ်များစွာတည်းက စတင်ခဲ့ကြတာပါ။

နှစ်တစ်နှစ်ရဲ့အစဖြစ်တဲ့ ဇန်နဝါရီလမှာ မွေးတဲ့လူတွေအတွက် သတ်မှတ်ထားတဲ့ Birthstone လေးကတော့ Garnet (ခေါ်) ဥဒေါင်းကျောက်လေးပဲ ဖြစ်ပါတယ်။ Garnet ဆိုတဲ့စကားလုံးကို ၁၄ ရာစုအလယ်ပိုင်း အင်္ဂလိပ်မှဆင်းသက်လာပြီး “အနီနက်ရောင်” လို့ အဓိပ္ပါယ်ရပါတယ်။ အချို့ရှားပါးသောကျောက်မျက်ရတနာများသည် အပြာရောင်၊ အရောင်မဲ့၊ သို့မဟုတ် အလင်းရောင်ပေါ်မူတည်၍ အရောင်များပြောင်းလဲကြသည်။ သို့သော် Garnet အရောင်ကို အများအားဖြင့် အနီရောင်မှ အနီရင့်ရင့်အရောင်ဖြင့်သာ အများဆုံးတွေ့ရသည်။

Garnet သည် အလွန်ကြာရှည်ခံသောကျောက်မျက်ရတနာတစ်မျိုးလည်း ဖြစ်သည်။
(Mohs စကေး ၆.၅-၇.၅)နှင့် ကမ္ဘာတစ်ဝှမ်းလုံးတွင်တွေ့ရတတ်ပြီး အတွေ့ရအများဆုံး‌မှာ Wyoming၊ Czech Republic၊ Greece၊ Russia၊ Tanzania၊ Madagascar၊ Sri Lanka နှင့် India တို့ ဖြစ်သည်။
Garnet သည် လွန်ခဲ့သော ၃ နှင့် ၄ ရာစုနှစ်ကတည်းက ရောမတွင် ရေပန်းစားခဲ့သည်။ စစ်မြေပြင်သို့ ရောက်နေသောစစ်သားများနှင့် အနာရောဂါကပ်ဘေးများမှ ကာကွယ်ရန် အဆောင်လက်ဖွဲ့အဖြစ် အသုံးပြုခဲ့ကြသည်။
ရှေးခေတ်က သမားတော်များ နှင့် သုတေသနပညာရှင်များက အနာများကိုပင် ကုနိုင်ပြီး အနာကျက်မြန်စွမ်းရှိသည်ဟု ဆိုကြသည်။ ဒဏ္ဌာရီများရဲ့ အဆိုအရ အိမ်တွင်းငြိမ်းချမ်းရေး၊ ကြွယ်ဝမှုနဲ့ ကျန်းမာရေးကို ဆောင်ကြဉ်းပေးနိုင်သည်ဟု ဆိုကြသည်။ အချို့သည်လည်း ၎င်းကို “ယုံကြည်ခြင်းကျောက်”ဟု ဆိုကြသည်။ ၎င်းကို ဝတ်ဆင်ပြီး ကောင်းသောအကျင့်ကို ကျင့်သောသူသည် ပိုမိုကောင်းသောအရာဖြစ်လာလိမ့်မည်ဟု ယုံကြည်ကြသည်။ တနည်းအားဖြင့်ဆိုလျှင် မိမိ အပြုအမူ၏ ကောင်းခြင်းဆိုးခြင်းကို ပိုမိုအားကောင်းစေမည် ဖြစ်ပါသည်။

Garnet ကျောက်သည် နက်ရှိုင်းသောတည်မြဲချစ်ကြည်ရေးကိုလည်း ပုံဆောင်သည်။ ထို့ကြောင့် မိမိ၏ ခင်မင်မှုနှင့် ချစ်ခြင်းမေတ္တာကို တန်ဖိုးထားခြင်းကို ပြသရန်အတွက်  Garnet ကျောက်ကို လက်ဆောင်ပေးကြသည်။
ဇန်နဝါရီလဖွား မွေးဖွားသူများအတွက် နှစ်သစ်တွင် ပျော်ရွှင်ခြင်း၊ ကျန်းမာခြင်း နှင့် စိတ်နှလုံးတည်ကြည်ခြင်း စသည့် Garnet ကျောက်၏စွမ်းအင်တွေနဲ့အတူ နှစ်တစ်နှစ်ကို အကောင်းဆုံးစတင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။