ရွှေအကြောင်းသိကောင်းစရာ

ရွှေကလစ်ကို ဘာကြောင့် ပန်ဆင်သင့်သလဲ

how you can wear a hairpin , u hton goldsmith , myanmar

ဟိုးရှေးအစဉ်အလာထဲကပင် မိန်းမတို့ဘုန်း ဆံထုံးဆိုသည့် ဆိုရိုးစကားတစ်ခု ရှိခဲ့ဖူးသည်။ ထိုဆိုရိုစကားအတိုင်းပဲ မိန်းကလေးအများစုက မိမိတို့၏ ဆံကေသာကို မြတ်နိုးတန်ဖိုးထားတတ်ကြပါသည်။ မိမိတို့ တန်ဖိုးထားတဲ့ ဆံကေသာကိုလည်း ပုံစံအမျိုးမျိုး၊ အဆင်တန်ဆာအမျိုးမျိုးနဲ့ အလှဆင်တတ်ကြပါသည်။ ထိုအဆင်တန်ဆာ အမျိုးမျိုးထဲမှ ရွှေကလစ်ကို ပန်ဆင်သူ အများအပြားတွေ့ရပါသည်။

ရွှေကလစ်ကို ဝတ်ဆင်ခြင်းအားဖြင့် မိမိတို့ တန်ဖိုးထားရတဲ့ ဆံကေသာပေါ်မှာ တန်ဖိုးရှိတဲ့ ရွှေကလစ်ကို ပန်ဆင်ထားခြင်းဖြင့် ရွှေရွှေချင်းထပ် မြတ်တယ်ဆိုသကဲ့သို့ တင့်တယ်ပြီး လှပနေမှာက ဧကန်အမှန်ပင်ဖြစ်ပါသည်။ ယခုခေတ်မှာဆိုရင် ဘေးထိုးကလစ် နောက်ညှပ်ကလစ်ဆိုပြီး ပုံစံမျိုးစုံ၊ Design မျိုးစုံ ရှိလာသည်ကိုလည်း တွေ့ရပါသည်။ ထို့ကြောင့်လည်း ပုံစံမျိုးစုံ၊ အလှမျိုးစုံနဲ့ ရွှေကလစ်ကို ပန်ဆင်သင့်ပါသည်။

ရွှေကလစ်လေးတွေ ဆင်မြန်းထားခြင်းဖြင့် မြင်သူတိုင်း ငေးပြီး မိမိ၏ ခန့်ညားထည်ဝါမှုကို သိမြင်ကြသည့်အပြင် ကျက်သရေမင်္ဂလာ အဖြာဖြာနဲ့ ပြီးပြည့်စုံတဲ့ အလှတရားကို ပိုပိုင်ဆိုင်နိုင်မည်မှာ ဧကန်အမှန်ပင်ဖြစ်ပါသည်။