ပညာရေး, အထွေထွေသိမှတ်စရာ

ကိုယ်နဲ့လိုက်ဖက်ညီမယ့် ဘယ်လိုနားကပ်မျိုးကို ဝတ်ဆင်သင့်တာလဲ?

ကိုယ်နဲ့လိုက်ဖက်ညီမယ့်ဘယ်လိုနားကပ်မျိုးကိုဝတ်ဆင်သင့်တာလဲ

ဦးထုံရွှေချစ်သူတွေကို အခုတစ်ခါ တင်ပြပေးမယ့် ဗဟုသုတလေးကတော့ ဘယ်လိုနားပိုင်ရှင်တွေက ဘယ်လိုနားကပ်တွေကို ဝတ်ဆင်သင့်ကြောင်းကို တင်ပြပေးလိုက်ပါတယ်နော်။

အကယ်လို့ နားထူထူလေးတွေကို ပိုင်ဆိုင်ထားတဲ့ ချစ်လေးတွေဆိုရင်တော့  ဖောင်းတံရှည်တဲ့ နားကပ်လေးတွေကိုရွေးချယ်ပြီး ဝတ်ဆင်သင့်ပါတယ်နော်။ ဒါမှ ကိုယ့်နားလေးက ဝတ်ရတာ သက်တောင့်သက်သာ ဖြစ်ပြီး ယုံကြည့်မှုအပြည့် ရှိနေမှာပေါ့။ ကိုယ့်ရဲ့နားက ထူထူလေးဆိုတော့ ဖောင်းတံလေးက တိုနေမယ်ဆိုရင် နားကတင်းကျပ်ကျပ်ဖြစ်နေပြီး နေရထိုင်ရခက်ပါမယ်နော်။ ပြီးတော့ နားအသားထဲမှာ မြုပ်နေပြီး ကြာရင်နားသားတွေက ရိလာပြီး အနာတွေဖြစ်တတ်ပါတယ်နော်။ နားထူထူလေးကိုပိုင်ဆိုင်သူတွေကတော့ နားကပ်လေးတွေပဲဖြစ်ဖြစ် နားဆွဲလေးတွေပဲဖြစ်ဖြစ် ကြီးကြီးလေးနဲ့ထည်ထည်လေးတွေကို ဝတ်ဆင်ရင် ပိုပြီးတော့မှ ကြည့်လို့ကောင်းပါတယ်နော် . . .

ချစ်လေးတို့ရဲ့ နားလေးတွေဟာ ပါးတဲ့အထဲမှာသာပါမယ်ဆို ဖောင်းတံကို ခပ်တိုတိုလေးနဲ့ ရွှေသား ထည်ကိုပဲဖြစ်ဖြစ် ကျောက်သားထည်ကိုပဲဖြစ်ဖြစ် ပေါ့ပေါ့ပါးပါးရှိမယ့် နားကပ်လေးတွကို ရွေး ချယ်ပြီးဝတ်ဆင်ပါနော်။ အဲလိုနားကပ်လေးတွေက ပေါ့ပါးပြီး လိုက်ဖက်နေမှာပါ။ နားကပါးတော့ ခပ်ကြီးကြီးနဲ့ လေးလံတဲ့ နားကပ်တွေကိုတော့ ရှောင်ရပါမယ်နော်။ အဲ့လိုနားကပ်တွေကို ဝတ်ဆင်မယ်ဆို ချစ်လေးတို့က နားပါးတဲ့အတွက် နားကို အနာတွေဖြစ်စေမယ်၊ နားတွဲကျတာမျိုးတို့ နောက်ဆုံးပြတ်သွားတဲ့ထိ ဖြစ်သွားနိုင်ပါတယ်နော်။ နားပါးတဲ့ ချစ်လေးတို့ကတော့ နားဆွဲတို့ ချိတ်နားဆွဲတို့ကို ရှောင်သင့်ပါတယ်နော်။

မျက်နှာဝိုင်းဝိုင်းလေးတွေကို ပိုင်ဆိုင်ထားမယ်ဆိုရင်တော့ နားကပ်လေးဆိုရင်လည်း ထည်ထည်လှလှ, နားဆွဲလေးဆိုရင်လည်း  ခပ်တိုတိုနဲ့ ကြီးကြီးထည်ထည်လေးတွေက ပိုပြီးတော့မှ လိုက်ဖက်မှုရှိပါတယ်။ လည်တံရှင်းရှင်းလေးတွေရဲ့ ပိုင်ရှင်တို့ကတော့ နားဆွဲရှည်ရှည်လေးတွေနဲ့ဆို အတော်လေးကို ကြည့်လို့ကောင်းစေမှာပါ။ ဒါပေမယ့် နားပါးတယ်ဆိုရင်တော့ ရှောင်သင့်ပါတယ်။ ဝတ်ဆင်ချင်ရင်တော့ ခပ်တိုတိုလေးနဲ့ ပေါ့ပေါ့ပါးပါးရှိမယ့် နားကပ်လေးတွေကို ရွေးချယ်ဝတ်ဆင်ကြရပါမယ်နော်  . . .