ဆောင်းပါး, ရွှေအကြောင်းသိကောင်းစရာ

ရွှေ၏ သမိုင်းကြောင်းနှင့် ခေတ်အဆက်ဆက်အသုံးပြုခဲ့ပုံများ

history of gold, u hton goldsmith, myanmar

လွန်ခဲ့သော ထောင်စုနှစ်များစွာထဲက ရွှေသည် အဖိုးတန်သတ္ထုအဖြစ် ခေတ်အဆက်ဆက် တည်ရှိခဲ့သည်။ ရွှေကို လူသားတို့ လိုချင်တပ်မက်စွဲလမ်းကြသည်မှာ မလွဲဧကန်ပင်ဖြစ်သည်။ ရွှေဟာ ဘာကြောင့် အဖိုးတန်သော သတ္ထုတစ်ခုအဖြစ် တည်ရှိနေသနည်း။ ရွှေ၏ တန်ဖိုးကို မည်သို့သတ်မှတ်သလဲ။ နောင်အနာဂတ်ကာလများတွင် ရွှေ၏ တန်ဖိုး ဆက်လက်တည်ရှိနေဦးမှာလား။ ဒီမေးခွန်းလေးတွေနဲ့အတူ ရွှေအကြောင်း သိကောင်းစရာ အထွေထွေကို မျှဝေပေးစေချင်ပါတယ်။

ရွှေကို ဘီစီ ၄၀၀၀၀ လောက်ထဲက ရှေးခေတ်အီဂျစ်လူမျိုးများမှ ကျောက်ဂူများတွင် ရွှေအလွှာများကို စတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။ လူမှုရေးအဆင့်အတန်း သင်္ကေတအဖြစ် ရွှေကို စတင်တန်ဖိုးထား သတ်မှတ်တာကတော့ ဂရိလူမျိုးများဖြစ်ပါတယ်။ မိမိတို့ တန်ဖိုးထားရတဲ့ ရုပ်ထုတွေ ယုံကြည်ကိုးကွယ်ကြတဲ့ နတ်ဘုရားတွေကို တန်ဖိုးထားကာ စတင်ပြီး ရွှေရည် သွန်းလောင်းကာ ပူဇော်မှု စတင်ပြုလုပ်လာခဲ့ကြပါတယ်။ ငွေအဖြစ် စတင်တန်ဖိုးထား သတ်မှတ်လာကတည်းကပင် ငွေ၏ တန်ဖိုးထက် တန်ဖိုးကြီးသောတစ်ခုထဲသောအရာမှာ ရွှေဖြစ်သည်။ ထိုခေတ်ကထဲကပင် ရွှေ၏တန်ဖိုးကို ရွှေ ၁ ဆ ငွေ ၂ ဆ အဖြစ် သတ်မှတ်ခဲ့ကြသည်။ရွှေတုံး၊ ရွှေဆများကို မိမိတို့ချစ်ရသောသူ၊ မိတ်ဆွေ၊ လူကြီးများကို လက်ဆောင်အဖြစ် ပေးကြသည်။ရွှေဒင်္ဂါးများ ပြုလုပ်၍လဲ ကုန်သွယ်ရေး၊ ကူသန်းရောင်းဝယ်ရေး စသည်တို့တွင် ငွေကြေးနှင့်အတူ သုံးစွဲကြသည်။ ပြိုင်ပွဲများ ကျင်းပကာ အနိုင်ရရှိသူကို ရွှေများ ဆုပေးချီးမြင့်ခြင်း ပြုလုပ်လာကြသည်မှာ ယခုတိုင်ပင်ဖြစ်ပါသည်။

( ၄ )နှစ် တစ်ကြိမ် ကျင်းပပြုလုပ်သော ကမ္ဘာ့ဖလားကြီး ( FIFA [Federation International de Football Association] ) ကိုပင် ရွှေဖြင့် ပြုလုပ်ထားသည်ကို ကြည့်ခြင်းအားဖြင့် လူသားတို့၏ ရွှေအပေါ် ယခုတိုင် တန်ဖိုးထားပုံကို သိရှိနိုင်ပါသည်။ ၁၇၉၂ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုက အမေရိကန်ဒေါ်လာနှင့်အညီ ရွှေကို တန်ဖိုးထားသတ်မှတ်ခဲ့သည်။ ထိုအချိန်က ရွှေ၏တန်ဖိုးသည် ငွေထက် ၁၅ ဆ လောက် ပိုမြင့်မားလာပြီဖြစ်သည်။ (၁၈၀၀) ပြည့်နှစ်လောက်တွင် ရွှေ၏ တန်ဖိုးကို သိရှိသူများပြားလာပြီး ရွှေတုံးတစ်တုံးသည် လူတစ်ဦးကို သန်းကြွယ်သူဌေး ဖြစ်စေနိုင်သည့် အတွက် ရွှေရှာသူများစွာ ပေါ်ထွက်လာပြီး ရွှေနှင့်ပတ်သက်သည့် ပရိပက္ခများ ဖြစ်လာကြသည်။ ၁၉၄၄ ခုနှစ်တွင် ကမ္ဘာ့ ခေါင်းဆောင်ကြီးများ အတူတကွပူးပေါင်းပြီး ရွှေဈေးနှုန်းကို အမေရိကန်ဒေါ်လာနှင့်အညီ သတ်မှတ်ပြီး ရွှေလဲလှယ်မှု စံနှုန်းတစ်ခု သတ်မှတ်လိုက်သည်။ ထိုသို့ ပြုလုပ်လိုက်ခြင်းကြောင့် ကမ္ဘာ့ငွေကြေးဈေးကွက်တွင် အမေရိကန်သည် အလွန်အင်အားကြီးမားလာခဲ့သည်။

၁၉၇၁ ခုနှစ်ထဲကပင် ရွှေသည် အကောင်းဆုံး ရင်းနှီးမြုပ်နှံမှုအဖြစ် ပြုလုပ်လာခဲ့ကြသည်။ ရွှေသည် အလှအပ၊ သန့်ရှင်းစင်ကြယ်မှု၊ အောင်မြင်မှုတို့ကို ကိုယ်စားပြုပါတယ်လို့ ရှေ့ခေတ်ကထဲကပင် သုတေသီတို့က လက်ခံထားကြသည်။ ရွှေ၏စွမ်းအင်မှာ နွေးထွေးသော သဘောရှိသည်။ ရွှေနှင့် ထိတွေ့လိုက်သည့် လူသားတို့၏ ခန္ဓာကိုယ် အစိတ်အပိုင်းအားလုံးတွင် ဓာတ်မတည့်ခြင်းကြောင့် ဖြစ်ပေါ်လာတက်တဲ့ ယားယံခြင်း၊ အဖုအပိန့်ထခြင်းတို့ကို မဖြစ်ပေါ်စေပဲ သွေးလည်ပတ်မှုကို ကောင်းမွန်စေပါသည်။ ထို့ကြောင့် ရွှေနှင့် ပြုလုပ်သော ဆေးများစွာတီထွင်ပြီး အလှအပနှင့် ကျန်းမာရေးအတွက် ထိုခေတ်ကတည်းကပင် တီထွင်ခဲ့ကြသည်။

Elixir ဟုခေါ်သော (ရောဂါအားလုံးပျောက်ကင်းသည့်ဆေး) ကို ရှေးခေတ်အီဂျစ်ပညာရှင်တို့က စတင်တီထွင်ခဲ့ကြသည်။ ထိုခေတ် အချိန်အခါက ရွှေစားသုံးခြင်း ဆိုသည်မှာ မဖြစ်နိုင်သော်လည်း ယခု ၂၀ ရာစု ခေတ်တွင် ရွှေစားသုံးခြင်းဆိုတာ အမှန်တကယ် ဖြစ်လာပြီဖြစ်သည်။ ရွှေကို စားသုံးခြင်းအားဖြင့် ဉာဏ်ရည်ထက်မြက်စေခြင်း၊ စိတ်နှလုံးအေးမြစေခြင်းနှင့် အရွယ်တင်နုပျိုစေသည်ဟု သုတေသနပညာရှင်တို့က ရှာဖွေတွေ့ရှိခဲ့ကြသည်။ ရွှေသည် အဆိပ်မဟုတ်ကြောင်း မည်သည့် သတ္တဝါကိုမှ အန္တရာယ်ဖြစ်စေသည့် သတ္ထုမဟုတ်ကြောင်း အီဂျစ်ဆေးပညာရှင်တို့ကလဲ အခိုင်အမာထောက်ခံ ပြောဆိုထားသည်။ ထိုခေတ်ကထဲကပင် မိမိတို့၏ပျက်စီးကျိုးပဲ့သွားသော သွားများကို ရွှေဖြင့် အစားထိုး စိုက်ခြင်းလဲ ရှိလာခဲ့သည်။ မိမိတို့၏ အရေပြားပေါ်တွင် ဖြစ်တက်သော အဖုအပိန့် အစက်အပြောက်များ၊ ခြေလက်များတွင်ဖြစ်တတ်သော အဆစ်ရောင်ရမ်းခြင်း စသည်တို့ကို ကုသရန် ရွှေကုထုံးများသည် ထိုခေတ်ကတည်းကပင် အလွန်အမင်း ရေပန်းစားလျက်ရှိသည်။

ရွှေ၏ တန်ဖိုးမှာ ဘာလို့တန်ဖိုးမကျပဲ ယခုထက်ထိတိုင်အောင် တန်ဖိုးကြီးနေရတာလဲဆိုတာ ဆက်လက်၍ မျှဝေကြည့်ရအောင်… မည်သည့်ကုန်ပစ္စည်းမဆို ဈေးနှုန်းကို အတိအကျ ခန့်မှန်းရန် မဖြစ်နိုင်ပါ။ ထို့အတူ မည်သည့်ကုန်ပစ္စည်းမဆို တစ်သမတ်ထဲ တန်ဖိုးသတ်မှတ်၍ မဖြစ်နိုင်ပါ။ ခေတ်ကာလအရ ပေါ်ထွန်းလာသော ပစ္စည်းများသည် ရွှေကဲ့သို့ တန်ဖိုးရှိလှသော်လည်း အချိန်ကာလတစ်ခုအကြာတွင် သတ်မှတ်တန်ဖိုးထက် လျော့သွားမည်ဖြစ်သည်။ ဥပမာ- ကား၊ ဆိုင်ကယ်၊ ဖုန်း စသည့် အဖိုးတန် စက်ပစ္စည်းများသည် ရွှေကဲ့သို့ တန်ဖိုးကြီးပေးဝယ်ရသော်လဲ လအနည်းငယ်၊ နှစ်အနည်းငယ် ကြာမြင့်လာသောအခါ ပေးဝယ်ခဲ့ရသော တန်ဖိုးထက် ကျဆင်းလာခဲ့ရသည်။ အရည်အသွးပေါ် မူတည်၍ သူတို့၏တန်ဖိုး တဖြည်းဖြည်း ကျဆင်းလာရသည်ဟု ဆိုကြသော်လည်း အရည်အသွေးကောင်းနေသည့်တိုင် ပစ္စည်းအသစ်အဆန်းများပေါ်လာလျှင်လည်း တန်ဖိုးကျရပြန်သည်။ သို့သော် ရွှေသည် ဟောင်းသွားလျှင်လည်း တန်ဖိုး လျော့သွားမည်မဟုတ် မိမိ၏ နဂိုမူလ တန်ဖိုးအတိုင်း တည်ရှိမြဲပင်ဖြစ်သည်။ ထို့ကြောင့် ရွှေသည် လူသားတို့အတွက် နောင်နှစ်ပေါင်းများစွာတိုင် ဆက်လက်၍ တန်ဖိုးရှိနေမည့် အဖိုးတန် သတ္တုတစ်ခုပင် ဖြစ်ပါသည်။