ပြည်ပသတင်း

လန်ဒန်မြို့ရှိ ရွှေတိုက်များနှင့် ရွှေပိုင်ဆိုင်သူများ

London Gold & Banking

လန်ဒန်မြို့ဟာ ကမ္ဘာပေါ်မှာ ရွှေကို စတုတ္ထအများဆုံး တင်သွင်းပြီး ဒုတိယအများဆုံး တင်ပို့နေတဲ့ ဈေးကွက်ဌာနကြီးဖြစ်ပါတယ်။ လန်ဒန်ဟာ ရွှေထွက်တဲ့နေရာလည်း မဟုတ်သလို ရွှေကို ဝတ်ဆင်သုံးစွဲကြတဲ့ ဓလေ့ရော ဈေးကွက်ပါမရှိပါဘူး။ သို့သော် ကမ္ဘာ့ရွှေဈေးကွက်ကြီးတစ်ခုလုံးရဲ့  ဗဟိုဌာနဖြစ်ပါတယ်။ ရွှေပိုင်ဆိုင်မှုများသည့်အလျောက်
၎င်းတို့ပိုင်ရွှေများကို စနစ်တကျ ခွဲဝေသိမ်းဆည်းထားပါတယ်။ လန်ဒန်မြို့ လမ်းမများ၏ အောက်တွင် နှစ်ထပ်မြေအောက်ခန်းများ ပြုလုပ်၍ သိမ်းဆည်းထားပါတယ်။ တရုတ်စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် ICBC မှ လန်ဒန်မြေအောက်ခန်းတစ်ခန်းရှိ ဘာကလေ ရွှေတိုက်ကို ဝယ်ယူခဲ့ပါတယ်။ ဘာကလေရွှေတိုက်ကို ICBC က ဝယ်ယူခြင်းနဲ့ပတ်သက်ပြီးလည်း ကောလဟာလများထွက်ပေါ်လာပါတယ်။

မည်သို့ပင်ဆိုစေကာမူ ICBC က ရွှေတိုက်အခွံချည်းသက်သက်ကိုတော့ ဝယ်မည်မဟုတ်ပါ။
လန်ဒန်မြို့ ရဲ့နေရာ ( 7 ) ခုမှာ ရွှေတန်ချိန် 6500 ကို ခွဲဝေသိမ်းဆည်းထားပြီး အများစုသောရွှေတွေကိုတော့
အင်္ဂလန်ဘဏ်မှာ သိမ်းဆည်းထားတာဖြစ်ပါတယ်။ အဲဒီမှာ လန်ဒန်၏ ရွှေပိုင်ဆိုင်မှုရဲ့  75 ရာခိုင်နှုန်းဖြစ်တဲ့
တန် 5000 ကျော်ရှိပါတယ်။ ၎င်းရွှေတွေကို ပေါင် 30 လောက်စီ လေးတဲ့ ရွှေချောင်းတွေအဖြစ် ပြုလုပ်သိမ်းဆည်းထားပါတယ်။ ခန့်မှန်းခြေ ရွှေချောင်း 5 သိန်းလောက် ရှိပါတယ်။ ထိုရွှေချောင်းတစ်ချောင်းကိုဒေါ်လာ 5 သိန်းဝန်းကျင် တန်ကြေးရှိပါတယ်။ ထိုမျှ များပြားလှသော ပမာဏထဲတွင် ဗြိတိသျှဘဏ္ဍာရေးဌာနက ပိုင်တဲ့ရွှေက
ဆယ်ပုံ တစ်ပုံတောင်မရှိပါဘူး။ ရွှေတန်ချိန် 3000 ဝန်းကျင်လောက်ကိုပဲ အင်္ဂလန်မှာရှိတဲ့ ဘဏ္ဍာရေးဌာနက ပိုင်ပြီး ကျန်ရွှေအားလုံးကိုတော့ စီးပွားရေးသမားတွေကသာ ပိုင်ပါတယ်။ လန်ဒန်ရွှေတိုက်တွေမှာ ရွှေသိမ်းထားခြင်းဖြင့် ပုဂ္ဂလိကလုပ်ငန်းရှင်တွေ၊ ရင်းနှီးမြှုပ်နှံသူတွေ၊ စတော့ဈေးကစားသူတွေ၊ သူဌေးမိသားစုတွေနဲ့ တခြားလုပ်ငန်းရှင်တွေ စတဲ့ငွေကြေးချမ်းသာသူများက ၎င်းတို့ပိုင်ဆိုင်မှုတွေကို ထိန်းသိမ်းကြပါတယ်။
၎င်းတို့ဟာ ယခင်က ရွှေသိမ်းခြင်းနှင့်ပတ်သတ်တဲ့ အခွန်အကောက်များကို ဘာကလေဘဏ် ကို ပေးအပ်ရပါတယ်။ ယခုအခါမှာတော့ ဘာကလေဘဏ်ကို တရုတ်နိုင်ငံပိုင် ICBC ဘဏ်က ဝယ်ယူလိုက်သည့်အတွက် ICBC ကို ပြောင်းလဲပေးအပ်ရတော့မှာဖြစ်ပါတယ်။