ပြည်တွင်းသတင်း, ပြည်ပသတင်း

ရွှေဈေးအတက်အကျဘာလို့အရမ်းကြမ်းနေပါသလဲ?

Gold Virus 1

ကမ္ဘာ့နိုင်ငံအများစုမှာ ဖြစ်ပွားနေတဲ့ Corona Virus ( COVID- 19 ) အနေအထားကြောင့် စီးပွားရေးလုပ်ငန်း
အများစုမှာ ရပ်တန့်ထားကြပါတယ်။ ဥပမာအားဖြင့် နိုင်ငံတွေ ခရီးသွား ပိတ်ပင်ထားကြပါတယ်။ နိုင်ငံအများစုရဲ့စက်ရုံတွေမှာကုန်ကြမ်းပစ္စည်းတွေ မရနိုင်သောကြောင့် ထုတ်လုပ်မှုတွေကို ရပ်တန့်ထားရပါတယ်။
ကမ္ဘာ့စီးပွားရေးလုပ်ငန်းရှင်တွေမှာလည်း သဘာ၀ ရေနံ ၊ ရွှေ ၊ စတော့ဈေးကွက် နှင့် လုပ်ငန်းတွေမှာ
တက်နိုင်ကျနိုင်တယ်ဆိုတာကို မှန်းရခက်နေပါတယ်။ ထိုစိုးရိမ်မှုကြောင့် Stock Prices တွေ ကျမှာစိုးတာကြောင့် Stock တွေကို ထုတ်ရောင်းကြပြီး ရွှေ၊ ငွေ၊ ပလက်တီနမ် တို့မှာ ရင်းနှီးမြုပ်နှံတဲ့သူတွေများကြပါတယ်။
ထို့ကြောင့် ကမ္ဘာ့ရွှေဈေးသည်တက်လာပါတယ်။
တစ်ခါ Stock Prices တွေ ပြန်ငြိမ်လာတဲ့အခါ ရွှေတွေ ပြန်ထုတ်ရောင်းကြပါတယ်။ ထို့ကြောင့် ကမ္ဘာ့ရွှေဈေးသည် ပြန်ကျလာပါတယ်။ ရေနံဈေးမှာလည်း တည်ငြိမ်မှုမရှိသောကြောင့် ရွှေဈေးသည်လည်းအတတ်အကျ
အရမ်းကြမ်းပါတယ်။ ထို့ကြောင့် မြန်မာနိုင်ငံပြည်တွင်းရွှေဈေးကွက်မှာလည်း ဈေးမတည်ငြိမ်မှုဖြစ်ကာ
တစ်ရက်လျှင် ရွှေဈေးသည် အတက်အကျ ၄ သောင်းကျပ် ဝန်းကျင်ခန့်ဖြစ်သွားပါတယ်။ ကုန်သည်များသည်အရောင်းအဝယ်ကို ဈေးစောင့်ကြည့်ကာ ကြိုက်ရောင်း ကြိုက်ဝယ် ဈေးဖြစ်နေသောကြောင့်ရွှေဈေး သည်အတက်အကျအပြောင်းအလဲ အရမ်းများပါတယ်။