ပြည်တွင်းသတင်း

၂၀၂၂ ခုနှစ်တွင် ဖြစ်ပေါ်လာနိုင်မည့် မျှော်မှန်းစီးပွားရေးအခြေအနေ

eco in 2022

၂၀၂၁ တစ်နှစ်တာ ကာလတစ်ခုလုံး ဖြတ်ကျော်လာခဲ့ပြီးသကာလ ယခုချိန်တွင် နှစ်ဟောင်းကုန်လို့ နှစ်သစ်ကို အစပြုတော့မည့် ၂၀၂၁ ဒီဇင်ဘာကာလကို ရောက်ရှိနေပြီပင် ဖြစ်ပါသည်။၂၀၂၁ တစ်နှစ်တာ ကာလတစ်ခုလုံး ချုံငုံကြည့်ရမည်ဆိုရင်ဖြင့် မြန်မာနိုင်ငံသည် အလှုပ်အခက်များနှင့် အခက်အခဲ အပြောင်းအလဲများစွာ ကြုံတွေ့ခဲ့ရသည့် နှစ်တစ်ခုလို့ ပြောရမည်ပင် ဖြစ်ပါသည်။ ၂၀၂၀ မတ်လတွင် စတင်လာခဲ့သည့် Covid 19 ရောဂါပိုးကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်း အများစုမှာ အဆင်မပြေမှုများစွာနှင့် ကြုံတွေ့ခဲ့ရပြီး လုပ်ငန်းများ နလန်ပြန်ထူနိုင်ရန် ကြိုးစားနေစဉ်တွင် Covid 19 ရဲ့ ဒုတိယလှိုင်း၊ တတိယလှိုင်း စသည်ဖြင့် ဗိုင်းရပ်ပြန့်ပွားမှုကြောင့် လုပ်ငန်းအများစု အရှုံးပေါ်ခဲ့ရပါသည်။

ဒါ့အပြင် ၂၀၂၁ ကာလအတွင်း မြန်မာနိုင်ငံ၏ နိုင်ငံတွင်း အခြေအနေများကြောင့် ငွေကြေးစီးပွားရေးဈေးကွက်တွင် အပြောင်းအလဲများစွာနှင့်အတူ အခက်အခဲများစွာ ရင်ဆိုင်ကြုံတွေ့ခဲ့ကြပါသည်။ အထူးသဖြင့် ဘဏ်လုပ်ငန်းများ ကောင်းမွန်စွာ မလည်ပတ်နိုင်ခြင်းမှ အစပြုကာ လုပ်ငန်းအများစု ရပ်တည်နိုင်ရန် ခက်ခဲသည့် အခြေအနေများ ရင်ဆိုင်ခဲ့ရခြင်းကြောင့် ဖြစ်ပါသည်။

ဒါကြောင့် ယခု နှစ်ဟောင်းကုန်လို့ နှစ်သစ် စတင်မည့် ၂၀၂၂ တွင် ဖြစ်ပေါ်လာနိုင်‌မည့် မျှော်မှန်းစီးပွားရေးအခြေအနေများကို ခန့်မှန်းထင်ပြချက်များ တင်ပြ ရေးသားလိုက်ပါသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းအများစုသည် ၂၀၂၁ နိုဝင်ဘာလ မှစတင်၍ ပြန်လည် စတင်ပြီး လုပ်ငန်းအသစ် တိုးချဲ့ခြင်းများထက် မိမိ၏ ရှိရင်းစွဲ လုပ်ငန်းများအပေါ် ပြန်လည် ဆောင်ရွက် စတင်နေကြပြီပင် ဖြစ်ပါသည်။
Covid 19 ရောဂါအတွက် ချမှတ်ထားသည့် စည်းကမ်းချက်များ ပြန်လည် ဖြေလျော့မှုများ ပြုလုပ်လာခြင်းအပြင် Covid ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းစဉ်များကြောင့် လုပ်ငန်းများကို ပြန်လည် စတင်နိုင်ခဲ့သည် ဖြစ်ပါသည်။