ပရဟိတ ကောင်းမှုပြုခြင်း

ဦးထုံရွှေဆိုင်မှငွေပဒေသာပင်အလှူ

1

26 ရက်နေ့ December 2021 တွင် ဦးထုံရွှေပန်းထိမ်နှင့် ရတနာရွှေဆိုင် မိသားစုနှင့်အတူ တရုတ်တန်းအဖွဲ့အစည်းများမှ စုပေါင်းကာ ချို့တဲ့နွမ်းပါသော နေရာများသို့ သွားရောက်၍ လိုအပ်သော အလှူငွေနှင့် ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် အစရှိသော လှူဖွယ်ပစ္စည်းအစုစုကို လစဉ်လတိုင်း အဆက်မပြတ် သွားရောက် လှူဒါန်းခဲ့ပါသည်။ ထို့သို့ သွားရောက်ရာတွင် မိမိတို့ကို ပြုံးပျော်ရွှင်စွာ မျှော်လင့်စောင့်စားနေသောသူများ၏ မြင်ကွင်းလေးမှာ စိတ်ချမ်းမြေ့စရာ အလွန်ပင် ကောင်းလှပါသည်။ နောင်အလျဉ်းသင့်သည့် အခါတိုင်းတွင်လည်း ဦးထုံရွှေပန်းထိမ်နှင့် ရတနာရွှေဆိုင်မိသားစု နှင့်အတူ တရုတ်တန်းအဖွဲ့အစည်းများမှ စုပေါင်းကာ လိုအပ်သောနေရာများသို့ သွားရောက်၍ လှူဒါန်းပါဦးမည်ဟု ရည်စူးထားပါသည်။ ထိုကဲ့သို့ လှူဒါန်းနိုင်ခြင်းမှာ ဦးထုံရွှေပန်းထိမ်နှင့် ရတနာရွှေဆိုင်တွင် အစဉ်အဆက်မပြတ် ဝယ်ယူအားပေးနေသော ချစ်ခင်နှစ်သက်ရသည့် Customer များကြောင့် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ယခုထိတိုင် ချစ်ခင်လေးစားမြတ်နိုးစွာ ဝယ်ယူအားပေးနေသော Customer များအားလုံးလည်း စိတ်ချမ်းသာမှုများနှင့် လိုအင်ဆန္ဒများ တစ်လုံးတစ်ဝကြီး ပြည့်စုံကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သလိုက်ပါသည်။ ဒါ့အပြင် လှူဒါန်းသည့် ကုသိုလ်ကောင်းမှု အစုစုကို ချစ်ခင်မြတ်နိုးရသော Customer များနှင့်တကွ မိဘပြည်သူပြည်သားများအားလုံး ထပ်တူထပ်မျှ ရရှိကြပြီး နတ်လူအပေါင်းမှလည်း သာဓုအနုမော်ဓနာ ခေါ်ဆိုနိုင်ကြပါစေသော် . . .