ပရဟိတ ကောင်းမှုပြုခြင်း

ဦးထုံရွှေဆိုင်မိသားစုမှအောင်ဗောဓိမြေဇင်းတောရဓမ္မရိပ်သာအလှူတော်

4

ဦးထုံရွှေပန်းထိမ် နှင့် ရတနာရွှေဆိုင် မိသားစု နှင့်အတူ Hi Hi Purified Drinking Water မိသားစုများမှ စုပေါင်း၍ ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်ရှိ ရဟန်း၊ သံဃာတော်များ၊ ယောကီများ၊ တရားဘာဝနာပွားများရာ အောင်ဗောဓိမြေဇင်းတောရ ဓမ္မရိပ်သာကျောင်း၌ အာဟာရဒါနဖြစ်သော ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် အစရှိသော လှူဖွယ်ပစ္စည်းအစုစုကို သွားရောက်လှူဒါန်းခဲ့ပါသည်။ ဤကဲ့သို့ လှူဒါန်းနိုင်ခြင်းမှာ ဦးထုံရွှေပန်းထိမ် နှင့် ရတနာရွှေဆိုင်မိသားစု နှင့် Hi Hi Purified Drinking Water တို့တွင် ယခုထိတိုင် အစဉ်အလာမပြတ် လာရောက် ဝယ်ယူအားပေးကြသော မိတ်ဟောင်းမိတ်သစ် Customer များကြောင့် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ချစ်ခင်နှစ်သက်စွာ အားပေးကြသော Customer များအားလုံးလည်း စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း နှင့် ပြည့်စုံကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သလိုက်ပါသည်။ ထိုကဲ့သို့ အောင်ဗောဓိမြေဇင်းတောရ ဓမ္မရိပ်သာကျောင်းသို့ သွားရောက်လှူဒါန်းသောအခါ အလွန်ပင် ဝမ်းသာပီတိဖြစ်ရကြောင်းကို ချစ်ရသော Customer များလည်း ထပ်တူခံစားမိစေရန် ရည်ရွယ်၍ ရေးသားတင်ဆက်လိုက်ရပါသည်။ ဒါ့အပြင် ဤကုသိုလ်ကောင်းမှု အစုစုကို ယုံကြည်စိတ်ချစွာ ကြည့်ရှုအားပေးခဲ့ကြသော Customer များ တစ်ဦးတစ်ယောက်စီနှင့်တကွ မိဘပြည်သူပြည်သားများအားလုံး ထပ်တူထပ်မျှ ရရှိကြပြီး နတ်မြတ်နတ်ကောင်းအပေါင်းမှ သာဓုခေါ်ဆိုနိုင်စေသော် . . .