ဆောင်းပါး

ဂရိလူမျိုးများ စတင်တွေ့ရှိသော စိန်ကို အယူစွဲမှုကြောင့် တန်ဖိုးကြီးလာပုံ

Greek Diamond

ရှေး ရာစုနှစ်ပေါင်းများစွာကတည်းက စိန်ကို ရတနာကျောက်မျက်တစ်ခုအဖြစ်ပထမဦးဆုံးစတင်တွေ့ရှိသူများမှာ ဂရိလူမျိုးများဖြစ်သည်ဟု မှတ်တမ်းများက ဆိုကြသည်။ ထို့ကြောင့် ဂရိတို့ စတင်သုံးစွဲခေါ်ဝေါ်သော’ အာဒါမားစ် ‘ ( adamas )မှ ဆင်းသက်လာသည့် “ Diamond ” ဟူသည့်ဝေါဟာရကို ယနေ့တိုင် ဆက်လက်ခေါ်ဆိုနေကြခြင်း ဖြစ်သည်။ သမိုင်းအစတွင် စိန်ကို ဆေးဝါးနှင့် မျက်နှာပွင့်ဆေးအဆောင်တစ်ခုအဖြစ် သုံးစွဲခဲ့ကြသည်မှာ ရာစုနှစ်ပေါင်းများစွာ ကြာမြင့်သည်အထိ ရှိခဲ့သည်။ စိန်ကို ရင်၌ဆွဲခြင်းဖြင့်မကောင်းဆိုးရွားအန္တရာယ်မှ ကာကွယ်နိုင်သည်ဟု အယူရှိခဲ့ကြသည်။ စစ်သည်တော်တို့၏ ရဲသွေးရဲစိတ်အတွက်နှင့် ချစ်သူအတွက် မျက်နှာပွင့်ဆေးအဖြစ် စိန်ကို အသုံးပြုခဲ့ကြသည်။

စိန်ကို စတင်တွေ့ရှိခဲ့သည့် ဂရိတို့သည် စိန်ကို အဖိုးတန်ကျောက်မျက်ရတနာကဲ့သို့ မယူဆချေ။ စိန်၏ အထူးမာကျောပြီး ဖျက်စီးမရသော သတ္တိလောက်သာ သိနားလည်ခဲ့ကြပုံရသည်။ ထို့ကြောင့်လက်ဖွဲ့အဆောင်တောက်ပြောင် လှပသောကျောက်မျိုးအဖြစ်သာ သုံးစွဲကြခြင်း၊ ရန်သူများကို တိုက်ခိုက်နှိမ်နှင်းရာ၊ တစ်ဦးနှင့်တစ်ဦးချစ်ခြင်းမေတ္တာအထိမ်းအမှတ် ဟုမှတ်ဆို၍ ယုံကြည်အသုံးပြုခဲ့ကြသည်။ထိုစဉ်က စိန်ကိုခွဲခြမ်းဖြတ်တောက်ခြင်းများ မလုပ်နိုင်ကြ၍ အရိုင်းတုန်းများကိုသာ လည်ဆွဲအဖြစ် ဝတ်ဆင်ခဲ့ကြ သည်။ ၁၈၅၂ ခုနှစ်တွင် နယ်မြေသစ်များသို့ ခရီးလှည့်လည်နေသူတစ််ဦးဖြစ်သူ ‘ ကင့်ဘဲ ‘ သည် အော်ရိန်းမြစ်ကမ်းတွင်စခန်းချနေစဉ် မြစ်ကမ်းရှိ ကျောက်သလင်းများကြားတွင် ပြောင်ပြောင်လက်လက်တောက်ပနေသောကျောက်များကို တွေ့မြင်ခဲ့ရကြောင်း မှတ်တမ်းတင်ထားခဲ့သည်။ ယင်းတောက်ပနေသော ကျောက်များမှာ တန်ဖိုကြီးမားသောစိန်များဖြစ်ကြောင်းကို နောင်မှသိခဲ့ရကြောင်း မှတ်တမ်းတင်ထားခဲ့သည်။

၁၉၈၆ ခုနှစ် မိုးရာသီတွင် ‘ ဗိုးဝါးလယ်သမား ‘ တစ်ဦး၏ သားသမီးများသည် ဟုပ်မြို့မြစ်ကမ်းပါးတွင် ကစားနေရာမှပြောင်လက်တောက်ပသော ကျောက်ခဲတစ်ချို့ကို ကောက်ယူခဲ့ကြသည်။ ယင်းကျောက်ခဲများမှတစ်ခုကိုကလေးမိခင်မှ မစ္စတာဗန်းနှေးကတ်ဆိုသူ၏ လက်ထဲသို့ ရောက်ရှိပြီး ခရီးသွားကုန်သည်အိုရီလီနှင့် ဂျူးကုန်သည်များထံမှအဆင့်ဆင့်ပြသကြည့်ခဲ့၏။ထို့နောက် ‘ ကိုးဗတ်မြို့ကော်မရှင်နာမင်းကြီးလော်ရင်ဇိုဘွိုင်း ‘ အားပြသခဲ့ရာမှတန်ဖိုးကြီးမားသောစိန် ဖြစ်နိုင်သည်ဟုယူဆခံကြ၏၊ ယင်းမင်းကြီးမှတစ်ဆင့် ‘ ဘူမသတ္တုဗေဒပညာရှင်ဒေါက်တာအေသာစတုန်း ‘ ထံရောက်ရှိခဲ့ပြီး စတာလင်ပေါင် ၅ဝဝ တန်သည့် စိန် ဖြစ်ကြောင်း အတိအကျသိခဲ့ကြသည်။

၁၈၆၉ ခုနှစ်တွင် နွားကျောင်းသားတစ်ဦးသည် ‘ အောာ်ရိန်းမြစ် ‘ အနီး ‘ ဇင်းဖောင်တိန် ‘ ဒေသမှ ၈၃ ကာရက်ခွဲလေးသော စိန်တစ်တုံး ကောက်ရခဲ့သည်။ နွားကျောင်းသားက ဗန်နေးကတ်ကို စိန်တုံးပေးပြီး မြင်း ၁ ကောင်၊ နွားထီး ၁၀ ကောင်၊ သိုးအကောင် ၅၀၀ နဲ့ လဲလှယ်လိုက်တယ်။ ဗန်နေးကတ်က ထိုစိန်ကို စတာလင်ပေါင်း ၁၁၀၀၀ ဖြင့် တစ်ဆင့် ပြန်ရောင်းလိုက်သည်။ ရသွားသောသူက မူလစိန်တုံးကို ၆၂- ကာရတ်ခွဲအသားတင်ကျန်အောင် သွေး၍ အကွက်ဖော်ပြီး ‘ ဒတ်ဒလေမြို့စား ‘ သို့ရောင်းချရာ စတာလင်ပေါင်း ၂၂ဝဝဝ ရခဲ့သည်။ အမှန်စင်စစ် ထိုစိန်မှာတောင်အာဖရိက၏ ကြယ်ပွင့်လို့ လူသိများသော စိန်ဖြစ်ပါတယ်။သင်က တကယ်လို့သာ တောင်အာဖရိကကို အလည်သွားမယ် ဆိုရင် တောင်အာဖရိကပြတိုက်ကို သွားဖို့ တိုက်တွန်းချင်ပါတယ်။ တောင်အာဖရိကမှာ ထွက်တဲ့စိန်တော်တော်များများနဲ့ သူတို့ရဲ့သမိုင်းကြောင်းတွေကို  ပြတိုက်မှာ စုံစုံလင်လင်လေ့လာနိုင်ပါတယ်။