ဆောင်းပါး

စိန်စေ့စပ်လက်စွပ်ရဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာ 

diamond engagement ring, u hton goldsmith, myanmar

အမျိုးသားတွေက သူတို့လက်ထပ်မယ့် မိန်းကလေးကို ချစ်ခွင့်ပန်တဲ့အခါ လက်သန်းကြွယ်မှာ လက်စွပ်လေးတစ်ကွင်းကို စွပ်ပြီး Propose လုပ်ကြပါတယ်။ တစ်ချို့ကတော့ ချစ်ခွင့်ပန်တဲ့အချိန်မှာ မဟုတ်ပဲ စေ့စပ်တဲ့အခါမှာ စိန်ပွင့်လေးတွေနဲ့ လက်စွပ်ကို စွပ်ပေးကြပါတယ်။ စိန်နဲ့ ပြုလုပ်ထားတဲ့ လက်စွပ်လေးဟာ “I Love You” ဆိုတဲ့ အဓိပ္ပာယ်ကို ရည်ညွှန်းတယ်နော်။ Propose Rings မှာလည်း သုံးသလို Engagement Rings မှာလည်း သုံးကြပါတယ်။ ဒါကြောင့်လည်း မိန်းလေးတွေဟာ လက်ထပ်ပြီးတဲ့အခါ သူတို့ရဲ့လက်သန်းကြွယ်မှာ စေ့စပ်လက်စွပ်ရယ်၊ လက်ထပ် လက်စွပ်မောင်းကွင်းရယ်ဆိုပြီး နှစ်ကွင်းရှိနေတာပါ။

ရှေးပညာရှိကြီးများရဲ့အဆိုအရ စေ့စပ်ပွဲမှာ စိန်လက်စွပ်ကို စွပ်ပေးတယ်ဆိုတဲ့ ဒီအစဉ်အလာဟာ ရောမရဲ့ဓလေ့ကနေ ဆင်းသက် လာတယ်လို့ ယုံကြည်ကြပါတယ်။ အဲ့ဒီခေတ်မှာဆိုရင် အမျိုးသမီးတွေဟာ သေးငယ်တဲ့သော့လေးတွေနဲ့ ချိတ်ဆက်ထားတဲ့ကွင်းလေးတွေကို ဝတ်ဆင်ပြီး သူတို့ခင်ပွန်းရဲ့  ပိုင်ဆိုင်မှုတွေကို ပြသတတ်ပါတယ်နော်။ 1477 ခုနှစ် မှာ မက္ကဆီ ကို ဒုတိယအင်ပါယာရဲ့ တစ်ဦးတည်းသော ဧက္ကရာဇ်ဖြစ်တဲ့ Archduke Maximillian ဟာ သူရဲ့ လက်ထပ်ပွဲအတွက် ပထမဆုံး စိန်စေ့စပ်လက်စွပ်ကို ပြသခဲ့ပါတယ်။ ဥရောပအထက်တန်းလွှာတွေနဲ့ မင်းမျိုး မင်းနွယ်၊ မှူးမတ်တွေကြားမှာ ဒါဟာ စိန်ကွင်းများအတွက် အသစ်တစ်ခု ( ဒီဘက်ခေတ် စကားအရ ဆိုရင် Trend အသစ်တစ်ခု ) ဖြစ်လာစေရန်လမ်းကြောင်း ပြနေတယ်လို့ ဆိုပါတယ်။


ဗစ်တိုးရီးယား ပြည်နယ်မှာဆိုရင် စိန်ကို ကျောက်မျက်ရတနာ၊ အခြားအဖိုးတန် သတ္တု၊ ကြွေထည်များနဲ့ ရောနှောပြီး တန်ဆာဆင်ထားတဲ့ လက်စွပ်ဒီဇိုင်းတွေကို လူကြိုက်ပိုများလာခဲ့ပါတယ်။ များသောအားဖြင့် အဲ့ဒီကွင်းလေးတွေမှာပန်းပွင့်ပုံစံ လေးတွေ အလှဖော်ဝတ်ဆင်ကြပြီး “ Posey Rings ” လို့လည်း လူသိများ ခဲ့ပါတယ်။ 1947 မှာ De Beers ဟာ “A Diamond is Forever” ဆိုတဲ့ ဆောင်ပုဒ်ကိုစတင်ခဲ့ ပါတယ်။ လူတိုင်းလိုလိုရဲ့ စိတ်ဝင်စားမှုလည်း များလာခဲ့ပြီး စိန်ရဲ့ ရောင်းအားလည်း တက်စေခဲ့တဲ့ လှုံ့ဆော်မှုတစ်ခုဆိုလည်း မမှားခဲ့ပါဘူး။ ဆိုလိုတဲ့သဘောကတော့ ဒီ စိန်တစ်လုံးရဲ့ သက်တမ်းဟာ “ထာ၀ရတည်မြဲတဲ့ အိမ်ထောင်ရေး” ဖြစ်တယ်လို့ အဓိပ္ပာယ် သတ်မှတ်ခဲ့ကြပါတယ်။


စိန်တစ်ပွင့်ရဲ့ သန့်ရှင်းစင်ကြယ်မှုနဲ့ တောက်ပမှုရဲ့ နက်နဲခြင်းက ဘယ်လောက်ထိ အဓိပ္ပာယ်သက်ရောက်စေလဲဆိုရင် ကမ္ဘာအနှံ့အပြားမှာရှိကြတဲ့ အမျိုးသားတွေဟာ သူတို့ချစ်တဲ့ မိန်းကလေးတွေအပေါ်မှာ ထာ၀ရ ထိ ချစ်ခြင်းတွေနဲ့သစ္စာတရားကို တည်တံ့စေမယ်ဆိုပြီးကတိကဝတ်တွေပြုတဲ့ အမှတ်အသားတစ်ခု ဖြစ်လာခဲ့ပါတယ်။ စိန်ဟာ ယနေ့ထက်တိုင် ကြီးမြတ်တဲ့ အခမ်းအနားတွေနဲ့ တန်ဖိုးရှိတဲ့ ချစ်ခြင်းတရား တွေကို ကိုယ်စားပြုနေပြီး စိန်ကို ကြိုက်နှစ်သက်လို့ ဝတ်ဆင်လိုက်တဲ့အခါမှာလည်း အမြဲတမ်းယုံကြည်မှုအပြည့်နဲ့ စမတ်ဖြစ်နေတဲ့စတိုင်လ်တစ်ခုကို ခံစားမိနေတယ် ဆိုတာ မင်မင့်ရဲ့ အချစ်လေးတွေလည်း သိကြမှာပါနော်။