ပြည်ပသတင်း

အရှေ့တောင်အာရှတွင် Covid 19 ဖြစ်ပွားမှု လက်ရှိအခြေအနေနှင့် အလားအလာ

crowd 6199520 1920

ဒီအပတ်အတွက်မျှဝေပေးဖို့ ရွေးချယ်ထားတဲ့ ခေါင်းစဉ်လေးကတော့ လက်ရှိချိန်ထိ ဖြစ်ပွားလျှက်ရှိနေတဲ့
ကိုဗစ် 19 ရောဂါနဲ့ပတ်သတ်ပြီး အရှေ့တောင်အာရှနိုင်ငံတွေရဲ့ လက်ရှိအခြေအနေနှင့် ရှေ့ဆက်အလားအလာတွေအကြောင်း ရှာဖွေတွေ့ရှိချက်လေးတွေကို အခြေခံပြီး အားလုံးအတွက် ဗဟုသုတရရှိစေဖို့ရည်ရွယ်မျှဝေပေးလိုက်ပါတယ်။

2019 ခုနှစ် ဒီဇင်ဘာလထဲက စတင်ဖြစ်ပွားခဲ့တဲ့ Covid 19 ဟာ အခုချိန်မှာ အချိန်ကာလအားဖြင့် 2 နှစ်ထဲရောက်ရှိနေပြီပဲဖြစ်ပါတယ်။ ရောဂါစတင်ဖြစ်ပွားကတည်းက ကမ္ဘာ့နိုင်ငံအသီးသီးဟာ ကာကွယ်ဆေး၊ ကုသဆေးတွေကြိုးစားပြီးလုပ်ဆောင်ခဲ့ရပေမယ့် အချိန်ယူရတာကြောင့် ကူးစက်မှုနှုန်းနဲ့ သေဆုံးမှုနှုန်းတွေ ဖြစ်ခဲ့ရာ
ကမ္ဘာ့ကပ်ရောဂါဆိုးကြီးတစ်ခုအနေနဲ့ ဖြစ်ပေါ်လာခဲ့ပြီး မျိုးရိုးကွဲ ဗိုင်းရပ်စ်အသစ်တွေနဲ့ပါ ရင်ဆိုင်နေကြရတာပဲ
ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့အညီ ဖွံ့ဖြိုးဆဲ နိုင်ငံအများစုရှိ‌တဲ့ အရှေ့တောင်အာရှနိုင်ငံတွေမှာ
ကိုဗစ် 19 ရောဂါကြောင့် စီးပွားရေးအခြေအနေများ သိသိသာသာကျဆင်းမှုနဲ့အတူ ကူးစက်မှု‌နှုန်း သေဆုံးမှုနှုန်းများမှာလည်း မြင့်တက်ခဲ့ပါတယ်။

ဒါ့အပြင် အခုချိန်မှာ ကိုဗစ် 19 တတိယလှိုင်းလို့သတ်မှတ်တဲ့ တစ်ကြော့ပြန်ကိုဗစ်ရောဂါပိုးဟာ ဗီဇကွဲ ဗိုင်းရပ်စ်အမျိုးအစားတစ်မျိုးဖြစ်တဲ့ Delta မူကွဲကြောင့်လည်း ကူးစက်မှုနှုန်းသိသိသာသာတက်လာခဲ့ပါတယ်။
ဩဂုတ်လ 9 ရက်နေ့တွင် ကိုဗစ် 19 ကြောင့် အင်ဒိုနီးရှားနိုင်ငံတွင် လူဦးရေ 1 သန်းလျှင် 392  ဦးသေဆုံးခဲ့ပြီး
ဒေသတွင်းအမြင့်ဆုံး ဖြစ်ခဲ့သလို မလေးရှားနိုင်ငံနှင့် ဖီလစ်ပိုင်နိုင်ငံတို့တွင်လည်း လူဦးရေ 1 သန်းလျှင် 334 ဦး နှင့် 262 ဦးနှုန်း သေဆုံးခဲ့ကြသည်။

တစ်ချိန်တည်းမှာပဲ မလေးရှားနိုင်ငံတွင်လည်း Delta ဗိုင်းရပ်စ်မူကွဲကြောင့် ‌အရေးပေါ်  Lockdown ကြေညာခဲ့ရသည်။ ဒါ့အပြင် ဖီလစ်ပိုင်နိုင်ငံ မနီလာမက်ထရိုဒေသတွင်လည်း တင်းကျပ်သော Lockdown အစီအစဉ်များ
ပြုလုပ်ခဲ့ရပြီး မြန်မာနိုင်ငံတွင်လည်း ယခုချိန်ထိ Stay Home ကာလကို ထပ်တိုးကြေညာထားရပြီး ကူးစက်မှုနှုန်းကို ထိန်းချုပ်ရန်ကြိုးစားနေကြရသည်။ ဘရူနိုင်း၊ စင်္ကာပူနိုင်ငံနှင့် လာအိုနိုင်ငံတို့တွင်တော့ သေဆုံးမှုနှုန်းသိသိသာသာ
ကျဆင်းခဲ့ပြီး စင်္ကာပူသည် အရှေ့တောင်အာရှတွင် ကာကွယ်ဆေးထိုးနှုန်းအမြင့်ဆုံးနိုင်ငံတစ်ခုဖြစ်ပြီး
နိုင်ငံလူဦးရေ၏ 66 ရာခိုင်နှုန်းသည် ကာကွယ်ဆေးအပြည့်အဝထိုးပြီးဖြစ်သည်။

သို့သော် ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့တွင် ဇူလိုင်လ ကာလတွင်းရောဂါဖြစ်ပွားမှုသိသိသာသာတိုးလာခဲ့ပြီး အထူးသဖြင့် ထိုင်းနိုင်ငံတွင် နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ဆန္ဒပြပွဲများဖြစ်ပွားခဲ့ခြင်းနှင့်အတူ ရောဂါထိန်းချုပ်မှုအားနည်းမှုများနှင့် ကြုံတွေ့နေရသည်။ ထို့အတူ ဗီယက်နမ်နိုင်ငံတွင်လည်း နိုင်ငံတွင်းလူဦးရေ၏ 1.03 ရာခိုင်နှုန်းသာ ကာကွယ်ဆေးထိုးရသေးတာကြောင့် ကာကွယ်ဆေးလိုအပ်မှု ပြဿနာ နှင့် ရင်ဆိုင်နေရပြီး ထိရောက်သောကာကွယ်ရေးလုပ်ငန်းများလုပ်ကိုင်ဖို့ ခက်ခဲလျှက်ရှိနေတာပဲဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးအတိုင်းအတာနှင့် ကာကွယ်ရေးလိုအပ်မှု ပြသာနာကရှိနေဆဲဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း ( WHO ) က ကြေညာထားတာလည်းဖြစ်ပါတယ်။ သို့သော် 2021 ဩဂုတ်လအတွင်း အရှေ့တောင်အာရှတွင် စိတ်ချရသော ကာကွယ်ဆေး 618.5 သန်းကိုထိုးနှံပေးမှာဖြစ်ပြီး လူဦးရေ 146 သန်းကို အပြည့်အဝ ကာကွယ်ဆေးအပြီးထိုးပြီးဖြစ်သည်။
2021 နှစ်ကုန်တွင် လူဦးရေ 40% ကာကွယ်ဆေးထိုးဖို့လည်း ရည်မှန်းချက်ထားလုပ်ဆောင်နေသည်ဟု
ဖော်ပြထားသည်။ ဒါကြောင့် ဖွံဖြိုးဆဲနိုင်ငံများတွင်ငွေကြေးလိုအပ်ချက်အရကာကွယ်ဆေးအချိန်မှီရန်အတွက်လည်း ကမ္ဘာ့စီးပွားရေးနိုင်ငံကြီးများကလည်း အကူအညီများပေးဖို့ကိုလည်း အစည်းအဝေးများကျင်းပကာ ညှိနှိုင်းအဖြေရှာလျှက်ရှိနေပါတယ်။

ဒါကြောင့် မကြာမီ အချိန်တစ်ခုအတွင်းမှာ ကိုဗစ် 19 ကို တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ကျော်လွှားပြီး အရင်လိုလုပ်ငန်းတာဝန်များလုပ်ဆောင်နိုင်ကြဖို့ကို ဆန္ဒပြုရင်း အရှေ့တောင်အာရှတွင် Covid 19 ဖြစ်ပွားမှုလက်ရှိအခြေအနေနှင့် အလားအလာလေးတွေကိုမျှဝေပေးလိုက်ပါတယ်။