ပြည်ပသတင်း

Covid – 19 နဲ့ ကမ္ဘာ့စီးပွားရေးအခြေအနေ

covid 4948866 1920

ဒီအပတ်မျှဝေပေးချင်တဲ့ အကြောင်းအရာလေးကတော့ ကမ္ဘာအနှံအပြားမှာဖြစ်ပွားနေတဲ့
ကိုဗစ် 19 ရောဂါပိုးကြောင့် ကမ္ဘာ့စီးပွားရေးအခြေအနေလေးနဲ့ပတ်သတ်ပြီး လေ့လာတွေ့ရှိချက်လေးတွေကို အားလုံးအတွက် ဗဟုသုတရရှိစေဖို့ ဖော်ပြပေးလိုက်ပါတယ်။ အချိန်ကာလအားဖြင့် 2 နှစ်ကျော်နီးပါးကြာမြင့်လာပြီဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်‌ ကိုဗစ် 19 ရောဂါပိုးကြောင့် ကမ္ဘာတစ်ဝှမ်းလုံးမှာ ထိခိုက်မှုများစွာနဲ့ ရင်ဆိုင်ကြုံတွေ့လျှက်
ရှိနေပါတယ်။ ထိခိုက်မှုအများဆုံးနဲ့ အသိသာဆုံးကတော့ ကမ္ဘာ့စီးပွားရေးအခြေအနေပဲ ဖြစ်ပါတယ်။
ကိုဗစ် 19 ရောဂါကြောင့် ကမ္ဘာ့စီးပွားရေးလုပ်ငန်းများ ပုံမှန်အတိုင်းလည်ပတ်နိုင်ဖို့ နှစ်ပေါင်းများစွာ ပြန်လည်အချိန်ယူရမည်ဟု ကမ္ဘာ့စီးပွားရေးပညာရှင်များ ခန့်မှန်းထားကြသည်။

2020 တွင် ကမ္ဘာ့စီးပွားရေးသည် 4.3 ရာခိုင်နှုန်းကျဆင်းခဲ့ပြီး 2009 ခုနှစ် ကမ္ဘာ့ငွေကြေးအကျပ်အတည်း
ကာလအတွင်းထက် 2 ဆခွဲကျော်လောက် ကျဆင်းခဲ့ခြင်းဖြစ်သည်။ တစ်ကမ္ဘာလုံးအတိုင်းအတာနှင့် ကာကွယ်ဆေးများအချိန်နှင့် တစ်ပြေးညီရောက်ရှိမှသာ စီးပွားရေးလုပ်ငန်းများကို ပုံမှန်အတိုင်း ပြန်လည် လည်ပတ်နိုင်မှာ
ဖြစ်ပါတယ်။ အခုအခြေအနေဟာ နှစ်ပေါင်း 90 ကျော်အတွင်း အဆိုးရွားဆုံး ကျန်းမာရေးနဲ့ စီးပွားရေးအကျပ်အတည်းနဲ့ရင်ဆိုင်နေကြရခြင်းလည်း ဖြစ်ပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးရာဦးစီးဌာန၏အဆိုအရ 2020 တွင် လူဦးရေ 131 သန်း ဆင်းရဲခြင်းအခြေအနေနဲ့ ရင်ဆိုင်ခဲ့ရပြီး အများစုမှာ အမျိုးသမီးနှင့် ကလေးငယ်များ ဖြစ်သည်။ ၎င်းအခြေအနေသည် ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲနွမ်းပါးခြင်း၊
အကြမ်းဖက်မှု၊ စာမတတ်ခြင်းနှင့် အလုပ်လက်မဲ့လူဦးရေတို့ကိုလည်း တိုးလာစေသည်။ ဒါ့အပြင် ကိုဗစ် 19 ရဲ့
ပထမလှိုင်း၊ ဒုတိယလှိုင်း၊ တတိယလှိုင်း စသည်ဖြင့် တစ်ကြော့ပြန် ပြန်လည်ဖြစ်ပွားမှုတွေကြောင့်လည်း စီးပွားရေးလုပ်ငန်းအများစု ဆက်လက်ရပ်တည်နိုင်ဖို့ ခက်ခဲခဲ့ပြီး လုပ်ငန်းရပ်နားလိုက်ရခြင်း ဖျက်သိမ်းလိုက်ရခြင်းများ
ဖြစ်ပေါ်ခဲ့ပြီး ၎င်းအခြေအနေသည် အသေးစား စီးပွားရေးလုပ်ငန်းများအတွက် များစွာထိခိုက်မှုကိုဖြစ်စေသည်။ စီးပွားရေးလုပ်ငန်းကြီးများတွင်လည်း လုပ်ငန်းတိုးချဲ့မှုနဲ့ ရင်းနှီးမြှုပ်နှံမှုများ ရပ်ဆိုင်းလိုက်ရသဖြင့် အလုပ်လက်မဲ့လူဦးရေကို ပိုမိုတိုးများလာစေခဲ့သည်။ တက္ကသိုလ်များနှင့် State ကျောင်းများ ပုံမှန်အတိုင်းမဖွင့်နိုင်ဘဲ
ရပ်ဆိုင်းထားရမှုများကြောင့်လည်း ပညာရေးအတွက် နှောင့်နှေးမှုများကို ဖြစ်စေခဲ့ပါတယ်။

ဒါကြောင့် အခုချိန်မှာ ဖွံ့ဖြိုးပြီး ကမ္ဘာ့နိုင်ငံကြီးများတွင် ကိုဗစ် 19 ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို အရှိန်အဟုန်နဲ့လုပ်ဆောင်နေကြပြီး ဖွံ့ဖြိုးဆဲ နိုင်ငံလေးများကိုလည်း ကာကွယ်ဆေးတင်ပို့ရောင်းချခြင်း၊ လှူဒါန်းခြင်းများပြုလုပ်ပြီး ကမ္ဘာ့စီးပွားရေးအခြေအနေကို ကမ္ဘာ့အတိုင်းအတာနှင့်အညီ အတတ်နိုင်ဆုံး ပိုမကျဆင်းစေဖို့ ကြိုးစားလုပ်ဆောင်နေကြတာကို တွေ့ရပါတယ်။ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုများ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများနှင့် ခရီးသွားလာရေးလုပ်ငန်းများက ကမ္ဘာ့စီးပွားရေးရဲ့ အဓိကဝင်ငွေရတဲ့ လုပ်ငန်းများဖြစ်တာကြောင့်
ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို အထူးအရေးကြီးလုပ်ဆောင်ဖို့ လိုအပ်နေတာပဲဖြစ်ပါတယ်။

အခုမျှဝေပေးတဲ့ ကမ္ဘာ့စီးပွားရေးအခြေအနေလေးကို အားလုံးအနေနဲ့ သိရှိပြီး အမြန်ဆုံး ကိုဗစ် 19 ရောဂါကို ကျော်လွှားနိုင်ပြီး လုပ်ငန်းများ ပြန်လည်စတင်နိုင်ဖို့ ဆန္ဒပြုလိုက်ပါတယ်။ နောက်အပတ်တွေမှာလည်း
စိတ်ဝင်စားဖွယ် အကြောင်းအရာလေးတွေကိုမျှဝေပေးဦးမှာမို့ စောင့်မျှော်ပေးဖို့လည်း ဖိတ်ခေါ်ပါတယ်နော်။