လူမှုပတ်ဝန်းကျင်အကျိုးပြုလုပ်ဆောင်ချက်

ဦးထုံမိသားစုဝင်ဝန်ထမ်းများအား ကိုဗစ် 19 ကာကွယ်ဆေးထိုးပေးခြင်း

Covid 19

လက်ရှိ မြန်မာနိုင်ငံတွင် ကိုဗစ် 19 ရောဂါပိုး ကူးစက်မှုများ  ဖြစ်ပေါ်လျက်ရှိပါသည်။ နိုင်ငံအတွင်း ကိုဗစ် 19 တတိယလှိုင်းများ ဖြစ်ပေါ်နေလာသောကြောင့် ဦးထုံရွှေပန်းထိမ်မိသားစုဝင် ဝန်ထမ်းများ၏ ကျန်းမာရေးကို ရှေးရှုကာ ယခုလို စီစဥ်ပေးထားပါသည်။

ယနေ့ ၂၃ . ၈ . ၂၀၂၁ တွင်  ဦးထုံရွှေပန်းထိမ်မိသားစု၊ Win & Myint Co., Ltd မိသားစု၊ Jovial Jewelry မိသားစုများနှင့်အတူတကွ  စုပေါင်း၍ လူမှုကူညီမှု ပြုလုပ်ခဲ့ပါသည်။ မိမိတို့ ပန်းထိမ်ဝန်ထမ်းများနှင့်တကွ တမိုးအောက် အမြဲ တွဲဖက် လုပ်ကိုင်နေသော ဝန်ထမ်းများအားလုံးသည်လည်း ကျန်းမာရေး နေကောင်းစေရန်အတွက် ကိုဗစ် 19 ရောဂါ ကာကွယ်ဆေး ထိုးပေးခြင်းများ စုပေါင်း ပါဝင်ဆောင်ရွက်ပေးခဲ့ပါသည်။

ကျန်းမာခြင်းသည် လာဘ်တစ်ပါး ဟု ဆိုရိုးစကားနှင့် အညီ မိသားစုဝင် ဝန်ထမ်းများ၏ ကျန်းမာရေးသည်လည်း အထူးအရေးကြီးလှပါသည်။ မိဘပြည်သူ ပြည်သားများလည်း ကိုယ်စိတ်နှလုံး အေးမြခြင်း၊ ကျန်းမာ ချမ်းသာခြင်းများနှင့် ပြည့်စုံပါစေကြောင်း ဆုတောင်း မေတ္တာပို့သလိုက်ပါသည်။