ပရဟိတ ကောင်းမှုပြုခြင်း

Charity သုဓမ္မာသာသနာ အဆောက်အအုံ အလှူငွေပေးအပ်ခြင်း

IMG 20220415 094251 pmn

ပျဉ်းမနားမြို့နယ်တွင် တည်ရှိသော သုဓမ္မာသာသနာအဆောက်အအုံ အတွက် ကျောင်းဆောင်သစ်တစ်ခု ဆောက်လုပ်တည်ထောင်ရန်အတွက် အလှူတော်ငွေ ကျပ်သိန်း (၂,၀၀၀,၀၀၀) တိတိကို ဦးထုံရွှေပန်းထိမ်နှင့် ရတနာရွှေဆိုင်မိသားစုများမှ သွားရောက်လှူဒါန်းခဲ့ပါသည်။ နောင်လာနောင်သားများနှင့် သက်ကြီးရွယ်အိုများ အေးချမ်းစွာ တရား၊ ဘာဝနာ ပွားများ၍ သာသနာပြုနိုင်ရန် ရည်ရွယ်ပြီး ဆွမ်းစားဆောင် သော်လည်းကောင်း၊ တရားအားထုတ်သည့်အဆောက်အအုံ အတွက်သော်လည်းကောင်း လိုအပ်သည့်နေရာတွင် အသုံးပြုနိုင်ရန်အတွက် ထိုအဆောက်အအုံအား မတည် လှူဒါန်း တည်ထောင်နိုင်ခဲ့ပါသည်။ ယခုကဲ့သို့ ခက်ခဲနေသောကာလများတွင် လိုအပ်လျက်ရှိသည့် ကျောင်းဆောင်သစ် လှူဒါန်းနိုင်ခြင်းမှာ Customer များ၏ အားပေးမှုများကြောင့်ပင် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မိတ်ဟောင်း မိတ်သစ် Customer များ အားလုံး စိတ်၏ ချမ်းသာခြင်း ၊ ကိုယ်၏ ကျန်းမာခြင်း နှင့် ပြည့်စုံပါစေကြောင်း ဦးထုံရွှေဆိုင်မိသားစုမှ ဆုမွန်ကောင်း ပို့သလိုက်ပါသည်။ဒါ့အပြင် လှူဒါန်းရသည့် ကုသိုလ်အစုစုကို မိတ်ဟောင်းမိတ်သစ် Customer များနှင့်တကွ မိဘပြည်သူများအားလုံး ထပ်တူထပ်မျှ ရရှိကြပြီး နတ်လူ ‘ သာဓု ‘ ခေါ်စေသော် . . .

ကုသိုလ်ထူး ကုသိုလ်ပွားပြီး လူသားအပေါင်း ဘေးဘယကင်းပြီး ကျန်းမာချမ်းသာကြပါစေ . . .