ပရဟိတ ကောင်းမှုပြုခြင်း

ဦးလှထွန်းမေတ္တာရိပ်မွန် (ကင်ဆာ)ဖောင်ဒေးရှင်း

Philanthropic 2 2

နွေးထွေးသော မေတ္တာဓာတ်များ အေးချမ်းမှုတို့ဖြင့် လွှမ်းခြုံထားသော ဦးလှထွန်းမေတ္တာရိပ်မွန်(ကင်ဆာ)ဖောင်ဒေးရှင်းကြီးကို ယနေ့ (၉.၆.၂၀၂၁)တွင် ကျွန်ုပ်တို့သွားရောက် သွားလှူဒါန်းနိုင်ခဲ့သည်။ “Our Duty is to Care” “Care is to Share” ဆိုသည့်ဆောင်ပုဒ်အတိုင်း နွေးထွေးသည့်မေတ္တာတရားများနှင့် ဝေဒနာရှင်များကို ကြင်နာယုယစွာစောင့်ရှောက်ပေးနေသော ရိပ်သာကြီးပင်ဖြစ်ကြောင်း တွေ့မြင်ခဲ့ရပါသည်။ ဝေဒနာရှင်များအတွက် ရုပ်ပိုင်း၊ စိတ်ပိုင်း၊ လူမှုရေးနှင့်ဘာသာရေးဆိုင်ရာများကို ဆောင်ရွက်ပေးနေသည့် ဆရာဝန်၊ဆရာမများ၏ မေတ္တာတရားကြီးမားပုံမှာ လေးစားအတုယူဖွယ်ကောင်းလှပါသည်။ ဦးထုံရွှေဆိုင်မိသားစုများနှင့်အတူ မိတ်ဟောင်း မိတ်သစ် Customers များအားလုံးထပ်တူထပ်မျှရရှိစေရန် ပြုလုပ်ခဲ့သည့် ကောင်းမှုကုသိုလ်ကို မျှဝေပေးလိုက်ပါသည်။