ပရဟိတ ကောင်းမှုပြုခြင်း

မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူလမ်းရှိ သီလရှင်လေးများ၏ဘိုးဘွားရိပ်သာ

For Church 1

ရိပ်သာအဝင်ဝသို့ ခြေချလိုက်သည်နှင့် သီလရှင်ဆရာမလေးများ၏ မေတ္တာဓါတ်တို့က ကျွန်ုပ်တို့၏နှလုံးသားဝယ်လွှမ်းခြုံသွားသည်ကို ခံစားမိသည်။ အိုမင်းနွမ်းလျနေသော အဘိုး၊ အဘွားတို့မှာ သီလရှင်ဆရာလေးများ၏ ဂရုဏာတို့ကြောင့် လန်းဆန်းမှုအရောင်အသွေးလေးတောက်ပနေသည်ကိုတွေ့မြင်ခဲ့ရပါသည်။ ဂီလာနဘိုးဘွားများအား ဖေးမကြင်နာ၊ ကြည်ဖြူစွာဖြင့် ပြုစုပေးကြသော သီလရှင်များ၏ ဘိုးဘွားရိပ်သာသည်လည်း ဆိတ်ငြိမ်အေးချမ်းသောပတ်ဝန်းကျင်နှင့်အတူ မိမိကိုယ်တိုင်ပြုစုလုပ်ကျွေးခြင်းမရှိသော်လည်း မိမိတို့၏ကိုယ်စား ပြုစုစောင့်ရှောက်ကျွေးမွေးနိုင်ရန်အတွက် တစ်နေ့တာမနက်စာ၊ နေ့လည်စာ၊ နေ့ခင်းစာ၊ ညနေစာ ကိုလှူဒါန်းခဲ့၍ ဝမ်းသာပီတိဖြစ်ရပါသည်။ ထိုကဲ့သို့လှူဒါန်းမှုကြောင့် ဦးထုံရွှေပန်းထိမ်၏မိတ်ကောင်းမိတ်သစ်များနှင့်အတူ သာဓုခေါ်ဆိုနိုင်ပါစေသော် . . .