ပရဟိတ ကောင်းမှုပြုခြင်း

မေတ္တာဝါဒီ ဟင်္သာတ ပရဟိတကျောင်းတိုက်

Mahtti Wardi 1

မိဝေး၊ ဖဝေး၊ မိမဲ့၊ ဖမဲ့၊ မိဘမဲ့ သာမဏေကျောင်းသားလေးများရှိသည့် ခိုကိုးရာကျောင်းတော်ကြီးကို ယနေ့လှူဒါန်းမှုအစုစုပြုခဲ့ပါသည်။ မေတ္တာငတ်နေသူတို့အဖို့ ကျောင်းတိုက်လေးက ခိုကိုးရာ ရိပ်မြုံကြီးဟု ခေါ်လျှင်လည်း မမှားနိုင်ပါ။ “သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနားနိုင်” ဟုအဆိုရှိသကဲ့သို့ပင် ဤကျောင်းတော်ကြီးသည် ပအို့၊ ပလောင်၊ ရှမ်း၊ ပဒေါင်၊ ဝ လူမျိုး၊ ကရင်၊ ကယန်း၊ ကယား၊ ကချင်၊ ချင်၊ နာဂ၊ ရခိုင်၊ ဗမာ စသည့် လူမျိုးစုံ မိဘများကလေးများ စုဝေး ခိုလှုံရာနေရာ ဖြစ်လာခဲ့သည်။ ထိုကဲ့သို့ လှူဒါန်းနိုင်ခြင်းသည်လည်း ဦးထုံရွှေပန်းထိမ်သို့ လာရောက်အားပေးကြသော ရွှေချစ်သူကျေးဇူးရှင်မိဘများကြောင့်သာ ဖြစ်ပါသည်။ ထို့ကြောင့် ဤအလှူအား ဦးထုံရွှေပန်းထိမ်မှ ဝယ်ယူအားပေးသော မိတ်ဟောင်းမိတ်သစ်များအား သာဓုအနုမောဓနာခေါ်နိုင်ပါစေအလို့ငှာ မျှဝေအပ်ပါသည် . . .