ပရဟိတ ကောင်းမှုပြုခြင်း

စိတ်ကျန်းမာရေးဆေးရုံကြီးအလှူ

Philanthropic 4 1

ယနေ့ (၆၊ ၆၊ ၂၀၂၁) တွင် ဦးထုံရွှေပန်းထိမ် မိသားစုများသည် ဒဂုံမြို့နယ်ရှိ စိတ်ကျန်းမာရေးဆေးရုံကြီး အလှူအတန်းပြုလုပ်ရန် ရောက်ရှိခဲ့သည်။ ဆေးရုံကြီးတွေ Covid-19 ရောဂါကြောင့် အလှူရှင်များနှင့် လှူဒါန်းမှုများလိုအပ်နေပြီး ရောဂါဝေဒနာရှင်များမှာ အစားအသောက်ချို့တဲ့စွာဖြင့် စားသောက်နေရသည့်ကို သိရှိရပါသည်။ ဝေဒနာရှင်များကို ပြုစုကုသပေးနေသော ဆရာဝန်များနှင့် ဝန်ထမ်းများအားလုံး၏ မေတ္တာစေတနာများကို ကြည့်ပြီး အလွန်ပင်ပီတိဖြစ်မိပါသည်။ ဦးထုံမိသားစုများမှ ဆေးရုံရှိ လိုအပ်သော ဆန်၊ ဆီ၊ ဆားများ လှူဒါန်းပြီး ကုသိုလ်ကောင်းမှုပြုခဲ့ရပါသည်။ ထိုသို့ ကုသိုလ်ပြုနိုင်ခဲ့သည်မှာ ဦးထုံရွှေပန်းထိမ်သို့ အစဉ်အမြဲအားပေးနေသော မိတ်ဟောင်းမိတ်သစ်များ ကျေးဇူးကြောင့်ပင်ဖြစ်သည်။ ဦးထုံရွှေပန်းထိမ်နှင့် ရတနာရွှေဆိုင်မိသားစုများမှ ဝယ်ယူအားပေးနေသော မိတ်ဟောင်းမိတ်သစ်များနှင့်အတူ နတ်၊ လူ သာဓုခေါ်စေသော် . . .