ပရဟိတ ကောင်းမှုပြုခြင်း

မေရီချက်(ပ်)မင်း နားမကြား ကလေးများကျောင်း

Philanthropic6 1

နားမကြားသော ကလေးသူငယ်များကို အသိဉာဏ်ပညာကြွယ်ဝစေရန် ပညာသင်ကြားပေးနေသော ကျောင်းလေးတစ်ခုကို သွားရောက်လှူဒါန်းခဲ့ပါသည်။ ယနေ့ (၁၃၊ ၆၊ ၂၀၂၁) အလှူသည် အကြားအာရုံ မကောင်းပေမဲ့လည်း ဘဝကို အရှုံးမပေးဘဲ ဆက်လက်တိုက်ပွဲဝင်နေသည့် ကလေးသူငယ်များအားလုံးမဟုတ်ရင်တောင် တစ်ချို့တစ်ဝက်လောက်မျှ စိတ်ဓာတ်ခွန်အားဖြစ်စေခဲ့မည်ဆိုလျှင် ကျွန်တော်တို့ ဦးထုံရွှေပန်းထိမ်နှင့် ရတနာရွှေဆိုင်မှ ဝမ်းသာပီတိဖြစ်မိပါသည်။ ဦးထုံရွှေပန်းထိမ်နှင့်ရတနာရွှေဆိုင်ကို ယခုကဲ့သို့ အလှူများပြုလုပ်နိုင်ရန် ဝယ်ယူအားပေးလျက်ရှိကြသော မိတ်ဟောင်းမိတ်သစ် Customer များကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့် မိမိတို့တွင် ရှိကြသော ဘဝအခက်အခဲများအားလုံးလည်း ပြေပျောက်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သလိုက်ရပါသည်။ ယနေ့ပြုလုပ်ရသော အလှူဒါနကို ဦးထုံရွှေပန်းထိမ်နှင့်ရတနာရွှေဆိုင်မှ မိတ်ဟောင်းမိတ်သစ် Customer များနှင့်တကွ မိဘပြည်သူများအားလုံး သာဓုခေါ်ကြပါစေသော် . . .