ပရဟိတ ကောင်းမှုပြုခြင်း

မေရီချက်(ပ်)မင်း နားမကြားကလေးများကျောင်း

Mary Church 1

နားမကြားကလေးသူငယ်များအတွက် ဘဝတိုက်ပွဲကို ရှေ့ဆက်သွားရန် အသိဉာဏ်ပညာသင်ကြားပေးနေသော ကျောင်းတော်ကြီးဖြစ်ပါသည်။ ယခုလို လိုအပ်နေသော ကလေးငယ်များအတွက် တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးရသည့်အတွက် များစွာဝမ်းသာပီတိဖြစ်ရပါသည်။ ကလေးများအားလုံး ဘဝတိုက်ပွဲဆင်နွဲသူတိုင်း ကြံစည်သမျှ ပြည့်ဝစေရန် မေတ္တာပို့သဆုတောင်းပေးရင်း လှူဒါန်းမှုအစုစုအတွက် ဦးထုံရွှေပန်းထိမ်မိသားစုနှင့်အတူ မိတ်ကောင်းမိတ်သစ်ဝယ်ယူသူအပေါင်း ကျေးဇူးရှင်အပေါင်း အားလုံးဘဝတိုက်ပွဲမှာ အစစအရာရာအောင်နိုင်ကြပါစေကြောင်း ဆုတောင်းပေးလိုက်ပါသည်။