ပရဟိတ ကောင်းမှုပြုခြင်း

ကြည့်မြင်တိုင် မျက်မမြင်ကျောင်း အလှူဒါန

Philanthropic7 1

အမှောင်ကိုခွင်း၍ အလင်းဆောင်နိုင်စေရန် ရည်ရွယ်လျက် စက္ခုအာရုံချို့ယွင်းနေသော ကလေးသူငယ်များကို ပညာသင်ကြားပေးရာ နေရာသို့ ယနေ့ (၁၃၊ ၆၊ ၂၀၂၁) တွင် အလှူဒါန သွားရောက် ပြုလုပ်နိုင်ခဲ့ပါသည်။ စက္ခုအာရုံ အလင်းမဲ့နေသော်လည်း လောကကြီးအလယ် ရဲရဲဝံ့ဝံ့ ရှေ့ဆက်လျှောက်လှမ်းနေကြသော ကလေးသူငယ်များကို တွေ့မြင်ရသည်မှာ ဝမ်းနည်းဂုဏ်ယူ ဖြစ်မိပါသည်။ ထိုကဲ့သို့ လိုအပ်နေသော ကလေးသူငယ်များအတွက် ကျွန်တော်တို့ ဦးထုံရွှေပန်းထိမ်နှင့် ရတနာရွှေဆိုင်မှ ယခုကဲ့သို့ လှူဒါန်းနိုင်ရန် အစဉ်အဆက် အမြဲမပြတ် ဝယ်ယူအားပေးလျက်ရှိကြသော မိတ်ဟောင်းမိတ်သစ် Customer များကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးအထူးတင်ရှိပါသည်။ ယခုလှူဒါန်းရသော ကုသိုလ်အစုစုကို မိတ်ဟောင်းမိတ်သစ် Customer များနှင့်တကွ မိဘပြည်သူများအားလုံး နတ်၊ လူ သာဓု ခေါ်စေသော် . . .