ပရဟိတ ကောင်းမှုပြုခြင်း

မျက်မမြင်ကျောင်း(ကြည့်မြင်တိုင်)

School for Blind 1

စက္ကုအာရုံချို့ယွင်းနေသူများအား လောကအလည်၌ တင့်တယ်စွာ အသက်ရှင်နေထိုင်နိုင်ရန် ဖော်ဆောင်ပေးနေသော ကျောင်းတော်ကြီးဟုဆိုလျှင် ဤကြည့်မြင်တိုင်မျက်မမြင်ကျောင်းကြီးကိုသာ ပြေးမြင်မိပါလိမ့်မည်။ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးကာ မျက်စိအမြင်ပျောက်ကွယ်သူ၊ မကြည်လင်သူများအား စာပေနှင့် အသက်မွေးဝမ်းကျောင်း ပညာရပ်ကို ကောင်းမွန်စွာ သင်ကြားနိုင်ပါစေရန် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။ “မျက်စိအဆုံး နားအရှုံး” ဟူသည့် ဆိုရိုးစကားတို့ရှိခဲ့သော်လည်း ကျောင်းတော်ကြီး၏ ဖေးမကူညီမှု၊ ကြိုးစားအားထုတ်မှုတို့ကြောင့် လောကကြီးကိုရင်ဆိုင်အံတုကာ ဘဝကိုအရှုံမပေးသောစိတ်ဓာတ်တို့ဖြင့် ရှေ့ဆက်လျှောက်နေသည်ကို တွေ့မြင်ရသောအခါ ပီတိသောမနသဖြစ်ပေါ်ရပါသည်။ မိဘပြည်သူများ ထာဝရအမြင်ကြည်လင်ပြီး ဘဝအလင်းရောင်လည်း ပြည့်စုံနိုင်ပါစေခြင်းငှါ ဦးထုံရွှေပန်းထိမ်နှင့်ရတနာရွှေဆိုင်မိသားစုမှ မိတ်ကောင်းမိတ်သစ်များနှင့်အတူ လှူဒါန်းတဲ့အတွက် နတ်၊ လူသာဓုခေါနိုင်ပါစေသော် . . .