ရာသီဖွားအဆောင်ကျောက်

Aquarius (သို့မဟုတ်) ကုမ်ရာသီဖွားတွေရဲ့ စိတ်နေသဘောထားနဲ့ တစ်သက်တာအဆောင်ကျောက်

aquarius gemstone, u hton goldsmith , myanmar

ဇန်နဝါရီလ (၂၀) ရက်နေ့မှ ဖေဖော်ဝါရီလ (၁၉) ရက်နေ့အတွင်း မွေးဖွားသူတို့ကို ကုမ်ရရာသီဖွား (Aquarius) များဟု သတ်မှတ်နိုင်သည်။ ကုမ်ရာသီဖွားတို့သည် ဓာတ်ကြီးလေးပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော ဝါယောဓာတ် (လေဓာတ်)ကြီးစိုးပြီး စနေဂြိုလ်ကြီးစိုးသော ရာသီခွင်ဖြစ်သည်။

ကုမ်ရာသီဖွားများသည် စိတ်ထားမြင့်မြတ်ပြီး ဖြတ်ထိုးဉာဏ်ကောင်းကြသည်။ တိုးတက်ကြီးပွားအောင် အမြဲကြံစည်တွေးတောတတ်သူတွေ ဖြစ်ကြပါတယ်။ တစ်ပါးသူကို ကူညီဖေးမတတ်ပြီး အသိပညာဗဟုသုတနဲ့ ပြည့်စုံကာ အများရဲ့ချစ်ကြည်လေးစားခြင်းကို ခံရသူတွေလည်း ဖြစ်ကြပါတယ်။ သဒ္ဓါတရားနဲ့ ပြည့်စုံပြီး အလှူအတန်းမှာ ရက်ရောကြသူတွေ ဖြစ်ကြပါတယ်။ အပေါင်းအသင်းမိတ်ဆွေများအပေါ် အနစ်နာခံပြီး မိတ်ဆွေမဖြစ်ခင်က ဘာသိဘာသာနေတတ်ပေမယ့် မိတ်ဆွေဖြစ်သွားချိန်မှာတော့ အကောင်းဆုံးသူငယ်ချင်းမိတ်ဆွေကောင်းတွေဖြစ်လာကြပါတယ်။

ကုမ်ရာသီဖွားတွေဟာ ငယ်စဉ်ထဲက အရှက်အကြောက်ကြီးပြီး နူးညံ့သိမ်မွေ့သူတွေဖြစ်ပြီး အများနဲ့မတူတဲ့ ပင်ကိုယ်စရိုက်လက္ခဏာတွေ ရှိကြပါတယ်။ ပတ်ဝန်းကျင်မှာလည်း လိုက်လျောညီထွေစွာ နေတတ်ပြီး သူတစ်ပါးကို မှီခိုအားကိုးခြင်းထက် ကိုယ့်အားကိုယ်ကိုးတတ်တဲ့သူတွေလည်း ဖြစ်ကြပါတယ်။ ကိုယ်ချင်းစာတရားကို လက်ကိုင်ထားပြီး လူမူရေးလုပ်ငန်း၊ ကယ်ဆယ်ရေးလုပ်ငန်း၊ ပရဟိတလုပ်ငန်းတွေမှာ အားတက်သရော ပါဝင်ကူညီတက်ပြီး လူသားချင်းစာနာထောက်ထားတတ်တဲ့စိတ်၊ ရိုင်းပင်းကူညီလိုစိတ် အပြည့်အဝရှိကြပါတယ်။

ကုမ်ရာသီဖွားတွေဟာ ဘဝကို ပေါ့ပေါ့ပါးပါးဖြတ်သန်းတတ်ကြပြီး ကိုယ့်ကြောင့် သူများဒုက္ခရောက်မှာ အလွန်စိုးရိမ်တတ်သူတွေ ဖြစ်ကြပါတယ်။ လွတ်လပ်စွာ ဘဝကို ဖြတ်သန်းလိုပြီး ချုပ်ချယ်မှုကိုတော့ မနှစ်သက်ကြပါဘူး။ တစ်ယောက်တည်းသီးသန့်နေရတာကိုတော့ ကြိုက်နှစ်သက်ကြပါတယ်။ ကုမ်ရာသီဖွားအများစုဟာ ကျက်သရေရှိတဲ့ မျက်နှာသွင်ပြင်ရှိကာ ဗဟုသုတကြွယ်ဝပြီး စကားပြောကောင်းတဲ့ရာသီဖွားတွေလည်း ဖြစ်ကြပါတယ်။

ကုမ်ရာသီဖွားတွေဟာ ပညာရေးမှာလည်းထူးချွန်ကြပေမဲ့ ပညာမာန်မာနမရှိသူတွေဖြစ်သည်။ မှတ်ဉာဏ်ကောင်းတာကြောင့် သင်ကြားရမှာ အချိန်အများကြီးပေးစရာမလိုဘဲ သင်လွယ်တတ်လွယ်ကြပါတယ်။ တစ်ခါတစ်လေ ပျင်းစိတ်ဝင်တတ်တာလေးကိုတော့ သတိပြုသင့်ပါတယ်။ ဒါ့အပြင် တစ်ပါးသူအပေါ် ယုံကြည်လွယ်လွန်းတတ်တာကြောင့်လည်း မကြာခဏဆိုသလို လူလိမ်တွေနဲ့တွေ့ရတတ်ပါတယ်။

ကုမ်ရာသီဖွားတွေဟာ စီးပွားရေးလုပ်ငန်းတွေမှာ ထူးခြားတဲ့စိတ်ကူးစိတ်သန်းကောင်းတွေနဲ့ စွန့်စားစွာလုပ်ကိုင်တတ်ပြီး စာ‌ပေလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ မြေအရောင်းအဝယ်လုပ်ငန်း၊ ကျောင်းဆရာအလုပ်နဲ့ ဆရာဝန်အလုပ်တွေမှာ အကျိုးပေးကြပါတယ်။

အချစ်ရေး (၁၂)လ ရာသီခွင်ထဲမှာ စန်းအပွင့်ဆုံးရာသီခွင်တွေဖြစ်ကြပြီး ချစ်သူရည်းစားလည်း များတတ်ပါတယ်။ အိမ်ထောင်ရေးမှာတော့ ကံကောင်းတတ်ပြီး အိမ်ထောင်ရေးမပြိုကွဲအောင် ထိန်းသိမ်းနိုင်တဲ့ရာသီဖွားတွေ ဖြစ်ကြပါတယ်။ သိဟ်ရာသီဖွားတွေနဲ့ ဓနုရာသီဖွားတွေက ကုမ်ရာသီဖွားတွေအတွက် အကျိုးပေးတဲ့ ရာသီခွင်တွေဖြစ်ပါတယ်။ အကျိုးပေးဂဏန်းတွေကတော့ ၄၊ ၇၊ ၁၁၊ ၂၂၊ ၂၉ တို့ဖြစ်ပြီး အကျိုးပေးအရောင်ကတော့ အပြာနုအရောင်နဲ့ ခဲရောင်တို့ပဲ ဖြစ်ပါတယ်။ တစ်သက်တာအတွက် ကံကောင်းစေမယ့် အဆောင်ကျောက်မျက်လေးကတော့ တွင်းထွက်ကျောက်မျက်တစ်ခုဖြစ်တဲ့ ဥဒေါင်းကျောက် (Garnet)ကျောက်လေးပဲ ဖြစ်ပါတယ်။

အခုပြောပြပေးခဲ့တာကတော့ ကုမ်ရာသီဖွား Aquarius လေးတွေရဲ့ စိတ်နေသဘောထားလေးတွေနဲ့အတူ ကံကောင်းခြင်းလက်ဆောင် အဆောင်ကျောက်လေးအကြောင်းပဲ ဖြစ်ပါတယ်။