ဦးထုံ ရွှေပန်းထိမ်နှင့် ရတနာရွှေဆိုင်မှ ဝယ်ယူသူများအပေါ် အစဥ်အမြဲ လေးစားတန်ဖိုးထား၍ ဝန်ဆောင်မှုပေးခဲ့သည်မှာ ရာစုနှစ်များစွာ ရှိခဲ့ပါပြီ။ ယခုအခါ ဦးထုံ ရွှေပန်းထိမ်နှင့် ရတနာရွှေဆိုင်မှတဆင့် လက်လီလက်ကားရောင်းချပေးခြင်း၊ လုပ်ငန်းများ၏ Project များ ဆောင်ရွက်ပေးခြင်း၊ Partnership လုပ်ငန်းများ ချဲ့ထွင်ပေးစေနိုင်ခြင်း စသည်တို့ လုပ်ဆောင်ပေးနေပါသည်။ လူကြီးမင်းတို့၏လုပ်ငန်းများ တိုးတက်ကောင်းမွန်လာစေရန်နှင့် တိုးချဲ့လုပ်ကိုင်နိုင်ရန်အတွက် ကူညီဆောင်ရွက်ပေးလျက် ရှိနေပါသည်။

jovial-logo

ဆန်းသစ်လှပပြီးအရည်အသွေးအာမခံ ရွှေထည်၊ စိန်ထည်များ လက်ကားရောင်းချပေးနေပါသည်။ ရွှေထည်များကို တဆင့်ပြန်လည်ရောင်းချချင်သူများ၊ လက်ကားလိုချင်သူများ၊ အထည်ခက်ရန် ပန်းထိမ်အပ်နှံခြင်း၊ Customized Orders များနှင့် ကိုယ်ပိုင် Brand လုပ်ချင်သူများအား Jovial Jewelry မှ အထူးဝန်ဆောင်မှုများ ပေးနေပါပြီ။

win-and-myint-logo

Win & Myint Co., Ltd သည် ပြည်တွင်းနှင့် နိုင်ငံတကာများတွင် စီးပွားရေးလုပ်ငန်းကြီးများကို ကြီးပွားတိုးတက် အောင်မြင်စေရန် ရည်ရွယ်၍ စွန့်ဦးတီထွင်ကုမ္ပဏီတစ်ခုအနေဖြင့် လုပ်ကိုင်ဆောင်ရွက်နေခြင်းဖြစ်ပါသည်။ လက်ရှိ လုပ်ဆောင်လျက်ရှိသော စီမံကိန်းများသည် အဖိုးတန်သတ္တုလုပ်ငန်းမှစ၍ ထောက်ပံ့ပို့ဆောင်ရေးနှင့် ဖြန့်ဖြူးရေးလမ်းကြောင်းများအထိ ရှိပါသည်။ လုပ်ငန်းဆောင်ရွက်ရာတွင်လည်း နည်းစနစ်ကျစွာ လုပ်ကိုင်ဆောင်ရွက်ပေးမှုများကြောင့် လုပ်ငန်းအသီးသီးတွင် အောင်မြင်မှုများစွာ ရရှိစေခဲ့ပါသည်။

hihi-logo

ကျောက်တန်းမြို့နယ်တွင် အဓိကထား ဖြန့်ချီလျက်ရှိသော မြန်မာနိုင်ငံ၏ FDA ရရှိထားသည့် သန့်စင်သော သောက်သုံးရေ လုပ်ငန်းတစ်ခု ဖြစ်ပါသည်။ ရာစုနှစ်များစွာတိုင် အောင်မြင်စွာ ရပ်တည်လုပ်ကိုင်လျက်ရှိပါသည်။ မြန်မာနိုင်ငံ၏ နေရာအနှံ့အပြားတွင် လက်လီ၊လက်ကား ဖြန့်ဖြူးရောင်းချပေးနေသော လုပ်ငန်းတစ်ခု ဖြစ်ပါသည်။