ဆောင်းပါး

ကမ္ဘာ့ရွှေကောင်စီ အကြောင်း

gold council, history of goldsmith, u hton goldsmith, myanmar

ကမ္ဘာ့ရွှေကောင်စီသည် ရွှေစက်မှုလုပ်ငန်း ဈေးကွက်ဖွံ့ဖြိုးရေးအဖွဲ့ ဖြစ်သည်။ ကမ္ဘာ့အကြီးဆုံး ရွှေထုတ်လုပ်သူများ၏  အကျိုးအမြတ်အတွက် မဟုတ်သော အသင်းအဖွဲ့တစ်ခုဖြစ်ပြီး ၎င်းကောင်စီသည် ကမ္ဘာ့ အကြီးဆုံးရွှေတူးဖော်သည့် ကုမ္ပဏီများပါဝင်သော စက်မှုလုပ်ငန်းအားလုံး၏ အစိတ်အပိုင်းများဖြစ်သည့် ရွှေတူးဖော်ခြင်းမှ ရင်းနှီးမြှုပ်နှံမှုအထိ လုပ်ကိုင်သည်။ ဈေးကွက်ရှာဖွေရေး၊ သုတေသနနှင့် စည်းရုံး လှုံဆော်ရေးများမှ တဆင့် ရွှေဝယ်လိုအားကို မြင့်တင်ရန် နက်နဲသောအခန်းကဏ္ဌတစ်ခုအဖြစ် WGC ( World Gold Council ) ကိုတည်ထောင်ခဲ့ခြင်းဖြစ်သည်။ ၎င်းကောင်စီ၏အဓိကရည်ရွယ်ချက်မှာ ရွှေဝယ်လိုအားကို မြင့်တင်ဖို့လှုံဆော်ရန်၊ ရေရှည်တည်တံ့ရန်၊ ရွှေစက်မှုလုပ်ငန်းကို ဦးဆောင်မှုပေး၍ထိန်းသိမ်းရန်နှင့် ရွှေတူးဖော်ခြင်းလုပ်ငန်းများကို ခိုင်မာစေရန်ဖြစ်သည်။ ထို့အပြင် ၎င်းကောင်စီသည် SPDRGLD ကဲ့သို့သော ထုတ်ကုန်အမျိုးမျိုးနှင့် အိန္ဒိယ၊တရုတ်နိုင်ငံတို့တွင်ရွှေစုဆောင်းခြင်းအစီအစဉ်များကိုလည်းစတင်ခဲ့ကြသည်။
ကမ္ဘာ့ရွှေကောင်စီသည် ယူနိုက်တက်ကင်းဒမ်း၊ လန်ဒန်တွင် ရုံးချုပ်ရှိပြီး အိန္ဒိယ၊ တရုတ်၊ စင်္ကာပူနှင့် အမေရိကန်တို့တွင်ရုံးခွဲများရှိသည်။ ဒေးဗစ်ဟာကေးလ်သည် President အသစ်ဖြစ်လာပြီး WGC သည် စီအီးအိုအဖြစ် David Tait အားခန့်အပ်ခဲ့သည်။ ကမ္ဘာ့ရွှေကောင်စီသည် ရွှေစက်မှုလုပ်ငန်းအတွက် ဈေးကွက်ဖွံ့ဖြိုးရေးအဖွဲ့လည်းဖြစ်သည်။ ၎င်းသည် ရွှေစက်မှုလုပ်ငန်းအတွက် သိသာသေ အကျိုးကျေးဇူးများကိုလည်း ပေးစွမ်းနိုင်သည်။

ရွှေဈေးကွက်သည် ဆယ်စုနှစ်နှစ်ခုအတွင်း သိသိသာသာပြောင်းလဲမှုကိုကြုံတွေ့ခဲ့သည်။ ဥပမာအားဖြင့်တရုတ်နိုင်ငံရှိ ရွှေဈေးကွက်အား ဖြေလျော့ပေးခြင်းနှင့် အရှေ့ဘက်တွင်ဝယ်လိုအား လျင်မြန်စွာ မြင့်တက်ခြင်းတို့ဖြစ်သည်။ ကမ္ဘာ့ဈေးကွက်၏ အလွန်အမင်း မသေချာမရေရာမှုနှင့် လျင်မြန်သောပြောင်းလဲမှုများကြောင့် ရင်းနှီးမြှုပ်နှံသူများနှင့် သာမန်အိမ်ထောင်စုများအတွက် ရွှေဈေးကွက်အား စိတ်ချရသောဘဏ္ဌာရေး အနာဂတ်တစ်ခုဖြစ်စေရန် ကမ္ဘ့ရွှေကောင်စီက အဓိက ကာကွယ်ထောက်ပံ့ပေးသည်။ ကမ္ဘာ့ရွှေကောင်စီတွင် အဖွဲ့ဝင် ( 25 ) နိုင်ငံပါဝင်ပြီး အဖွဲ့ဝင်အများစုသည် ကမ္ဘာ့အကြီးဆုံး အနာဂတ်အတွေးအမြင်ရှိသော ရွှေတူးဖော်သည့် ကုမ္ပဏီများစွာလည်းပါဝင်သည်။ သုတေသန၊ ထိုးထွင်းသိမြင်မှုနှင့် ရင်းနှီးမြှုပ်နှံမှု၊ လက်ဝတ်ရတနာ၊ စက်မှုလုပ်ငန်းနှင့် ပညာရပ်ဆိုင်ရာ ခေါင်းဆောင်များနှင့် မိတ်ဖက်ပြုခြင်းဖြင့်ဈေးကွက်အသစ်နှင့် လက်ရှိဈေးကွက်များတွင်ဝယ်လိုအားကို မြင့်တင်ပေးခြင်းဖြင့် အသင်းဝင်များကိုကူညီပေးသည်။
WGC သည် ကမ္ဘာ့နှစ်စဉ်ရွှေသုံးစွဲမှု၏လေးပုံသုံးပုံခန့်ရှိသော ဈေးကွက်များကိုလွှမ်းမိုးမှုရှိသည်။ WGC သည် လက်ရှိရွှေသုံးစွဲမှုကို စောင့်ကြည့်ခြင်းနှင့် ကာကွယ်ခြင်းဖြင့် စက်မှုလုပ်ငန်း၏ အလားအလာရှိသော တိုးတက်မှုကို အမြင့်ဆုံးမြင့်တင်ရန်လည်း တိုးမြင့်ချမှတ် လုပ်‌ဆောင်လျှက်ရှိသည်။ ၎င်းသည် ရွှေအသုံးပြုမှုအသစ် (သို့မဟုတ်) ရွှေပါဝင်သည့် ထုတ်ကုန်အသစ်များ ဖွံ့ဖြိုးတိုးတက်မှုအတွက် သုတေသနကို ကူညီထောက်ပံ့မှုပေးသည်။

WGC သည် ကမ္ဘာ့နှစ်စဉ်ရွှေသုံးစွဲမှု၏ လေးပုံသုံးပုံခန့်ရှိသောဈေးကွက်များကို ဖုံးလွှမ်းထားလျှက်ရှိသည်။ မကြာသေးမီ ဆယ်စုနှစ်များစွာအတွင်း၌ ရွှေထုတ်လုပ်သည့်နိုင်ငံများပိုမိုထွက်ပေါ်လာသည်။ ရလဒ်အနေဖြင့် ရွှေတူးဖော်ခြင်းသည် ပထဝီအနေအထားအရ ပိုမိုတည်ငြိမ်လာပြီး ယနေ့တွင်ထိပ်တန်းရွှေထုတ်လုပ်သည့်နိုင်ငံများမှာ တရုတ်၊ ဩစတေးလျ၊ ရုရှား၊ အမေရိက၊ ကနေဒါ၊  တောင်အာဖရိကနှင့် ပီရူးတို့ဖြစ်သည်။ရွှေသည် ရင်းနှီးမြှုပ်နှံမှုတစ်ခု အနေဖြင့်သာမက အချို့သောကုန်စည်များတွင်လည်း မရှိမဖြစ်ကုန်ကြမ်းအနေဖြင့်အသုံးပြုလျှက်ရှိသည်။ ရွှေသည် လက်ဝတ်ရတနာ၊ အီလက်ထရွန်နစ်နှင့် သွားတုကဲ့သို့သော ငွေကြေးဆိုင်ရာ မဟုတ်သော အသုံးပြုမှုများကြောင့် ၎င်းသည် အမှန်တကယ်လိုအပ်မှုရှိသော ကုန်စည်ဖြစ်သည်ဟု ဆိုနိုင်သည်။ ထို့ကြောင့် အလွန်အကျွံ တူးဖော်မှုကြောင့် ငွေဖောင်းပွမှု မဖြစ်ပေါ်စေရန်သတ္တုတူးဖော်မှုနှုန်းကို WGC က ကန့်သတ်ထားသည်။ ထို့အပြင် WGC သည် ပထမဆုံးရွှေလဲလှယ်ရေး ရန်ပုံငွေကိုဖန်တီးသူဖြစ်သည်။ အပြန်အလှန်လဲလှယ်သောကုန်သွယ်ရေး ရံပုံငွေ သို့မဟုတ် ETF (Exchange Trade Fund) သည် အညွှန်းကိန်း၊ ကုန်စည်၊ ငွေချေးစာချုပ်များ၊ နှစ်ဦးနှစ်ဖက် အကျိုးတူရံပုံငွေနှင့် မတူဘဲ စတော့အိတ်ချိန်းတွင် သာမန်စတော့ရှယ်ယာတစ်ခုကဲ့သို့ကုန်သွယ်သည်။ ရွှေကျွမ်းကျင်သူများသည် Gold ETF များကို စီမံခန့်ခွဲကာ အပြုသဘောဆောင်သောရင်းနှီးမြှုပ်နှံမှုဖြစ်နိုင်ခြေကို တိုးပွားစေသည်။
မည်သို့ပင်ဖြစ်စေ WGC သည် တစ်ကမ္ဘာလုံးနှင့် ဆိုင်သော အဖွဲ့အစည်းတစ်ခုဖြစ်သည်နှင့်အညီ ရွှေဈေးကွက်အားပိုမိုခိုင်မာ၍ မြင့်မားသောဈေးကွက်တစ်ခု ဖြစ်စေရန်နှင့် ရွှေဈေးကွက်အပေါ် ရင်းနှီးမြှုပ်နှံလာသူများအတွက် အကျိုးရှိသော နယ်ပယ်တစ်ခုအဖြစ်သိသာစေရန် WGC က ဆောင်ရွက်ပေးလျှက်ရှိသည်။ ယခုတင်ပြပေးခဲ့တဲ့ အကြောင်းအရာလေးကတော့ ကမ္ဘာ့ရွှေကောင်စီအဖွဲ့၏ ရည်မှန်းချက်၊ ရည်ရွယ်ချက်နှင့် လုပ်ဆောင်ချက်များကိုစိတ်ဝင်စားဖွယ် ဗဟုသုတရဖွယ် အချက်အလက်လေးများအနေနဲ့ လေ့လာတွေရှိချက်များကို အခြေခံပြီး မျှဝေပေးခဲ့ခြင်းပဲဖြစ်ပါတယ်။