ပြည်တွင်းသတင်း

Omicron အိုမီခရွန်အကြောင်းသိကောင်းစရာ

Omicron

မြန်မာနိုင်ငံမှာ လတ်တလော Omicron ( အိုမီခရွန် ) ဆိုသည့် ပိုးအသစ် ကူးစက်မှု တွေ့ရှိမှုနှုန်း များပြားလာခြင်း တွေ့ရပါသည်။ သို့သော် Omicron သည် Covid 19 ရောဂါပိုးမွှားကဲ့သို့ ပြင်းထန်မှု မရှိသော်လည်း ကိုယ်ခံအားနည်းသူအတွက် အသက်အန္တရာယ် ဆုံးရှုံးနိုင်သည်အထိ အကျိုးသက်ရောက်နိုင်ကြောင်း နိုင်ငံတကာတွင် ဖော်ပြလာကြပါသည်။

မျိုးရိုးဗီဇ ပြောင်းလဲလာသည်နှင့်အမျှ ကာကွယ်ဆေးများ၏ ရောဂါပိုးများကို ခုခံနိုင်စွမ်းသည်လည်း ပိုမို အဆင့်မြင့်မားလာကြပါသည်။ အဆင့်မြင့်မားလာသည့် ကာကွယ်ဆေးများအနက် Omicron ပိုးမွှားအား ကာကွယ်နိုင်ရန် ပိုမိုကောင်းမွန်လှသည့် ကာကွယ်ဆေးများအား ထပ်မံထုတ်လုပ်နိုင်ရန် ကြိုးပမ်းနေကြပါပြီ။ ပိုမို ကောင်းမွန်လှသည့် ကာကွယ်ဆေး မထွက်ပေါ်လာခင် လတ်တလော ရှိရင်းစွဲ ကာကွယ်ဆေးများသာ အသုံးပြုပြီး ခုခံအားပိုမိုကောင်းမွန်စေရန် အမျိုးအစားမတူသည့် ကာကွယ်ဆေးများကိုသာ ရောစပ်၍ ထိုးနှံခြင်းမျိုး ရှိလာပါသည်။

🛑 ပထမဦးစွာ Omicron ဆိုသည့် မျိုးကွဲအသစ်အား ဘယ်လိုကာကွယ်ကြမလဲ ?

Omicron ဆိုသည်မှာ Covid ဗိုင်းရပ်စ် မျိုးကွဲအသစ် တစ်ခုပင် ဖြစ်ပါသည်။ Omicron ကာကွယ်နိုင်ရန် Covid ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားဖို့သည်သာ အခရာပါ။ ကာကွယ်ဆေးနှစ်ကြိမ် ထိုးထားသော်လည်း Omicron မကာကွယ်နိုင်ပါဟု မည်သို့ ပြောဆိုနေကြပါစေ ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားဖို့သည် မဖြစ်မနေ လိုအပ်ပါသည်။ ထို့ကြောင့် ကာကွယ်ဆေး နှစ်ကြိမ် ပြည့်ရန် အရင်ဆုံး ထိုးဖို့ လိုအပ်ကြောင်း အထူးပင် အရေးကြီးလှပါသည်။

🛑 ကာကွယ်ဆေးများ ပေါင်းစပ်ထိုးခြင်းဆိုသည်မှာ မည်သို့ပင်နည်း ?

ကာကွယ်ဆေးများ ပေါင်းစပ်ထိုးခြင်းဆိုသည်မှာ ပထမအကြိမ်နှင့် ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေး ထိုးရာတွင် အမျိုးအစား မတူ ထိုးတာမျိုးသော်လည်းကောင်း၊ Booster ဟုဆိုသည့် တတိယအကြိမ်တွင် ထပ်မံထိုးရသည့် ကာကွယ်ဆေး အမျိုးအစား မတူခြင်း ထိုး၍ ‌သော်လည်းကောင်း ထိုသို့သော် အမျိုးအစားမတူသည့် ကာကွယ်ဆေးများ ထိုးခြင်းသည် ထိရောက်မှုရှိ၊ မရှိ လေ့လာချက်များစွာ ပြုလုပ်နေကြပါသည်။ လက်ရအခြေအနေတွင် တရားဝင်အရ ထိုးခွင့်ပြုထားခြင်းသည် အမျိုးအစားတူသော ကာကွယ်ဆေးများကိုသာ အသုံးပြုခွင့် ရှိနေပါသည် ။

🛑 ကာကွယ်ဆေး မတူတာမျိုး ထိုးမိခဲ့လျှင် မည်သည့် အကျိုးသက်ရောက်မှုမျိုး ဖြစ်လာနိုင်မည်နည်း ?

ကာကွယ်ဆေးများ အလုံအလောက် မရရှိနိုင်သည့် ဒေသများအနေနှင့် အမျိုးအစားမတူသော ကာကွယ်ဆေးများ ထိုးခြင်း ခွင့်ပြုထားပါသည်။ လေ့လာတွေ့ရှိချက်အရ ဘေးထွက်ဆိုးကျိုးများအနေဖြင့် ဖျားခြင်း၊ အဆစ်အမြစ်ရောင်ရမ်းခြင်းများ ခံစားကြရပါသည်။ အမျိုးအစားမတူသော ကာကွယ်ဆေးများထိုးခြင်းသည် ခုခံအား ပိုမိုကောင်းမွန်ပြီး ကာကွယ်ဆေး၏ အာနိသင်ပိုမို‌ ကောင်းမွန်ခြင်းကိုလည်း လေ့လာတွေ့ရှိရပါသည်။ လက်ရှိအခြေအနေတွင် ကာကွယ်ဆေး ရောထိုးခြင်းကို off-label use အနေအထားမျိုးဖြင့် ထိုးကြသည် ဖြစ်သည်။ အကယ်၍ မတူသော ကာကွယ်ဆေးများ ရောစပ်ထိုးမည်ဆိုပါက ဆရာဝနနှင့် တိုင်ပင်ရန် အထူးအရေးကြီးလှပါသည်။ ဆရာဝန်၏ ခွင့်ပြုချက်ရမှသာ ရောစပ်ထိုးသင့်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် ရပ်ကွက်တွင် ထိုးပေးသော ကာကွယ်ဆေးများသည် များသောအားဖြင့် တူသော ကာကွယ်ဆေးများကို ထိုးပေးကြပါသည်။ ရောစပ်ထိုးစပ်ခြင်းသည် အန္တရာယ်စိုးရိမ်ရသည့်အထိ ဖြစ်ခြင်းမျိုး မတွေ့ရှိရသေးပါ။

🛑 အမျိုးအစား မတူတာ ထိုးမည်ဆိုပါက မည်သည့်အမျိုးအစား ထိုးရမည်နည်း ?

မြန်မာနိုင်ငံတွင် ရရှိနိုင်သည့် ကာကွယ်ဆေးများနှင့် ဥပမာပြု၍ Sinopharm/ Sinovac/ Covaxin ထိုးထားသည့့် သူများအနေဖြင့် Covishield ထိုးနိုင်ပါသည်။ ( အနောက်နိုင်ငံတွေများအနေဖြင့် AstraZeneca, Janssen, Moderna, Pfizer များ ထိုးနှံလို့ ရနိုင်ပါသည်။ ) Covishield ထိုးထားသူများအနေဖြင့် Moderna, Pfizer များ ထိုးနိုင်ပါသည်။ သို့သော် မြန်မာနိုင်ငံတွင် ထိုအရာများ မရရှိနိုင်သည့်အတွက် Covishield သာ ပြန်လည်ထိုးနှံလို့ ရနိုင်ပါသည်။ ( Covishield နှင့် Sinopharm/ Sinovac/ Covaxin များ ရောထိုးသည့်အခါ ထူးခြားသည့် အာနိသင်မရှိဟု ဆိုနိုင်ပါသည်။) Moderna, Pfizer ထိုးထားသည့်အခါ ၎င်းသာ ပြန်လည်ထိုးနှံနိုင်ပါသည်။ ပေါင်းစပ်ထိုးနည်းများသည် ပထမအကြိမ်နှင့် ဒုတိယအကြိမ်တွင် ရောစပ် ထိုးနိုင်သလို ထပ်ဆောင်းထိုးမည်ဆိုပါက ထိုးနိုင်ပါသည်။

🛑 ကာကွယ်ဆေးများ ထိုးလျှင် မည်သည့်က အကောင်းဆုံးနည်းလမ်း ဖြစ်မည်နည်း?

ကာကွယ်ဆေး နှစ်ကြိမ်လုံး ထိုးသည့်အခါ တူတာ ရနိုင်လျှင် ထိုးပါ။ မရနိုင်၍ ရွေးရမည်ဆိုပါက အပေါ်တွင် ဖော်ပြပါ နည်းလမ်းအတိုင်း တွဲထိုးပါ။ ( အမျိုးအစား မတူသည်ကို ထိုးမည်ဆိုပါက ဆရာဝန်နှင့် အရင်တိုင်ပင်ပါ။ ) ထပ်ဆောင်းကာကွယ်ဆေး Booster တတ်နိုင်လျှင် မတူသည်ကိုသာ ထိုးပါ။ မြန်မာနိုင်ငံအတွက် တရုတ်ဆေး 2 မျိုးနှင့် Covaxin ထိုးထားလျှင် Covidshield ထပ်ထိုးပါ။ Covidshield ဆိုရင်တော့ Covishield သာ ပြန်ထိုးနိုင်ပါသည်။ မတူတာကို မရနိုင်ဘူးဆိုပါက ရှေ့နှစ်ခေါက်တွင် ထိုးသည့် ဆေးအမျိုးအစားအား ထပ်ထိုးနိုင်ပါသည်။ ကျဆင်းလာတဲ့ ခုခံအားသည်လည်း ပြန်တက်နိုင်စေပါသည်။

🛑 ကိုဗစ် 19 ဗီဇပြောင်းမျိုးကွဲဖြစ်သည့် Omicron (အိုမီခရွန်) ရောဂါအား မည်သို့ ကာကွယ်နေထိုင်သင့်သနည်း?

– တစ်ဦးနှင့်တစ်ဦး ၆ပေအကွာတွင်သာ နေထိုင်ရန်

– နှာခေါင်းစည်း Mask တပ်ပြီးမှသာ တစ်ဦးနှင့် တစ်ဦး စကားပြောဆိုရန်

– နှာချေး၊ ချောင်းဆိုးလျှင် လက်ဖမိုးနှင့် တံတောင်တို့အား အကာအကွယ်ယူပြီးမှသာ လုပ်ဆောင်ပါရန်

– လေဝင်လေထွက်ကောင်းမွန်စွာ ရရှိစေရန်နှင့် အိမ်ရှိ တံခါးများအား ဖွင့်ပေးထားရန်

– လက်ကိုစက္ကန့် ၂၀ မျှကြာအောင် ပစ္စည်းများ ကိုင်တွယ်ပြီးတိုင်း သေချာပွတ်တိုက်စွာ ဆေးကြောပေးရန်

– မလိုအပ်ဘဲ အပြင်များ သွားလာခြင်းမှ ရှောင်ကြဉ်၍ အထူးဂရုတစိုက် အိမ်မှာနေရန်

– လူထူထပ်သော လူစုလူ‌ဝေးများအား ရှောင်ရှားရန်နှင့်

– Omicron (အိုမီခရွန်) ရောဂါလက္ခဏာ ခံစားရလျှင် နီးစပ်ရာ ဆေးရုံ, ဆေးခန်း ကျန်းမားရေးဌာနများသို့ အမြန်ဆုံး သွားရောက်၍ ကုသ အကြောင်းကြားရန်တို့ပင် ဖြစ်ပါသည်။

Booster (ခေါ်) ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံသည့်အခါ ဘယ်လိုအာနိသင်များခံစားရမလဲ ?

ကိုဗစ်ကာကွယ်ဆေးထိုးပြီးလျှင် ကိုယ်လက်ကိုက်ခဲ၍ လက်မောင်းနာကျင်ခြင်းနှင့် နှာစေးချောင်းဆိုသည့်လက္ခဏာများနှင့် ချမ်းတုန်ခြင်းများ ဖြစ်နိုင်ပါသည်။

Omicron (အိုမီခရွန်) ရောဂါလက္ခဏာ ခံစားလာရပါက –

ကိုယ်လက်ကိုက်ခဲခြင်း၊

ပါးစပ် အရသာပျက်၍ အစားအစာ စားချင်စိတ်မရှိခြင်း၊

နှာချေ၊ ချောင်းဆိုးခြင်း

အားအင်ကုန်ခမ်း၍ ပင်ပန်းနွမ်းနယ်မှုများ ခံစားရစေခြင်း

လည်ချောင်းယားယံ၍ ခေါင်းကိုက်ခြင်းနှင့်

ညအချိန်အခါတွင် ချွေးထွက်များ၍ နုံးနယ်သလို ခံစားရခြင်း စသည့် လက္ခဏာများ ဖြစ်ပေါ်နိုင်ပါသည်။

ဖော်ပြထားသောအရာများထဲမှ ၂ ခုနှင့်အထက် ရောဂါလက္ခဏာများ ခံစားရပါက လူထူထပ်သော လူစုလူဝေးနေရာများသို့ သွားလာခြင်းကို ရှောင်ကြဉ်၍ အိမ်တွင်း နေထိုင်ချိန်၌လည်း Mask တပ်ထားခြင်းသော်လည်းကောင်း၊ ကာကွယ်ဆေးထိုး၍ ကြိုတင်ကာကွယ်ခြင်းဖြစ်သော်လည်းကောင်း ရောဂါကာကွယ်မှုများ ပြုလုပ်နိုင်ပါသည်။