ရွှေအကြောင်းသိကောင်းစရာ

စားသုံးနိုင်သောရွှေအကြောင်း

Edible Gold

မြန်မာနိုင်ငံတွင် ရွှေအထည်ပစ္စည်းများကို လက်ဝတ်ရတနာအဖြစ် လူအများ ဝတ်ဆင်အသုံးပြုကြပါသည်။ နိုင်ငံအတွင်း အစားအစာနှင့် အလှအပအနေဖြင့် သုံးစွဲခြင်းသည် နည်းပါးလျက် ရှိနေပါသေးသည်။ အစားအစာအဖြစ် သုံးစွဲလေ့ရှိသော ရွှေအမျိုးအစားကို “Edible Gold” ဟု နာမည်တွင်ပါသည်။ ၎င်းသည်  သန့်စင်သော ရွှေအမျိုးအစားဖြစ်ပြီး၊  24K, 23K မှ ရရှိသည့် အမျိုးအစားတစ်မျိုးဖြစ်ပါသည်။ မြန်မာနိုင်ငံအတွင်းတွင် ဘုရားဆင်းတုတော်၊ စေတီများသို့ ကပ်လှူပူဇော်လေ့ရှိသည့် ရွှေသင်္ကန်းစာရွက် အမျိုးအစားနှင့် တူပါသည်။

Edible Gold ကို လွန်ခဲ့သော နှစ်ပေါင်း 5000 လောက်က အီဂျစ်နိုင်ငံတွင် အကျယ်အဝန်း သုံးစွဲခဲ့ကြပါသည်။ အီဂျစ်လူမျိုးများသည် စိတ်ပိုင်းဆိုင်ရာ ကုသခြင်း, ဘုရားသခင်အလိုတော်အရ ခန္ဓာကိုယ်နှင့် ဝိညာဥ်သန့်စင်ရာတွင် အသုံးပြုခဲ့ကြသည်။ ရှေးယခင် အီဂျစ်လူမျိုးများ  သုံးစွဲခဲ့သည်သာမက ဂျပန်, တရုတ်နှင့် အိန္ဒိယနိုင်ငံများတွင်လည်း သုံးစွဲခြင်းကို တွေ့ရှိနိုင်ပါသည်။

Edible Gold သည် ပညာရှင်များက အဆင့်ဆင့် အကဲဖြတ် စစ်ဆေးထားသော အရာဖြစ်ပြီး၊ နိုင်ငံအနှံ့ စားသုံးမှု ကျယ်ပြန့်လာသော ရွှေအမျိုးအစားတစ်မျိုး ဖြစ်ပါသည်။ ယင်းကို ရွှေသစ်ရွက်ပုံစံလေးဖြင့် ပြုလုပ်ထားလေ့ရှိပြီး “Edible gold leaf” ဟု ခေါ်တွင် ရောင်းချလျက်ရှိသည်။ Edible Gold Leaf  ၂မျိုးရှိသည့်အနက် Loose Leaf သည် သကြားလုံးကဲ့သို့သော သေးငယ်သည့် အစိတ်အပိုင်း နေရာမျှကိုသာ အလှဆင်နိုင်ခြင်းဖြစ်ပြီး၊  Transfer Leaf သည် ကိတ်များကဲ့သို့ မျက်နှာပြင်ကျယ်ကျယ်ရှိသည့် အရာများကို အသုံးပြုနိုင်သော အရာဖြစ်ပါသည် ။ မကြာမီ ရှာဖွေတွေ့ရှိချက်အရ ရွှေအရွက်သည် ၉၀ ရာခိုင်နှုန်း သန့်စင်သောရွှေ ဖြစ်ပါသည်။ သို့သော် အခြားသော ၁၀ ရာခိုင်နှုန်းမှာ ပုံမှန်အားဖြင့် ငွေစင်ကဲ့သို့ သန့်ရှင်း လုံခြုံသော သတ္တုတစ်မျိုးနှင့် ပေါင်းစပ်ထားသော အရာဖြစ်ပါသည်။ သိပ္ပံနည်းကျအရ ရွှေသည် ကြံ့ခိုင်ပြီး အလွယ်တကူမပြိုကွဲနိုင်ပါ။ သို့သော် ကျွမ်းကျင်သူများအဆိုအရ စင်ကြယ်သည့် စားသုံးနိုင်သောရွှေများ ( Edible Gold ) သည် မပြိုကွဲဘဲ သွေးကြောထဲသို့ ပျော်ဝင်ပါသည်။ ထို့ကြောင့် ခန္ဓာကိုယ်မှ  စွန့်ပစ်ပစ္စည်းအဖြစ် ပြန်လည်စွန့်ပစ်နိုင်ပေသည်။

ယင်းအရွက်လေးတွေဟာ တစ်မီလီမီတာအထူ ၁/၈၀၀၀ ခန့် အတိုင်းအတာသို့ ရောက်ရန် လိုအပ်ပါသည်။ သန့်စင်သော ရွှေ ( 24K, 23K  )တို့ဖြင့် ပြုလုပ်ထားခြင်းဖြစ်သော်လည်း လက်ဝတ်ရတနာများတွင် ပါဝင်သော ရွှေအမျိုးအစားကဲ့သို့ မတူချေ။ သတ်မှတ်နှုန်းထက်ပို၍ တခြားသတ္တုများ ရောနှောထားပါက စားသုံးသည့်အခါ အဆိပ်အတောက်ဖြစ်စေနိုင်ပါသည်။

Edible Gold ကို နေရာအနှံ့အပြား အသုံးပြု ကျယ်ပြန့်လာခဲ့ကြပါသည်။ ၎င်းကို အမှုန့်ဖြူးခြင်း , အမှုန့်ကပ်ခြင်းနှင့် အရွက်လေးများကဲ့သို့ အလှဆင်ခြင်းများ ပုံဖော်လာကြပါသည်။ ထို့အပြင် အရသာပါဝင်မှု မရှိသော်လည်း ဈေးတန်ဖိုးများသောကြောင့် လူအများ၏ ဇိမ်ခံပစ္စည်းတစ်ခုအနေဖြင့်သာ သုံးစွဲလာကြပါသည်။ အစားအစာများတွင် ရေခဲမုန့်၊ အကင်များ၊ ကွတ်ကီး၊ ကိတ်မုန့်များ၊ ဟင်းလျာ၊ အချိုပွဲ၊ ဆူရှီ၊ ခေါက်ဆွဲ၊ ကော့တေး၊ ဝိုင်နှင့် ယမကာ စသည်တို့တွင် ပုံဖော် စားသုံးလာကြသည်။ အလှအပရေးရာများတွင်လည်း Face Mask၊ Treatment များပြုလုပ်ခြင်းနှင့် အလှကုန်ပစ္စည်းများ ထုတ်ဖော်ရာတွင် အသုံးပြုသည်။

Edible gold ကို Food Standard နဲ့ အညီ ပြုလုပ်ထားခြင်းဖြစ်ပြီး သန့်စင်ထားသည့်အပြင် ခန္ဓာကိုယ်အတွက် ရောဂါများကိုလည်း ရှောင်ကြဥ်ပေးသည်။ သွားတု ပြုလုပ်ခြင်းနှင့် သွားနှင့်ခံတွင်း အလှဆင်ပစ္စည်းအဖြစ်လည်း သုံးစွဲကြသည်။ ရောဂါကာကွယ်ခြင်းအနေဖြင့်လည်း အဆစ်နာကုသခြင်း၊  စိတ်ကျန်းမာရေးနှင့် အာရုံကြောဆိုင်ရာ ရောဂါများဖြစ်သော စိတ်ကျရောဂါ၊ ဝက်ရူးပြန်ရောဂါနှင့် ခေါင်းတစ်ခြမ်းကိုက် ခေါင်းကိုက်ခြင်းရောဂါအပြင် အာရုံစူးစိုက်မှုနှင့်သတိတရားကို ကာကွယ်ပေးစေနိုင်ပါသည်။ ကျန်းမာရေးအတွက်လည်း အကျိုးရှိစေသည်ဟု လူအများ ယုံကြည်ထားကြပါသည်။ Edible Gold ရွှေသည် ဆေးဝါးများ၏ တက်ကြွစေသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အများအားဖြင့် ရောင်ရမ်းမှုကို လျှော့ချရန်နှင့် အလုံးစုံကျန်းမာရေးကို မြှင့်တင်ရန် ထိထိရောက်ရောက် လုပ်ဆောင်ပေးသော အရာပင်ဖြစ်ပေသည်။ ဒီကနေ့ တင်ဆက်ပေးခဲ့သော စားလို့ရနိုင်တဲ့ ရွှေအကြောင်းကို ဦးထုံရွှေလက်တွဲဖော် Customers များအနေနဲ့ ဗဟုသုတဖြစ်ဖွယ် ကျန်ရှိနေမယ်လိမ့်လို့ ယုံကြည်ရင်းဖြင့် နောက်အပတ်မှာလည်း တစ်ခြားဗဟုသုတ ဖြစ်ဖွယ်များကို တင်ဆက်ပေးရန် အစဉ်ကြိုးစားလျက်ပါ ခင်ဗျာ… သာယာသောနေ့ရက် ဖြစ်ပါစေ ခင်ဗျာ….