Lifestyle, စိန်အကြောင်းသိကောင်းစရာ, ဆောင်းပါး

မိန်းကလေးတွေအတွက် စိန်ဆိုတဲ့အရာဟာ

Women & Diamond

သင်ဟာ ကျောက်မျက်ရတနာတွေကို ချစ်မြတ်နိုးတယ်ဆိုရင် ဒီစာလေးကို အဆုံးထိ ဖတ်ဖို့ ပြောပါရစေနော် . . . တောက်ပတဲ့ ကျောက်မျက်ရတနာတွေဟာ မြင်ရတဲ့သူတွေကို လိုချင်စိတ်တွေ ဖြစ်လာစေနိုင်ပြီး စိတ်ကိုလည်း ရွှင်လန်းစေပါတယ်။ အထူးသဖြင့်တော့ စိန်ဆိုတဲ့အရာဟာ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ လူအများမြတ်နိုးရပြီး မိန်းကလေးတွေကို လက်ဆောင်ပေးမယ်ဆိုရင်လည်း အကောင်းဆုံး ဇိမ်ခံပစ္စည်းတစ်ခုလိုမျိုး ဖြစ်စေတဲ့ အထူး လက်ဆောင်ပဲ ဖြစ်ပါတယ်။

မိန်းကလေးတွေအတွက် စိန်ဆိုတဲ့အရာဟာ . . .

စိန်ဆိုတာဟာ မိန်းကလေးတွေအတွက်တော့ ချစ်ခင်တွယ်တာမှုကို ပြသပေးတဲ့ အမှတ်အသား တစ်ခုပါ။ မိန်းကလေးတစ်ယောက်ကို သင်ဟာ “စိန်” လက်ဆောင်ပေးတဲ့အခါမှာ ထိုစိန်နဲ့ အတူ အဲ့ဒီမိန်းကလေးဟာ သူ့ကိုတန်ဖိုးကြီးလက်ဆောင်ပေးခဲ့ဖူးတဲ့ သင့်ကို အမြဲအမှတ်တရ ရှိနေမှာပါ။ အဆိုစကားတွေအရဆိုရင် သင်ဟာသင်ချစ်တဲ့မိန်းကလေးကို ” စိန် ” လက်ဆောင်ပေးခြင်းဟာ ” သင်သူ့ကို တစ်ကယ်ချစ်တယ် ” ဆိုတာကို သက်သေပြလိုက်တာပါပဲ။ စိန်တွေမှာ အရောင်၊ ပုံသဏ္ဍန်တွေ အမျိုးမျိုးကွဲပြားတာကြောင့် ဒီလိုကွဲပြားခြားနားမှုတွေကိုလည်း ရွေးချယ်ရပါတယ်။ မိန်းကလေးတွေဟာလည်း ရွေးချယ်ရခြင်းကို နှစ်သက်တတ်ကြပါတယ်။ နောက်တစ်ချက်ကတော့ မိန်းကလေးတွေဟာ အရောင်တောက်ပမှုတွေကို နှစ်သက်ခြင်းဟာ စိန်ကို ကြိုက်ရခြင်းရဲ့ အချက်ဆိုလည်း မမှားပါဘူး။ တစ်နည်းအားဖြင့် ပြောရရင်တော့ “စိန်” ဆိုတာဟာ မိန်းကလေးတွေအတွက် “Best Friend Forever(BFF)” လို့ ပြောလို့ရတာပေါ့။

စိန်နဲ့ပတ်သက်ပြီး သူတို့ပြောခဲ့တာလေးတွေက . . . Nicole Richie ရဲ့ စကားလေးတစ်ခွန်းလိုပေါ့။ “True Friends are Like Diamonds” စစ်မှန်တဲ့သူငယ်ချင်းတွေဟာ စိန်တွေနဲ့တူပါတယ်။ စိန်တွေလိုပဲ တောက်ပတယ်၊ လှပတယ်၊ တန်ဖိုးရှိတယ်၊ သူတို့မှာ အမြဲတမ်း သူမတူတဲ့ စတိုင်လ်တစ်ခုရှိနေတတ်တယ်တဲ့။ Lebo Grand ပြောခဲ့တာလေးလည်း သဘောကျမိသေးတယ်။ တစ်ကယ်လို့ မိန်းကလေးတွေသာ စိန် (သို့မဟုတ်) ရွှေဖြစ်နေမယ်ဆိုရင် ယောကျာ်းလေးတွေဟာ အဲ့ဒါတွေကိုဖန်တီးတဲ့ လက်ဝတ်ရတနာဒီဇိုင်နာတွေပေါ့တဲ့။ ပြောချင်တာက မိန်းကလေးတွေက စိန်လေးယူရမလား ရွှေလေးယူရမလား ပြောလိုက်တာနဲ့ ဝယ်ပေးဖို့ အသင့်ဖြစ်နေတာမျိုးပေါ့ . . .

Shirley Bassey ပြောသလို . . . Diamonds Never Lie to Me – စိန်တွေဟာ ကျွန်မတို့ကိုဘယ်တော့မှမလိမ်ပါဘူး။ လူတွေကသာ ကျွန်မတို့ကို အတုအယောင်တွေနဲ့ ချစ်ချင်ယောင်ဆောင်ပြီး လိမ်နိုင်ပေမယ့် စိန်တွေဟာ ကျွန်မတို့ကိုမလိမ်ပါဘူး။ ကျွန်မတို့က သူတို့ကို မချစ်တော့သည့်တိုင်အောင် သူတို့ကတောက်ပနေဦးမှာပါ။ စိန်ဟာ မိန်းကလေးတွေအတွက် ဘယ်အတိုင်းအတာထိ အသက်ဝင်နေလဲဆိုတာ  ပြောပြပေးခဲ့ပါပြီနော်။ စိန်နဲ့ မိန်းကလေးတွေကြားက ပတ်သက်ဆက်နွယ်နေတဲ့အကြောင်းလေးတွေကိုလည်း ပိုပြီးသိရှိသွားလိမ့်မယ်လို့ မျှော်လင့်ပါတယ် . .