ကျောက်မျက်အကြောင်းသိကောင်းစရာ, ဆောင်းပါး, ပညာရေး, မွေးနေ့ကျောက်

မွေးနေ့ကျောက် (ခေါ်) Birthstone လေးများအကြောင်း

birthstone, u hton, myanmar jewelry

သင့်ရဲ့ Lucky Birthstone လေးတွေက ဘာတွေများလဲ ?

ကိုယ်မွေးဖွားတဲ့ လအလိုက် ကိုယ့်အတွက် ကံကောင်းခြင်းတွေ ယူဆောင်လာပေးမယ့် Birthstone လေးတွေ ရှိတယ်ဆိုတာ သင့်လက်ခံမလား? အဓိကအားဖြင့်တော့ Birthstone လေးတွေဟာ ကိုယ်ကို ကျန်းမာစေဖို့၊ ရောဂါတွေရန်မှ ကုသကာကွယ်နိုင်စွမ်းရှိတဲ့ ကုထုံးတစ်ခုအနေနဲ့ ဒဏ္ဌာရီပုံပြင်နဲ့၊ ယုံတမ်းစကားတွေအရ စတင်ပြီး လူတွေရဲ့ ယုံကြည်မှုအဆောင်တစ်ခုဖြစ်ခဲ့တယ်လို့ ရှေးခေတ်နှစ်ပေါင်းများစွာတည်းက သု‌တေသနပညာရှင်တွေက ဆိုခဲ့ကြပါတယ်။

သင့်ရဲ့မွေးဖွားတဲ့ မွေးလအလိုက် Birthstone လေးတွေဟာ လအလိုက် ကွဲပြားစွာ ရှားပါးပြီး ထူးခြားသော ကျောက်မျက်ရတနာများ အဖြစ် တည်ရှိနေပါတယ်။ အရင်တုန်းကလို ကျန်းမာရေးကောင်းဖို့ သက်သက်မဟုတ်တော့ဘဲ ကိုယ့်ရဲ့ ကံကောင်းစေမှု၊ အလုပ်အကိုင်စီးပွားရေး အဆင်ပြေစေမှု၊ မေတ္တာရေးနဲ့ ကျက်သရေဝေဖြာစေမှု စတဲ့ အရာရာခပ်သိမ်းနဲ့လဲ ပတ်သက်ဆက်နွယ်မှု ရှိနေပါသေးတယ်။သာမန်အားဖြင့် ဆိုရင်တောင်မှ ကျောက်မျက်ရတနာလေးတွေမှာ မူလအခြေခံအရည်အသွေး ဂုဏ်သတ္တိ (၄) ရပ်ရှိပါတယ်။ အဲ့ဒါတွေကတော့ Beauty (လှပခြင်း)၊ Durability (ခိုင်ခံခြင်း)၊ Rarity (ရှားပါးခြင်း) နှင့် Natural (သဘာဝဖြစ်ခြင်း) ဆိုတဲ့ အရည်အချင်းဂုဏ်သတ္တိတွေနဲ့ ပြည့်ဝပြီးသားမို့ လူတွေဟာ တန်ဖိုးထားပြီး မိမိခန္ဓာကိုယ်ပေါ်မှာ ခေတ်နဲ့အညီ ဒီဇိုင်းအမျိုးမျိုးတီထွင်ပြီး တန်ဖိုးထား ဆင်ယင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုတန်ဖိုးရှိလှတဲ့ ကျောက်မျက်ရတနာလေးတွေကို ကိုယ့်ရဲ့ မွေးလအလိုက် မိမိကိုယ်ပေါ်မှာ ရွေးချယ်ဆင်ယင်မယ်ဆို ပိုပြီး အဓိပ္ပါယ်ပြည့်ဝသွားစေမှာမို့ လတစ်လချင်းစီအလိုက် သင့်တော်မယ့် Birthstone လေးတွေကို အောက်မှာ မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

January (ဇန်နဝါရီ) – Garnet (ဥဒေါင်းကျောက်)
February (ဖေဖော်ဝါရီ) – Amethyst (ခရမ်းစွဲ)
March (မတ်) – Aquamarine (မြပြာ)
April (ဧပြီ) – Diamond (စိန်)
May (မေ) – Emerald (မြ)
June (ဇွန်) – Pearl (ပုလဲ)
July (ဇူလိုင်) – Ruby (ပတ္တမြား)
August (ဩဂုတ်) – Peridot(ပြောင်‌ဂေါင်းစိမ်း)၊ Spinel (အညံ့ပန်း)
September (စက်တင်ဘာ) – Sapphire (နီလာ)
October (အောက်တိုဘာ) – Opal (ရွဲ)
November (နိုဝင်ဘာ) – Citrine (သလင်းဝါ) ၊ Topaz (ထပ်တရာ)
December ( ဒီဇင်ဘာ ) – Zircon (ဂေါ်မိတ်)

မိမိကိုယ်ကို ချစ်မြတ်နိုးမှုနဲ့ ကိုယ်နဲ့ သင့်တော်မယ့် ကျောက်မျက်ရတနာလေးတွေကို ဆင်ယင်ဖို့ ရွေးချယ်ပြီးပြီဆိုရင် မိမိရဲ့ ချစ်မြတ်နိုးရတဲ့မိသားစု၊ သူငယ်ချင်း၊ အိမ်ထောင်ဖက်၊ ချစ်ရတဲ့သူတွေကိုလဲ သူတို့ရဲ့မွေးလအလိုက် Birthstone လေးတွေကို ကူညီရှာဖွေပေးပြီး မိမိရဲ့ ချစ်ခြင်းမေတ္တာလေးတွေကို ပြသဖို့ မမေ့ကြပါနဲ့ဦးနော်။ ကျောက်မျက်ရတနာလေးတွေရဲ့ တန်ဖိုးထက်ပိုတဲ့ ကိုယ်ရဲ့စေတနာတွေ ပြသဖို့အတွက် Birthstone လေးတွေက အကောင်းဆုံးလက်ဆောင်တစ်ခုဆိုတာ အသေချာဆုံးပဲမလား။